
ဒီပွဲမတိုင် ၃၆ပွဲဆက်ရှုံးပွဲမရှိကစားထားတဲ့ စကာလိုနီရဲ့အသင်းဟာ အားနည်းတဲ့ပြိုင်ဘက်ကိုဖွင့်ကစားဖို့ထက် ချုပ်ကိုင်နိုင်ဖို့ကိုသာအဓိကထားခဲ့တာဖြစ်တယ်။





တိုက်စစ်ကိုတော့ မက်ဆီ၊ ဒီမာရီယာတို့နဲ့အတူ ဒဏ်ရာပြဿနာရှိတယ်လို့ သတင်းထွက်ထားတဲ့ လော်တာရိုတို့က ဦးဆောင်သွားခဲ့ပါတယ်။ ခံစစ်ပိုင်းအတွက်တော့





စကာလိုနီဟာ ဝါရင့်ကစားသမားအော်တာမန်ဒီတို့ စပါးဗဟိုခံစစ်ကစားသမားရိုမဲရိုးနဲ့တွဲဖက်ခဲ့ပြီး ယူနိုက်တက်နောက်ခံလူမာတီနက်ဇ်ကတော့ အရန်စာရင်းမှာသာပါဝင်ခဲ့ပါတယ်။
အာဂျင်တီးနားဟာ ပြိုင်ဘက်တိုက်စစ်ဆင်ခွင့်မရဖို့အတွက် ဒီပေါလ်၊ ပါရီဒက်စ်တို့လိုကွင်းလယ်လူတွေနဲ့ပိတ်ထားခဲ့သလို ဆော်ဒီကလည်း နာမည်ကျော်ကစားသမားတွေရဲ့တိုက်စစ်ကို
လူကျွံထောင်ချောက်နဲ့ဖမ်းကစားသွားခဲ့ပါတယ်။ အထူးသဖြင့်တော့ မက်ဆီနဲ့ လော်တာရိုတို့တွဲလုံးတွေဟာ ဆော်ဒီလူကျွံထောက်ချောက်အောက်မှာအကြိမ်ကြိမ်လဲကျခဲ့တာတွေ့ရပါတယ်။





ပထမပိုင်းတစ်လျှောက်မှာ အာဂျင်တီးနားက ဆော်ဒီဂိုးပေါက်ကို ၄ကြိမ်လောက်အဆုံးသတ်နိုင်ပေမဲ့ မက်ဆီရဲ့ပင်နယ်တီကန်ချက်တစ်ကြိမ်သာဂိုးဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာတော့
ဆော်ဒီမထင်မှတ်ဘဲတိုက်စစ်ဖွင့်ခဲ့ပြီး ၄၉မိနစ်မှာ နောက်ခံလူရိုမဲရိုးရဲ့လူကပ်ကစားပုံအားနည်းချက်ကတစ်ဆင့် အယ်လ်ရှီရီက ဆော်ဒီအတွက်ချေပဂိုးသွင်းယူခဲ့ပြီး ဆက်တိုက်ဆိုသလို





၅၃မိနစ်မှာ အယ်လ်ဒေါဆာရီက ၁၈ ကိုက်စည်းထိပ်ကနေအပြင်းကန်သွင်းပြီး ပွဲကိုရုတ်ချည်းပြန်ဦးဆောင်ခဲ့ပါတယ်။ စကာလိုနီဟာ မာတီနက်ဇ်၊ ဂျူလီယန်အဲလ်ဗာရက်ဇ်၊
အန်ဇိုပီရက်ဇ်တို့ကိုလူစားလဲပြီးချေပဂိုးအတွက်ပြန်ကြိုးစားခဲ့ပါတယ်။ ဒီပွဲအရကြည့်ရင်တော့ မက်ဆီအပါအဝင် အာဂျင်တီးနားကစားသမားတွေဟာ





ပြိုင်ပွဲအတွက်လုံလောက်တဲ့ကြံ့ခိုင်မှုမရှိခဲ့သလို ဆော်ဒီနည်းပြရီနက်ဒ်ရဲ့ပွဲချဉ်းကပ်ပုံကောင်းလွန်းတာကြောင့် မထင်မှတ်ဘဲရှုံးပွဲကြုံခဲ့ရတာဖြစ်တယ်။
(Zawgyi)





ရီနက္ဒ္ရဲ႕ေကာင္းလြန္းတဲ့နည္းစနစ္ေအာက္မွာႀကံ့ခိုင္မႈအားနည္းလြန္းတဲ့ အာဂ်င္တီးနားအသင္းရႈံးပြဲမရွိစံခ်ိန္ေကာင္းရပ္တန႔္ခဲ့
ဒီပြဲမတိုင္ ၃၆ပြဲဆက္ရႈံးပြဲမရွိကစားထားတဲ့ စကာလိုနီရဲ႕အသင္းဟာ အားနည္းတဲ့ၿပိဳင္ဘက္ကိုဖြင့္ကစားဖို႔ထက္ ခ်ဳပ္ကိုင္ႏိုင္ဖို႔ကိုသာအဓိကထားခဲ့တာျဖစ္တယ္။ တိုက္စစ္ကိုေတာ့
မက္ဆီ၊ ဒီမာရီယာတို႔နဲ႔အတူ ဒဏ္ရာျပႆနာရွိတယ္လို႔သတင္းထြက္ထားတဲ့ ေလာ္တာ႐ိုတို႔ကဦးေဆာင္သြားခဲ့ပါတယ္။ ခံစစ္ပိုင္းအတြက္ေတာ့ စကာလိုနီဟာ





ဝါရင့္ကစားသမားေအာ္တာမန္ဒီတို႔ စပါးဗဟိုခံစစ္ကစားသမား႐ိုမဲ႐ိုးနဲ႔တြဲဖက္ခဲ့ၿပီး ယူႏိုက္တက္ေနာက္ခံလူမာတီနက္ဇ္ကေတာ့ အရန္စာရင္းမွာသာပါဝင္ခဲ့ပါတယ္။ အာဂ်င္တီးနားဟာ ၿပိဳင္ဘက္တိုက္စစ္ဆင္ခြင့္မရဖို႔အတြက္
ဒီေပါလ္၊ ပါရီဒက္စ္တို႔လိုကြင္းလယ္လူေတြနဲ႔ပိတ္ထားခဲ့သလို ေဆာ္ဒီကလည္း နာမည္ေက်ာ္ကစားသမားေတြရဲ႕တိုက္စစ္ကို လူကြၽံေထာင္ေခ်ာက္နဲ႔ဖမ္းကစားသြားခဲ့ပါတယ္။





အထူးသျဖင့္ေတာ့ မက္ဆီနဲ႔ ေလာ္တာ႐ိုတို႔တြဲလုံးေတြဟာ ေဆာ္ဒီလူကြၽံေထာက္ေခ်ာက္ေအာက္မွာအႀကိမ္ႀကိမ္လဲက်ခဲ့တာေတြ႕ရပါတယ္။ ပထမပိုင္းတစ္ေလွ်ာက္မွာ
အာဂ်င္တီးနားက ေဆာ္ဒီဂိုးေပါက္ကို ၄ႀကိမ္ေလာက္အဆုံးသတ္ႏိုင္ေပမဲ့ မက္ဆီရဲ႕ပင္နယ္တီကန္ခ်က္တစ္ႀကိမ္သာဂိုးျဖစ္ခဲ့ပါတယ္။ ဒုတိယပိုင္းအစမွာေတာ့ ေဆာ္ဒီမထင္မွတ္ဘဲတိုက္စစ္ဖြင့္ခဲ့ၿပီး ၄၉မိနစ္မွာ
ေနာက္ခံလူ႐ိုမဲ႐ိုးရဲ႕လူကပ္ကစားပုံအားနည္းခ်က္ကတစ္ဆင့္ အယ္လ္ရွီရီက ေဆာ္ဒီအတြက္ေခ်ပဂိုးသြင္းယူခဲ့ၿပီး ဆက္တိုက္ဆိုသလို ၅၃မိနစ္မွာ အယ္လ္ေဒၚဆာရီက





၁၈ ကိုက္စည္းထိပ္ကေနအျပင္းကန္သြင္းၿပီး ပြဲကို႐ုတ္ခ်ည္းျပန္ဦးေဆာင္ခဲ့ပါတယ္။ စကာလိုနီဟာ မာတီနက္ဇ္၊ ဂ်ဴလီယန္အဲလ္ဗာရက္ဇ္၊ အန္ဇိုပီရက္ဇ္တို႔ကိုလူစားလဲၿပီးေခ်ပဂိုးအတြက္ျပန္ႀကိဳးစားခဲ့ပါတယ္။
ဒီပြဲအရၾကည့္ရင္ေတာ့ မက္ဆီအပါအဝင္ အာဂ်င္တီးနားကစားသမားေတြဟာ ၿပိဳင္ပြဲအတြက္လုံေလာက္တဲ့ႀကံ့ခိုင္မႈမရွိခဲ့သလို ေဆာ္ဒီနည္းျပရီနက္ဒ္ရဲ႕ပြဲခ်ဥ္းကပ္ပုံေကာင္းလြန္းတာေၾကာင့္





မထင္မွတ္ဘဲရႈံးပြဲႀကဳံခဲ့ရတာျဖစ္တယ္။