ရီးရဲလ်ကို ငြင်းဆန်ခဲ့ပြီးနောက် အင်စတာဂရမ်မှာ ဖော်လိုဝါ ခုနစ်သိန်း ဆုံးရှုံးသွားတဲ့ ဘာပေ

သတင်းတွေရဲ့ဖော်ပြချက်အရ

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေဟာ
ရီးရဲလ်ကို ငြင်းဆန်ကာ
ပီအက်စ်ဂျီနဲ့ စာချုပ်သစ်
ချုပ်ဆိုခဲ့လို့ အင်စတာဂရမ်မှာ
ဖော်လိုဝါ ခုနစ်သိန်းအထိ

ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၂၃နှစ်အရွယ်ရှိ ဘာပေဟာ
ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်
ယခုနွေရာသီမှာ ရီးရဲလ်ကို
အလွတ်ပြောင်းရွှေ့ကြေးနဲ့

ရောက်ဖို့ အလွန်နီးစပ်ခဲ့ပေမယ့်
ပီအက်စ်ဂျီဘက်က မက်မောဖွယ်
အချက်အလက်တွေနဲ့အတူ စာချုပ်သစ်
ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာကြောင့်
ဘာပေလည်း ပီအက်စ်ဂျီနဲ့

၃ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
အဲဒီဆုံးဖြတ်ချက်ကြောင့်
ပြင်သစ်ပရိသတ်တွေ သဘောကျခဲ့ပေမယ့်
ရီးရဲလ်ပရိသတ်တွေကတော့
ဘာပေကို အမျက်ဒေါသထွက်ခဲ့ပါတယ်။

El Chiringuito သတင်းဌာနရဲ့
ဖော်ပြချက်အရ စာချုပ်သစ်ချုပ်ဆိုတဲ့အကြောင်း
အတည်ပြုကြေညာတဲ့ စနေနေ့မှာ
ဘာပေရဲ့ အင်စတာဂရမ်အကောင့်မှာ
ဖော်လိုဝါ ၇၁.၆ သန်းကနေ ၇၀.၉သန်းအထိ

ချက်ချင်း လျော့နည်းသွားတယ်လို့ သိရပါတယ်။
ဘာပေဟာ ပီအက်စ်ဂျီအသင်းဖော်တွေဖြစ်တဲ့
နေမာနဲ့ မက်ဆီ၊ ယူနိုက်တက်တိုက်စစ်မှူး
ရော်နယ်ဒိုတို့ပြီးရင် အင်စတာဂရမ်မှာ
ဖော်လိုဝါ အများဆုံး ကစားသမားဖြစ်ပြီး

ရီးရဲလ်ပရိသတ်တွေက ဘာပေကို
Block တဲ့ SS တွေနဲ့အတူ တွစ်တာမှာ တင်နေကြပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ
ပီအက်စ်ဂျီဘက်က ဘာပေကို
စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ရာမှာ

မြင့်မားလွန်းတဲ့ လုပ်ခလစာအပြင်
အသင်းရဲ့ အားကစားပရောဂျက်
စီမံကိန်းမှာ ပိုင်ရှင်ခွင့်အာဏာအပါအဝင်
ကွင်းပြင်ပအချက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဘာပေနဲ့ အဆင်မပြေတဲ့ ပီအက်စ်ဂျီအသင်း

အားကစားဒါရိုက်တာ လီယိုနာဒိုဆိုရင်
၃နှစ်ကြာ လက်တွဲလာမှုကနေ
ထုတ်ပယ်ခံရတော့မှာဖြစ်သလို
နည်းပြပိုချက်တီနိုရဲ့ အနာဂတ်ကလည်း
ပိုမိုမရေမရာဖြစ်လာပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဘောလုံးလောကကို
လွှမ်းမိုးထားပြီး ငွေကြေးအများအပြား
သုံးစွဲထားပေမယ့် ချန်ပီယံလိဂ်အောင်မြင်မှုတော့ မရသေးပါဘူး။

Zawgyi

ရီးရဲလ္ကို ျငင္းဆန္ခဲ့ၿပီးေနာက္ အင္စတာဂရမ္မွာ ေဖာ္လုိ၀ါ ခုနစ္သိန္း ဆုံးရံႈးသြားတဲ့ ဘာေပ
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ပီအက္စ္ဂ်ီတုိက္စစ္မွဴး ဘာေပဟာ
ရီးရဲလ္ကို ျငင္းဆန္ကာ

ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သစ္
ခ်ဳပ္ဆိုခဲ့လို႔ အင္စတာဂရမ္မွာ
ေဖာ္လို၀ါ ခုနစ္သိန္းအထိ
ဆုံးရံႈးသြားခဲ့ရတယ္လုိ႔ သိရပါတယ္။
အသက္ ၂၃ႏွစ္အရြယ္ရွိ ဘာေပဟာ

ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္
ယခုေႏြရာသီမွာ ရီးရဲလ္ကို
အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔
ေရာက္ဖို႔ အလြန္နီးစပ္ခဲ့ေပမယ့္
ပီအက္စ္ဂ်ီဘက္က မက္ေမာဖြယ္

အခ်က္အလက္ေတြနဲ႔အတူ စာခ်ဳပ္သစ္
ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခဲ့တာေၾကာင့္
ဘာေပလည္း ပီအက္စ္ဂ်ီနဲ႔
၃ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ပါတယ္။
အဲဒီဆုံးျဖတ္ခ်က္ေၾကာင့္

ျပင္သစ္ပရိသတ္ေတြ သေဘာက်ခဲ့ေပမယ့္
ရီးရဲလ္ပရိသတ္ေတြကေတာ့
ဘာေပကို အမ်က္ေဒါသထြက္ခဲ့ပါတယ္။
El Chiringuito သတင္းဌာနရဲ႕
ေဖာ္ျပခ်က္အရ စာခ်ဳပ္သစ္ခ်ဳပ္ဆိုတဲ့အေၾကာင္း

အတည္ျပဳေၾကညာတဲ့ စေနေန႔မွာ
ဘာေပရဲ႕ အင္စတာဂရမ္အေကာင့္မွာ
ေဖာ္လို၀ါ ၇၁.၆ သန္းကေန ၇၀.၉သန္းအထိ
ခ်က္ခ်င္း ေလ်ာ့နည္းသြားတယ္လုိ႔ သိရပါတယ္။
ဘာေပဟာ ပီအက္စ္ဂ်ီအသင္းေဖာ္ေတြျဖစ္တဲ့

ေနမာနဲ႔ မက္ဆီ၊ ယူနုိက္တက္တိုက္စစ္မွဴး
ေရာ္နယ္ဒိုတို႔ၿပီးရင္ အင္စတာဂရမ္မွာ
ေဖာ္လို၀ါ အမ်ားဆုံး ကစားသမားျဖစ္ၿပီး
ရီးရဲလ္ပရိသတ္ေတြက ဘာေပကို
Block တဲ့ SS ေတြနဲ႔အတူ တြစ္တာမွာ တင္ေနၾကပါတယ္။

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ပီအက္စ္ဂ်ီဘက္က ဘာေပကို
စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖုိ႔ ကမ္းလွမ္းခဲ့ရာမွာ
ျမင့္မားလြန္းတဲ့ လုပ္ခလစာအျပင္
အသင္းရဲ႕ အားကစားပေရာဂ်က္

စီမံကိန္းမွာ ပိုင္ရွင္ခြင့္အာဏာအပါအ၀င္
ကြင္းျပင္ပအခ်က္ေတြလည္း ပါ၀င္တယ္လုိ႔ သိရပါတယ္။
ဘာေပနဲ႔ အဆင္မေျပတဲ့ ပီအက္စ္ဂ်ီအသင္း
အားကစားဒါရိုက္တာ လီယိုနာဒိုဆိုရင္
၃ႏွစ္ၾကာ လက္တြဲလာမႈကေန

ထုတ္ပယ္ခံရေတာ့မွာျဖစ္သလုိ
နည္းျပပုိခ်က္တီႏိုရဲ႕ အနာဂတ္ကလည္း
ပိုမိုမေရမရာျဖစ္လာပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ျပင္သစ္ေဘာလုံးေလာကကို
လႊမ္းမုိးထားၿပီး ေငြေၾကးအမ်ားအျပား

သုံးစြဲထားေပမယ့္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈေတာ့ မရေသးပါဘူး။