ရီးရဲလ်ကိုရှောင်ချင်တဲ့ ပရီးမီးယားလိဂ်အသင်းတွေ ဘယ်လို ဆုတောင်းနေကြသလဲ

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းလွန်းတဲ့ ညချမ်းတွေကို ယူဆောင်လာပေး မယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေအတွက် မဲခွဲပွဲကို သြဂုတ်လ ၂၅ရက် (ကြာသပတေးနေ့) မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီမဲခွဲပွဲမှာ အင်္ဂလန်ပရီးမီးယား လိဂ်က ထိပ်သီးလေးသင်း ပါဝင်နေပြီး မန်စီးတီး၊ လီဗာပူး၊

စပါးနဲ့ ချဲလ်ဆီး တို့ဖြစ်ကြပါတယ်။ ချန်ပီယံလိဂ် မဲခွဲမှု ထုံစံအရ မဲအိုး ၁ ခုစီမှာ အသင်း ၈ သင်း ပါဝင်နေပြီး စုစုပေါင်း မဲအိုး ၄ အိုးနဲ့ မဲနှိုက်ရွေးချယ် ဆုံးဖြတ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးက အင်္ဂလန်ကို ကိုယ်စားပြုခွင့် ရတာကြောင့် မဲအိုး ၁ မှာ ပါဝင်နေပြီး

လီဗာပူး၊ စပါးနဲ့ ချဲလ်ဆီးကတော့ ယူအီး အက်ဖ်အေရဲ့ မြှောက်ဖော်ကိန်း ကိုယ်စားပြုမှုအရ မဲအိုး ၂ မှာ ကျရောက် နေခဲ့ပါတယ်။ ဒါကြောင့် အုပ်စုအဆင့်မှာ အင်္ဂလန်အသင်းအချင်းချင်း ထိပ် တိုက်ပြန်တွေ့တာမျိုး ရှိလာနိုင်ပေမယ့် တစ်ညတည်းမှာ နှစ်သင်းစလုံး

ပွဲချိန် တူနေတာမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုမဲခွဲပွဲမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအတွက် အိပ်မက်ဆိုးတစ်ခု ရှိနေပြီ ဖြစ်ပါတယ်။ အဲဒါကတော့ လီဗာပူး၊ ချဲလ်ဆီး၊ စပါးတို့ဟာ လက်ရှိချန်ပီယံ ရီးရဲလ်နဲ့ အုပ်စုအဆင့်မှာတင် ထိပ်တိုက်ဆုံတွေ့နိုင်တဲ့

အခြေအနေမျိုး ရှိနေ လို့ပါပဲ။ ဒါကြောင့် လီဗာပူး၊ ချဲလ်ဆီးနဲ့ စပါးတို့ဟာ ရီးရဲလ်နဲ့ ထိပ်တိုက်မဆုံ ဖို့ ဆုတောင်းနေကြရပါပြီ။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ မန်စီးတီးဟာ မဲ အိုး ၁ ထဲမှာ ကိုယ်စားပြုခွင့်ရတာကြောင့် ဥရောပ ထိပ်တန်းအသင်းကြီးတွေ ဖြစ်ကြတဲ့ ရီးရဲလ်၊

ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ကို ရှောင်ရှားနိုင်ခဲ့ပြီဖြစ်ပါ တယ်။ ဒါပေမဲ့ မန်စီးတီးဟာ မဲအိုး ၂ ထဲမှာရှိနေတဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ အက်သလက်တီကို ဒါမှမဟုတ် လစ်ပ်ဇစ်စတဲ့ ဥရောပထိပ်သီးအချင်းကြီး တွေနဲ့

တစ်အုပ်စုတည်း ကျသွားနိုင်တဲ့ အခြေအနေလည်း ရှိနေပြီဖြစ်ပါတယ်။ မဲအိုး ၂ ထဲမှာရှိနေတဲ့ လီဗာပူး၊ ချဲလ်ဆီးနဲ့ စပါးတို့ကတော့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံနိုင်တာမျိုးပါပဲ။

ဒါကြောင့် ရီးရဲလ် ထက်စာရင် မဲအိုး ၁ ထဲမှာ ပါနေတဲ့ ဖရန့်ဖတ်၊ အေဂျက်ဇ်တို့လို အသင်းမျိုး တွေနဲ့သာ ဆုံကြဖို့အတွက် ပရီးမီးယားလိဂ်အသင်းတွေ ဆုတောင်းနေပြီလို့ ဆိုရတော့မှာ ဖြစ်ပါတယ်။

(zawgyi)

ရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာေကာင္းလြန္းတဲ့ ညခ်မ္းေတြကို ယူေဆာင္လာေပး မယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြအတြက္ မဲခြဲပြဲကို ၾသဂုတ္လ ၂၅ရက္ (ၾကာသပေတးေန႔) မွာ က်င္းပမွာျဖစ္ပါတယ္။

ဒီမဲခြဲပြဲမွာ အဂၤလန္ပရီးမီးယား လိဂ္က ထိပ္သီးေလးသင္း ပါဝင္ေနၿပီး မန္စီးတီး၊ လီဗာပူး၊ စပါးနဲ႔ ခ်ဲလ္ဆီး တို႔ျဖစ္ၾကပါတယ္။ ခ်န္ပီယံလိဂ္ မဲခြဲမႈ ထုံစံအရ မဲအိုး ၁ ခုစီမွာ အသင္း ၈ သင္း ပါဝင္ေနၿပီး စုစုေပါင္း မဲအိုး ၄ အိုးနဲ႔ မဲႏႈိက္ေ႐ြးခ်ယ္ ဆုံးျဖတ္ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ မန္စီးတီးက အဂၤလန္ကို ကိုယ္စားျပဳခြင့္ ရတာေၾကာင့္ မဲအိုး ၁ မွာ ပါဝင္ေနၿပီး လီဗာပူး၊ စပါးနဲ႔ ခ်ဲလ္ဆီးကေတာ့ ယူအီး အက္ဖ္ေအရဲ႕ ေျမႇာက္ေဖာ္ကိန္း ကိုယ္စားျပဳမႈအရ မဲအိုး ၂ မွာ က်ေရာက္ ေနခဲ့ပါတယ္။

ဒါေၾကာင့္ အုပ္စုအဆင့္မွာ အဂၤလန္အသင္းအခ်င္းခ်င္း ထိပ္ တိုက္ျပန္ေတြ႕တာမ်ိဳး ရွိလာႏိုင္ေပမယ့္ တစ္ညတည္းမွာ ႏွစ္သင္းစလုံး ပြဲခ်ိန္ တူေနတာမ်ိဳးေတာ့ ျဖစ္လာမွာ မဟုတ္ပါဘူး။

ဒါေပမဲ့ အခုမဲခြဲပြဲမွာေတာ့ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြအတြက္ အိပ္မက္ဆိုးတစ္ခု ရွိေနၿပီ ျဖစ္ပါတယ္။ အဲဒါကေတာ့ လီဗာပူး၊ ခ်ဲလ္ဆီး၊ စပါးတို႔ဟာ လက္ရွိခ်န္ပီယံ ရီးရဲလ္နဲ႔ အုပ္စုအဆင့္မွာတင္ ထိပ္တိုက္ဆုံေတြ႕ႏိုင္တဲ့ အေျခအေနမ်ိဳး ရွိေန လို႔ပါပဲ။

ဒါေၾကာင့္ လီဗာပူး၊ ခ်ဲလ္ဆီးနဲ႔ စပါးတို႔ဟာ ရီးရဲလ္နဲ႔ ထိပ္တိုက္မဆုံ ဖို႔ ဆုေတာင္းေနၾကရပါၿပီ။ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တဲ့ မန္စီးတီးဟာ မဲ အိုး ၁ ထဲမွာ ကိုယ္စားျပဳခြင့္ရတာေၾကာင့္ ဥေရာပ ထိပ္တန္းအသင္းႀကီးေတြ ျဖစ္ၾကတဲ့ ရီးရဲလ္၊ ဘိုင္ယန္ျမဴးနစ္နဲ႔

ပီအက္စ္ဂ်ီတို႔ကို ေရွာင္ရွားႏိုင္ခဲ့ၿပီျဖစ္ပါ တယ္။ ဒါေပမဲ့ မန္စီးတီးဟာ မဲအိုး ၂ ထဲမွာရွိေနတဲ့ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္၊ အက္သလက္တီကို ဒါမွမဟုတ္ လစ္ပ္ဇစ္စတဲ့ ဥေရာပထိပ္သီးအခ်င္းႀကီး ေတြနဲ႔ တစ္အုပ္စုတည္း က်သြားႏိုင္တဲ့ အေျခအေနလည္း ရွိေနၿပီျဖစ္ပါတယ္။

မဲအိုး ၂ ထဲမွာရွိေနတဲ့ လီဗာပူး၊ ခ်ဲလ္ဆီးနဲ႔ စပါးတို႔ကေတာ့ လက္ရွိခ်န္ပီယံ ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႕ဆုံႏိုင္တာမ်ိဳးပါပဲ။ ဒါေၾကာင့္ ရီးရဲလ္ ထက္စာရင္ မဲအိုး ၁ ထဲမွာ ပါေနတဲ့ ဖရန႔္ဖတ္၊ ေအဂ်က္ဇ္တို႔လို အသင္းမ်ိဳး ေတြနဲ႔သာ ဆုံၾကဖို႔အတြက္ ပရီးမီးယားလိဂ္အသင္းေတြ ဆုေတာင္းေနၿပီလို႔ ဆိုရေတာ့မွာ ျဖစ္ပါတယ္။