ရီးယဲလ်ကစားသမား မာဆယ်လို လာမယ့်နှစ်ကျရင်အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေ

ရီးယဲလ်အသင်းရဲ့လက်ရှိကစားသမားတွေထဲမှာ နှစ်အကြာဆုံး

ကစားထားသူဖြစ်နေတဲ့ ဘရာဇီးလ်ဝါရင့်နောက်ခံလူမာဆယ်လိုဟာ

လာမယ့်နှစ်ကျရင်အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေပါပြီ။ အသက်(၃၃)နှစ်

အရွယ်ရှိပြီဖြစ်သူမာဆယ်လိုဟာ ၂၀၀၇ ခုနှစ်တုန်းက ဘရာဇီးလ်ကလပ်

ဖလူမင်နီးစ်အသင်းကနေ ရီးယဲလ်အသင်းကိုပြောင်းရွှေ့ခဲ့သူဖြစ်ပြီး

ရီးယဲလ်ကစားသမားဘဝ(၁၄)နှစ်တာကာလအတွင်း လာလီဂါ(၅)ကြိမ်၊

စပိန်ဘုရင့်ဖလား(၂)ကြိမ်၊ ချန်ပီယံလိဂ်(၄)ကြိမ်၊ စပိန်စူပါဖလား(၄)ကြိမ်၊

ဥရောပစူပါဖလား(၃)ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား(၄)ကြိမ်အပါအဝင်

ဆုဖလားပေါင်း(၂၂)ခုအထိရယူခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာ မာဆယ်လိုဟာ ဒဏ်ရာပြဿနာတွေနဲ့

ရင်ဆိုင်ခဲ့ရတဲ့အတွက် အဓိက,ကစားသမားအဖြစ်ပါဝင်ကစားခွင့်မရတော့ဘဲ

ပြီးခဲ့တဲ့(၂)ရာသီမှာ ဖာလန်းမန်ဒီရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ

ကစားခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ရာသီကပြိုင်ပွဲစုံ(၁၉)ပွဲသာကစားခဲ့ရပါတယ်။

မာဆယ်လိုအနေနဲ့ ရီးယဲလ်အသင်းအတွက် ဆက်လက်ကစားလိုတာကြောင့်

အရန်ကစားသမားဘဝကို လက်ခံခဲ့ပေမယ့်လည်း အခုအချိန်မှာတော့

သူ့ရဲ့စာချုပ်သက်တမ်းကလည်းကုန်ဆုံးတော့မှာဖြစ်လို့

အသင်းနဲ့လမ်းခွဲဖို့စဉ်းစားနေတာဖြစ်ပါတယ်။

မာဆယ်လိုနဲ့ရီးယဲလ်အသင်းတို့ရဲ့စာချုပ်သက်တမ်းက လာမယ့် ၂၀၂၂၊

ဇွန်လကျရင်ကုန်ဆုံးမှာဖြစ်ပြီး မာဆယ်လိုကတော့ ဇန်နဝါရီအပြောင်းအရွှေ့

ကာလအတွင်း အသင်းပြောင်းရွှေ့ခွင့်ရအောင် လက်ကျန်စာချုပ်သက်တမ်းကို

နှစ်ဦးသဘောတူဖျက်သိမ်းဖို့ဆန္ဒရှိနေတယ်လို့ သတင်းထွက်နေပါတယ်။

El Nacional သတင်းစာက မာဆယ်လိုဟာ လာမယ့်ဇန်နဝါရီကျရင်

သူ့အသင်းဟောင်းဖလူမင်နီးစ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့တော့မယ်ဆိုတာကို

အသင်းဥက္ကဌဖြစ်သူဖလော်ရင်တီနိုပီရက်ဇ်ဆီ အသိပေး

အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။

ဖလော်ရင်တီနိုပီရက်ဇ်ကလည်း မာဆယ်လိုရဲ့ဆန္ဒကို လိုက်လျောမယ့်

အနေအထားရှိပေမယ့်လည်း နည်းပြအန်ဆယ်လော့တီကတော့

လက်ကျန်ရာသီဝက်ဆက်လက်ဖြတ်သန်းချိန်မှာ ဝါရင့်နောက်ခံလူတစ်ဦးကို

လက်လွှတ်ဆုံးရှုံးမခံလိုတာကြောင့် ဇန်နဝါရီကာလအတွင်း အသင်းနဲ့

မာဆယ်လိုလမ်းခွဲမယ့်ကိစ္စအပေါ် တားမြစ်သွားဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီကာလတုန်းက ရီးယဲလ်အသင်းဝါရင့်နောက်ခံလူရာမို့စ်ဟာ

(၁၆)နှစ်ကြာကစားခဲ့တဲ့ ရီးယဲလ်အသင်းနဲ့လမ်းခွဲခဲ့ပြီး အခု ရီးယဲလ်အသင်းရဲ့

သက်တော်ရှည်ကစားသမားတစ်ဦးဖြစ်တဲ့ မာဆယ်လိုကလည်း

အသင်းကနေထွက်ခွာဖို့နီးစပ်နေတာလည်းဖြစ်ပါတယ်။

zawgyi

ရီးယဲလ္ကစားသမား မာဆယ္လို လာမယ့္ႏွစ္က်ရင္အသင္းနဲ႔လမ္းခြဲဖို႔နီးစပ္ေန

ရီးယဲလ္အသင္းရဲ႕လက္ရွိကစားသမားေတြထဲမွာ ႏွစ္အၾကာဆုံး

ကစားထားသူျဖစ္ေနတဲ့ ဘရာဇီးလ္ဝါရင့္ေနာက္ခံလူမာဆယ္လိုဟာ

လာမယ့္ႏွစ္က်ရင္အသင္းနဲ႔လမ္းခြဲဖို႔နီးစပ္ေနပါၿပီ။ အသက္(၃၃)ႏွစ္

အ႐ြယ္ရွိၿပီျဖစ္သူမာဆယ္လိုဟာ ၂၀၀၇ ခုႏွစ္တုန္းက ဘရာဇီးလ္ကလပ္

ဖလူမင္နီးစ္အသင္းကေန ရီးယဲလ္အသင္းကိုေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး

ရီးယဲလ္ကစားသမားဘဝ(၁၄)ႏွစ္တာကာလအတြင္း လာလီဂါ(၅)ႀကိမ္၊

စပိန္ဘုရင့္ဖလား(၂)ႀကိမ္၊ ခ်န္ပီယံလိဂ္(၄)ႀကိမ္၊ စပိန္စူပါဖလား(၄)ႀကိမ္၊

ဥေရာပစူပါဖလား(၃)ႀကိမ္၊ ဖီဖာကလပ္ကမာၻ႔ဖလား(၄)ႀကိမ္အပါအဝင္

ဆုဖလားေပါင္း(၂၂)ခုအထိရယူခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့ အခုေနာက္ပိုင္းႏွစ္ေတြမွာ မာဆယ္လိုဟာ ဒဏ္ရာျပႆနာေတြနဲ႔

ရင္ဆိုင္ခဲ့ရတဲ့အတြက္ အဓိက,ကစားသမားအျဖစ္ပါဝင္ကစားခြင့္မရေတာ့ဘဲ

ၿပီးခဲ့တဲ့(၂)ရာသီမွာ ဖာလန္းမန္ဒီရဲ႕ေနာက္ ဒုတိယဦးစားေပးအျဖစ္သာ

ကစားခြင့္ရခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီကၿပိဳင္ပြဲစုံ(၁၉)ပြဲသာကစားခဲ့ရပါတယ္။

မာဆယ္လိုအေနနဲ႔ ရီးယဲလ္အသင္းအတြက္ ဆက္လက္ကစားလိုတာေၾကာင့္

အရန္ကစားသမားဘဝကို လက္ခံခဲ့ေပမယ့္လည္း အခုအခ်ိန္မွာေတာ့

သူ႔ရဲ႕စာခ်ဳပ္သက္တမ္းကလည္းကုန္ဆုံးေတာ့မွာျဖစ္လို႔

အသင္းနဲ႔လမ္းခြဲဖို႔စဥ္းစားေနတာျဖစ္ပါတယ္။

မာဆယ္လိုနဲ႔ရီးယဲလ္အသင္းတို႔ရဲ႕စာခ်ဳပ္သက္တမ္းက လာမယ့္ ၂၀၂၂၊

ဇြန္လက်ရင္ကုန္ဆုံးမွာျဖစ္ၿပီး မာဆယ္လိုကေတာ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕

ကာလအတြင္း အသင္းေျပာင္းေ႐ႊ႕ခြင့္ရေအာင္ လက္က်န္စာခ်ဳပ္သက္တမ္းကို

ႏွစ္ဦးသေဘာတူဖ်က္သိမ္းဖို႔ဆႏၵရွိေနတယ္လို႔ သတင္းထြက္ေနပါတယ္။

El Nacional သတင္းစာက မာဆယ္လိုဟာ လာမယ့္ဇန္နဝါရီက်ရင္

သူ႔အသင္းေဟာင္းဖလူမင္နီးစ္အသင္းဆီ ျပန္လည္ေျပာင္းေ႐ႊ႕ေတာ့မယ္ဆိုတာကို

အသင္းဥကၠဌျဖစ္သူဖေလာ္ရင္တီႏိုပီရက္ဇ္ဆီ အသိေပး

အေၾကာင္းၾကားခဲ့ၿပီးျဖစ္တယ္လို႔ေဖာ္ျပခဲ့ပါတယ္။

ဖေလာ္ရင္တီႏိုပီရက္ဇ္ကလည္း မာဆယ္လိုရဲ႕ဆႏၵကို လိုက္ေလ်ာမယ့္

အေနအထားရွိေပမယ့္လည္း နည္းျပအန္ဆယ္ေလာ့တီကေတာ့

လက္က်န္ရာသီဝက္ဆက္လက္ျဖတ္သန္းခ်ိန္မွာ ဝါရင့္ေနာက္ခံလူတစ္ဦးကို

လက္လႊတ္ဆုံးရႈံးမခံလိုတာေၾကာင့္ ဇန္နဝါရီကာလအတြင္း အသင္းနဲ႔

မာဆယ္လိုလမ္းခြဲမယ့္ကိစၥအေပၚ တားျမစ္သြားဖို႔ရွိေနပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီကာလတုန္းက ရီးယဲလ္အသင္းဝါရင့္ေနာက္ခံလူရာမို႔စ္ဟာ

(၁၆)ႏွစ္ၾကာကစားခဲ့တဲ့ ရီးယဲလ္အသင္းနဲ႔လမ္းခြဲခဲ့ၿပီး အခု ရီးယဲလ္အသင္းရဲ႕

သက္ေတာ္ရွည္ကစားသမားတစ္ဦးျဖစ္တဲ့ မာဆယ္လိုကလည္း

အသင္းကေနထြက္ခြာဖို႔နီးစပ္ေနတာလည္းျဖစ္ပါတယ္။