ရီးရဲလ်ကို ရှုံးနိမ့်ခဲ့ရင်တောင် အမိုးဖွင့်ဘက်စ်ကားနဲ့ အောင်ပွဲခံမယ့် လီဗာပူး

လီဗာပူးဟာ စနေနေ့မှာ ချန်ပီယံလိဂ်

ဗိုလ်လုပွဲအဖြစ် ရီးရဲလ်ကို
အရေးနိမ့်ခဲ့ရင်တောင်မှ မြို့တွင်း
လမ်းမတွေထက် အမိုးဖွင့်
ဘက်စ်ကားနဲ့ လှည့်လည်
အောင်ပွဲခံဖို့ ပြင်ဆင်ထားတယ်လို့

ကြေညာချက်ထုတ်ပြန်ပါတယ်။
လီဗာပူးဟာ ယခုရာသီမှာ
ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင်
ဆုဖလား ၂လုံးအဖြစ် အက်ဖ်အေဖလားနဲ့
ကာရာဘောင်ဖလားတွေ ရယူထားပြီးဖြစ်တဲ့အပြင်

ပရီးမီးယားလိဂ်မှာ မန်စီးတီးကို
ပွတ်ကာသီကာနဲ့ အရေးနိမ့်ခဲ့ရတာဖြစ်ပြီး
အောင်မြင်တဲ့ရာသီအဖြစ်
ပရိသတ်တွေနဲ့အတူ အောင်ပွဲခံချင်နေတာပါ။
လီဗာပူးဟာ မေလ ၂၉ ရက်နေ့

တနင်္ဂနွေနေ့၊ ဒေသစံချိန်တော်ချိန်
ညနေ ၄ နာရီကနေစတင်ပြီး
လီဗာပူးမြို့တွင်းနဲ့ ဆိပ်ကမ်း
တစ်လျှောက် အမိုးဖွင့်
ဘက်စ်ကားနဲ့ လှည့်လည်အောင်ပွဲခံမှာပါ။

”တကယ်လို့ ချန်ပီယံလိဂ်ဖလား
မရခဲ့ရတောင်မှ ကျွန်တော်တို့အတွက်
ဒီရာသီက ကြီးကျယ်တဲ့ရာသီဖြစ်လာမှာပါ။
ချန်ပီယံလိဂ်ဖလားပါ ရမယ်ဆိုရင်တော့
ထူးရှယ်ပေါ့ဗျာ”လို့ နည်းပြ ကလော့ပ်က ဆိုပါတယ်။

မန်စီးတီးက ပရီးမီးယားလိဂ်ရာသီပိတ်ပွဲမှာ
ဗီလာကို နောက်ကနေ ဂိုးတွေ
လိုက်သွင်းကာ အနိုင်ရခဲ့လို့ လီဗာပူးကို
ကျော်ဖြတ်ပြီး အမှတ်ပေးချန်ပီယံ
ဖြစ်ခဲ့ပေမယ့် လီဗာပူးဟာ

နောက်ဆုံးအချိန်အထိ ဖလား ၃လုံး
လမ်းကြောင်းပေါ် ရပ်တည်နိုင်ခဲ့ပါတယ်။
လီဗာပူးအမျိုးသားအသင်းက
အမိုးဖွင့်ဘက်စ်ကားနဲ့အတူ
လှည့်လည်အောင်ပွဲခံမှာဖြစ်သလို

လီဗာပူးအမျိုးသမီးအသင်းက
အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲကို
တန်းတက်နိုင်ခဲ့လို့ သူတို့လည်း
အမိုးဖွင့်ဘက်စ်ကားနဲ့အတူ
မြို့ထဲမှာ အောင်ပွဲခံမှာဖြစ်ပါတယ်။

Zawgyi

ရီးရဲလ္ကို ရႈံးနိမ့္ခဲ့ရင္ေတာင္ အမိုးဖြင့္ဘက္စ္ကားနဲ႔ ေအာင္ပြဲခံမယ့္ လီဗာပူး
လီဗာပူးဟာ စေနေန႔မွာ ခ်န္ပီယံလိဂ္

ဗိုလ္လုပြဲအျဖစ္ ရီးရဲလ္ကို
အေရးနိမ့္ခဲ့ရင္ေတာင္မွ ၿမိဳ႕တြင္း
လမ္းမေတြထက္ အမိုးဖြင့္
ဘက္စ္ကားနဲ႔ လွည့္လည္
ေအာင္ပြဲခံဖို႔ ျပင္ဆင္ထားတယ္လို႔

ေၾကညာခ်က္ထုတ္ျပန္ပါတယ္။
လီဗာပူးဟာ ယခုရာသီမွာ
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္
ဆုဖလား ၂လုံးအျဖစ္ အက္ဖ္ေအဖလားနဲ႔
ကာရာေဘာင္ဖလားေတြ ရယူထားၿပီးျဖစ္တဲ့အျပင္

ပရီးမီးယားလိဂ္မွာ မန္စီးတီးကို
ပြတ္ကာသီကာနဲ႔ အေရးနိမ့္ခဲ့ရတာျဖစ္ၿပီး
ေအာင္ျမင္တဲ့ရာသီအျဖစ္
ပရိသတ္ေတြနဲ႔အတူ ေအာင္ပြဲခံခ်င္ေနတာပါ။
လီဗာပူးဟာ ေမလ ၂၉ ရက္ေန႔

တနဂၤေႏြေန႔၊ ေဒသစံခ်ိန္ေတာ္ခ်ိန္
ညေန ၄ နာရီကေနစတင္ၿပီး
လီဗာပူးၿမိဳ႕တြင္းနဲ႔ ဆိပ္ကမ္း
တစ္ေလွ်ာက္ အမိုးဖြင့္
ဘက္စ္ကားနဲ႔ လွည့္လည္ေအာင္ပြဲခံမွာပါ။

”တကယ္လို႔ ခ်န္ပီယံလိဂ္ဖလား
မရခဲ့ရေတာင္မွ ကြၽန္ေတာ္တို႔အတြက္
ဒီရာသီက ႀကီးက်ယ္တဲ့ရာသီျဖစ္လာမွာပါ။
ခ်န္ပီယံလိဂ္ဖလားပါ ရမယ္ဆိုရင္ေတာ့
ထူးရွယ္ေပါ့ဗ်ာ”လို႔ နည္းျပ ကေလာ့ပ္က ဆိုပါတယ္။

မန္စီးတီးက ပရီးမီးယားလိဂ္ရာသီပိတ္ပြဲမွာ
ဗီလာကို ေနာက္ကေန ဂိုးေတြ
လိုက္သြင္းကာ အႏိုင္ရခဲ့လို႔ လီဗာပူးကို
ေက်ာ္ျဖတ္ၿပီး အမွတ္ေပးခ်န္ပီယံ
ျဖစ္ခဲ့ေပမယ့္ လီဗာပူးဟာ

ေနာက္ဆုံးအခ်ိန္အထိ ဖလား ၃လုံး
လမ္းေၾကာင္းေပၚ ရပ္တည္ႏိုင္ခဲ့ပါတယ္။
လီဗာပူးအမ်ိဳးသားအသင္းက
အမိုးဖြင့္ဘက္စ္ကားနဲ႔အတူ
လွည့္လည္ေအာင္ပြဲခံမွာျဖစ္သလို

လီဗာပူးအမ်ိဳးသမီးအသင္းက
အမ်ိဳးသမီးစူပါလိဂ္ၿပိဳင္ပြဲကို
တန္းတက္ႏိုင္ခဲ့လို႔ သူတို႔လည္း
အမိုးဖြင့္ဘက္စ္ကားနဲ႔အတူ
ၿမိဳ႕ထဲမွာ ေအာင္ပြဲခံမွာျဖစ္ပါတယ္။