ရီးရဲလ်ကြယ်ပွင့် ဟာဇက်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်း အသင့်ရှိ

သတင်းတွေရဲ့ဖော်ပြချက်အရ ဝက်စ်ဟမ်းအသင်းဟာ

ရီးရဲလ်မှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့
တောင်ပံကစားသမား ဟာဇက်ကို ခေါ်ယူဖို့
အသင့်ရှိနေကြောင်း သိရပါတယ်။
အသက် ၃၁နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်
ဟာဇက်ဟာ ချဲလ်ဆီးမှာ အောင်မြင်မှုအများအပြား

ရယူနိုင်ခဲ့ပြီးနောက် ၂၀၁၉ နွေရာသီမှာ
ရီးရဲလ်ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့
ရောက်လာခဲ့ပေမယ့် ဘာနေဗျူးမှာ
ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး
ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝ

အဆိုးရွားဆုံးကာလနဲ့ ရင်ဆိုင်နေရပါတယ်။


ဟာဇက်ဟာ ယခုရာသီမှာ ၂၂ပွဲပဲ ကစားခွင့်ရပြီး
၁ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီးနောက်

လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ဝက်စ်ဟမ်းဟာ
ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ နယူးကာဆယ်၊
အသင်းဟောင်း ချဲလ်ဆီးတို့နဲ့အပြိုင်
ဟာဇက်ကို ပရီးမီးယားလိဂ်ဆီ ပြန်လည်ခေါ်ယူဖို့

အသင့်ရှိနေကြောင်း သိရပါတယ်။
ဝက်စ်ဟမ်းဟာ နည်းပြဒေးဗစ်မွိုက်စ်လက်ထက်မှာ
အောင်မြင်မှုအများအပြား ရနေပြီး အာဆင်နယ်၊
ယူနိုက်တက်၊ စပါးတို့နဲ့အပြိုင်
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားပြိုင်နေပါတယ်။

ဝက်စ်ဟမ်းဟာ ဇန်နဝါရီလက တိုက်စစ်အင်အား
ဖြည့်တင်းဖို့ ကြိုးစားတဲ့အနေနဲ့ ဘင်းဘရီတန်ဒီယက်ဇ်၊
ဒါဝင်နူနက်ဇ်နဲ့ အန်နက်စ်ရီတို့ကို ခေါ်ယူဖို့
ကြိုးစားခဲ့ပေမယ့် တစ်ယောက်မှ မခေါ်ယူနိုင်ခဲ့ရာ
လာမယ့်နွေရာသီမှာ တောင်ပံတိုက်စစ်ကို

အင်အားဖြည့်တင်းဖို့ ဆက်လက်ကြိုးစားဖွယ်ရှိနေပါတယ်။


ဟာဇက်ဟာ ရီးရဲလ်မှာ ဒဏ်ရာပြဿနာတွေနဲ့
ရင်ဆိုင်နေရတဲ့အပြင် အသင်းမှာ လူငယ်ကြယ်ပွင့်တွေ

အများအပြား ပေါ်ထွက်လာမှုကြောင့်လည်း ပုံမှန်ပွဲထွက်ခွင့်
ရဖို့ ပိုမိုမသေမချာဖြစ်လာပြီး နွေရာသီမှာ
ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေပါ ရောက်လာနိုင်လို့
ဟာဇက်ရဲ့အနာဂတ်က အဆုံးသတ်ဖွယ်ရှိနေပါတယ်။
ဟာဇက်ဟာ ချဲလ်ဆီးမှာ ကစားခဲ့တဲ့ကာလအတွင်း

၃၅၂ပွဲမှာ ၁၁၀ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၉၂ ကြိမ်
ပြုလုပ်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ကြိမ်နဲ့
ယူရိုပါလိဂ်ဖလားအပါအဝင် အောင်မြင်မှု
အများအပြား ရယူနိုင်ခဲ့ပါတယ်။