ရီးရဲလ်က စီးတီးနဲ့ ချဲလ်ဆီးတို့လို အဆင့်မျိုးမရှိဘူးလို့ ကာရေဂါ သုံးသပ်

လီဗာပူးဂန္ထဝင်နောက်ခံလူ ကာရေဂါက

အသင်းဟောင်းရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ
ပြိုင်ဘက် ရီးရဲလ်ဟာ ချဲလ်ဆီးနဲ့မန်စီးတီးတို့လို
အဆင့်မျိုးမရှိဘူးလို့ အခိုင်အမာပြောပါတယ်။
ရီးရဲလ်ဟာ ချန်ပီယံလိဂ်မှာ ၁၄ကြိမ်မြောက်
ဗိုလ်စွဲနိုင်ရေးအတွက် ယနေ့ညမှာ

လီဗာပူးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး
ဗိုလ်လုပွဲတက်ရာလမ်းကြောင်းမှာ
ပီအက်စ်ဂျီ၊ လက်ရှိချန်ပီယံ ချဲလ်ဆီးနဲ့
ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးကို
ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပါတယ်။

ဒါပေမဲ့ ကာရေဂါကတော့
တကယ်ဆို ချဲလ်ဆီးနဲ့ မန်စီးတီးတို့က
ရီးရဲလ်ထက်ပိုကောင်းတယ်လို့ ပြောပါတယ်။
”ဒီရာသီ ချန်ပီယံလိဂ်မှာ ရီးရဲလ်
ကစားခဲ့တဲ့ပွဲတွေကို ကြည့်ဖြစ်ခဲ့ပါတယ်။

ရီးရဲလ်ဟာ ဒီရာသီချန်ပီယံလိဂ်မှာ
လီဗာပူးအသင်းရဲ့ပြိုင်ပွဲစုံ စုစုပေါင်း
ရှုံးပွဲထက်တောင် သူ့ရှုံးပွဲက ပိုများပါတယ်။
ရီးရဲလ်က သိပ်ကောင်းတဲ့အသင်း
ဖြစ်ပေမယ့် မန်စီးတီးနဲ့ ချဲလ်ဆီးတို့လောက်

မကောင်းဘူးလို့ထင်ပါတယ်။
သူတို့ဟာ Comeback ပွဲတွေနဲ့အတူ
ဒီအဆင့်အထိ ရောက်လာတာမှန်ပေမယ့်
ကံကောင်းနေခဲ့လို့ပါ”လို့ ကာရေဂါက ပြောပါတယ်။
ဆက်လက်ပြီး ကာရေဂါက

”မန်စီးတီးဟာ အိမ်ကွင်းမှာ ရီးရဲလ်ကို
၆-၂ ဂိုးနဲ့ အနိုင်ရခဲ့သင့်ပါတယ်။
ချဲလ်ဆီးကလည်း အိမ်ကွင်းမှာ
ရီးရဲလ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့သင့်တာပါ။
အခုက တစ်ပွဲတည်းနဲ့ ဆုံးဖြတ်မှာဖြစ်လို့

ရီးရဲလ်လည်း အနိုင်ရနိုင်ခြေရှိပေမယ့်
စီးတီးပဲဖြစ်ဖြစ် လီဗာပူးပဲဖြစ်ဖြစ်
တစ်ပွဲတည်းနဲ့ ဆုံးဖြတ်မယ့်ပွဲမျိုးမှာ
အကောင်းဆုံးပုံစံနဲ့ ကစားလိမ့်မယ်လို့ထင်ပါတယ်။
ကျွန်တော်ကတော့ ယုံကြည်မှုအပြည့်ရှိပါတယ်”လို့ ပြောပါတယ်။

Zawgyi

ရီးရဲလ္က စီးတီးနဲ႔ ခ်ဲလ္ဆီးတုိ႔လုိ အဆင့္မ်ိဳးမရွိဘူးလုိ႔ ကာေရဂါ သုံးသပ္
လီဗာပူးဂႏၳ၀င္ေနာက္ခံလူ ကာေရဂါက

အသင္းေဟာင္းရဲ႕ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ
ၿပိဳင္ဘက္ ရီးရဲလ္ဟာ ခ်ဲလ္ဆီးနဲ႔မန္စီးတီးတုိ႔လုိ
အဆင့္မ်ိဳးမရွိဘူးလုိ႔ အခုိင္အမာေျပာပါတယ္။
ရီးရဲလ္ဟာ ခ်န္ပီယံလိဂ္မွာ ၁၄ႀကိမ္ေျမာက္
ဗိုလ္စြဲႏုိင္ေရးအတြက္ ယေန႔ညမွာ

လီဗာပူးနဲ႔ ရင္ဆုိင္ရမွာျဖစ္ၿပီး
ဗိုလ္လုပြဲတက္ရာလမ္းေၾကာင္းမွာ
ပီအက္စ္ဂ်ီ၊ လက္ရွိခ်န္ပီယံ ခ်ဲလ္ဆီးနဲ႔
ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးကို
ခက္ခက္ခဲခဲ ေက်ာ္ျဖတ္ခဲ့ရပါတယ္။

ဒါေပမဲ့ ကာေရဂါကေတာ့
တကယ္ဆို ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတုိ႔က
ရီးရဲလ္ထက္ပိုေကာင္းတယ္လုိ႔ ေျပာပါတယ္။
”ဒီရာသီ ခ်န္ပီယံလိဂ္မွာ ရီးရဲလ္
ကစားခဲ့တဲ့ပဲြေတြကို ၾကည့္ျဖစ္ခဲ့ပါတယ္။

ရီးရဲလ္ဟာ ဒီရာသီခ်န္ပီယံလိဂ္မွာ
လီဗာပူးအသင္းရဲ႕ၿပိဳင္ပြဲစုံ စုစုေပါင္း
ရံႈးပြဲထက္ေတာင္ သူ႕ရံႈးပြဲက ပုိမ်ားပါတယ္။
ရီးရဲလ္က သိပ္ေကာင္းတ့ဲအသင္း
ျဖစ္ေပမယ့္ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတုိ႔ေလာက္

မေကာင္းဘူးလို႔ထင္ပါတယ္။
သူတုိ႔ဟာ Comeback ပြဲေတြနဲ႔အတူ
ဒီအဆင့္အထိ ေရာက္လာတာမွန္ေပမယ့္
ကံေကာင္းေနခဲ့လုိ႔ပါ”လို႔ ကာေရဂါက ေျပာပါတယ္။
ဆက္လက္ၿပီး ကာေရဂါက

”မန္စီးတီးဟာ အိမ္ကြင္းမွာ ရီးရဲလ္ကို
၆-၂ ဂိုးနဲ႔ အႏိုင္ရခဲ့သင့္ပါတယ္။
ခ်ဲလ္ဆီးကလည္း အိမ္ကြင္းမွာ
ရီးရဲလ္ကို ၃-၀ ဂိုးနဲ႔ အႏိုင္ရခဲ့သင့္တာပါ။
အခုက တစ္ပြဲတည္းနဲ႔ ဆုံးျဖတ္မွာျဖစ္လုိ႔

ရီးရဲလ္လည္း အႏုိင္ရႏိုင္ေျခရွိေပမယ့္
စီးတီးပဲျဖစ္ျဖစ္ လီဗာပူးပဲျဖစ္ျဖစ္
တစ္ပြဲတည္းနဲ႔ ဆုံးျဖတ္မယ့္ပြဲမ်ိဳးမွာ
အေကာင္းဆုံးပုံစံနဲ႔ ကစားလိမ့္မယ္လုိ႔ထင္ပါတယ္။
ကၽြန္ေတာ္ကေတာ့ ယုံၾကည္မႈအျပည့္ရွိပါတယ္”လုိ႔ ေျပာပါတယ္။