ရီးရဲလ်ကို ၄ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် လာလီဂါချန်ပီယံဆုအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဘူးစ်ကွက်ကြုံးဝါး

အယ်လ်ကလက်စီကိုပွဲမှာ ရီးရဲလ်ကို ဝ-၄ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက်

ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါချန်ပီယံဆုအတွက်
တိုက်ပွဲဝင်သွားမယ်လို့ အသင်းခေါင်းဆောင် ဘူးစ်ကွက်က
ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။
ဘာစီလိုနာဟာ ဘာနေဗျူးမှာ ရီးရဲလ်ကို
ဝ-၄ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အူဘာမီယန်းက ၂ဂိုးနဲ့

ဖာရန်တောရက်စ်နဲ့ အရူဂျိုတို့က တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။
ယခုအခါ ဘာစီလိုနာဟာ ထိပ်ဆုံးက ရီးရဲလ်နဲ့
၁၂ မှတ်အကွာ၊ ၁ပွဲလျော့နဲ့ တတိယနေရာမှာ
ရပ်တည်နေရာ ကွင်းလယ်လူ ဘူးစ်ကွက်က
ရီးရဲလ်ကို ဆက်လက်ဖိအားပေးသွားမယ်လို့ ကြုံးဝါးပါတယ်။

”ဒီနေ့ပွဲမှာ အရာအားလုံးက ကျွန်တော်တို့အတွက်
အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။
အလုပ်ကောင်းကောင်းလုပ်နိုင်ရင် ကျွန်တော်တို့အသင်း
အနိုင်ရနိုင်တယ်ဆိုတာ သိနေခဲ့ပါတယ်။
ဒါကိုလည်း နည်းပြဇာဗီက ပြောထားတာပါ။

တကယ်လို့ လာလီဂါချန်ပီယံဖြစ်ရေးအတွက်
အခွင့်အရေးသေးသေးလေးရှိနေတယ်ဆိုရင်တောင်
ကျွန်တော်တို့အသင်း တိုက်ပွဲဝင်သွားမှာပါ။
ဒါက ခက်ခဲကြမ်းတမ်းလာမှာ သေချာပေမယ့်
ဖိအားပေးနိုင်ဖို့ ပြင်ဆင်ထားပါတယ်။

ပထမဆုံးလုပ်ရမှာကတော့ ရီးရဲလ်ရဲ့
အနီးကပ်ဆုံးပြိုင်ဘက်အဖြစ် ရပ်တည်နေတဲ့
ဆီဗီလာကို ကျော်ဖြတ်နိုင်ရေးပါပဲ”လို့
ဘူးစ်ကွက်က ပြောပါတယ်။
အူဘာမီယန်းကလည်း အာဆင်နယ်ကနေ

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီးချိန်ကတည်းက
အထူးခြေစွမ်းပြနေပြီး အခုဆိုရင် ဘာစီလိုနာအတွက်
ပြိုင်ပွဲစုံ ၉ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။
”ကြီးမားတဲ့နိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် ကျွန်တော်တို့အသင်း
ဘယ်လောက်အထိ ဆက်သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်ရပြီး အလုပ်ကောင်းကောင်းလုပ်နိုင်လို့
ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။
ကိုယ်က အခုလိုအရမ်းကောင်းတဲ့ကစားသမားတွေနဲ့
တွဲကစားခွင့်ရတော့ ဂိုးသွင်းရတာလည်း အရမ်းလွယ်ကူနေပါတယ်”လို့
ဂါဘွန်အသင်းခေါင်းဆောင် အူဘာမီယန်းက ပြောပါတယ်။

Zawgyi

ရီးရဲလ္ကို ၄ဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ လာလီဂါခ်န္ပီယံဆုအတြက္ တုိက္ပြဲ၀င္သြားမယ္လို႔ ဘူးစ္ကြက္ႀကံဳး၀ါး
အယ္လ္ကလက္စီကိုပြဲမွာ ရီးရဲလ္ကို ၀-၄ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္

ဘာစီလုိနာအသင္းအေနနဲ႔ လာလီဂါခ်န္ပီယံဆုအတြက္
တုိက္ပြဲ၀င္သြားမယ္လုိ႔ အသင္းေခါင္းေဆာင္ ဘူးစ္ကြက္က
ၿပိဳင္ဘက္ေတြကို သတိေပးလုိက္ပါတယ္။
ဘာစီလုိနာဟာ ဘာေနဗ်ဴးမွာ ရီးရဲလ္ကို
၀-၄ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး အူဘာမီယန္းက ၂ဂိုးနဲ႔

ဖာရန္ေတာရက္စ္နဲ႔ အရူဂ်ိဳတုိ႔က တစ္ဂိုးစီသြင္းယူႏိုင္ခဲ့ပါတယ္။
ယခုအခါ ဘာစီလုိနာဟာ ထိပ္ဆုံးက ရီးရဲလ္နဲ႔
၁၂ မွတ္အကြာ၊ ၁ပြဲေလ်ာ့နဲ႔ တတိယေနရာမွာ
ရပ္တည္ေနရာ ကြင္းလယ္လူ ဘူးစ္ကြက္က
ရီးရဲလ္ကို ဆက္လက္ဖိအားေပးသြားမယ္လုိ႔ ႀကံဳး၀ါးပါတယ္။

”ဒီေန႔ပြဲမွာ အရာအားလုံးက ကၽြန္ေတာ္တုိ႔အတြက္
အလုပ္ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္လုိ႔ ထင္ပါတယ္။
အလုပ္ေကာင္းေကာင္းလုပ္ႏုိင္ရင္ ကၽြန္ေတာ္တုိ႔အသင္း
အႏိုင္ရႏိုင္တယ္ဆုိတာ သိေနခဲ့ပါတယ္။
ဒါကိုလည္း နည္းျပဇာဗီက ေျပာထားတာပါ။

တကယ္လုိ႔ လာလီဂါခ်န္ပီယံျဖစ္ေရးအတြက္
အခြင့္အေရးေသးေသးေလးရွိေနတယ္ဆုိရင္ေတာင္
ကၽြန္ေတာ္တုိ႔အသင္း တုိက္ပြဲ၀င္သြားမွာပါ။
ဒါက ခက္ခဲၾကမ္းတမ္းလာမွာ ေသခ်ာေပမယ့္
ဖိအားေပးႏိုင္ဖို႔ ျပင္ဆင္ထားပါတယ္။

ပထမဆုံးလုပ္ရမွာကေတာ့ ရီးရဲလ္ရဲ႕
အနီးကပ္ဆုံးၿပိဳင္ဘက္အျဖစ္ ရပ္တည္ေနတဲ့
ဆီဗီလာကို ေက်ာ္ျဖတ္ႏိုင္ေရးပါပဲ”လုိ႔
ဘူးစ္ကြက္က ေျပာပါတယ္။
အူဘာမီယန္းကလည္း အာဆင္နယ္ကေန

အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာၿပီးခ်ိန္ကတည္းက
အထူးေျခစြမ္းျပေနၿပီး အခုဆုိရင္ ဘာစီလုိနာအတြက္
ၿပိဳင္ပြဲစုံ ၉ဂိုးအထိ သြင္းယူထားၿပီးျဖစ္ပါတယ္။
”ႀကီးမားတဲ့ႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီးေနာက္ ကၽြန္ေတာ္တို႔အသင္း
ဘယ္ေလာက္အထိ ဆက္သြားႏိုင္မလဲဆုိတာ ေစာင့္ၾကည့္ရပါမယ္။

ဘာစီလုိနာကို ေျပာင္းေရႊ႕ခြင့္ရၿပီး အလုပ္ေကာင္းေကာင္းလုပ္ႏုိင္လုိ႔
ကၽြန္ေတာ္ အရမ္းစိတ္လႈပ္ရွားမိပါတယ္။
ကုိယ္က အခုလိုအရမ္းေကာင္းတဲ့ကစားသမားေတြနဲ႔
တြဲကစားခြင့္ရေတာ့ ဂိုးသြင္းရတာလည္း အရမ္းလြယ္ကူေနပါတယ္”လုိ႔
ဂါဘြန္အသင္းေခါင္းေဆာင္ အူဘာမီယန္းက ေျပာပါတယ္။