ရီဂိုဘက်ဆောင်းနဲ့ပြဿနာတက်ပြီး အိမ်ပြန်ပို့ခံခဲ့ရတဲ့ အိုနာနာ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ပြီလို့ အသိပေး

အင်တာမီလန်ဂိုးသမားအိုနာနာဟာ ကင်မရွန်းလက်ရွေးစင်

ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီလို့အတည်ပြုထုတ်ပြန်

ကြေညာလိုက်ပါတယ်။ ကမ္ဘာ့ဖလားကာလအတွင်းမှာ

နည်းပြရီဂိုဘက်ဆောင်းနဲ့ပြဿနာတက်ပြီး အိမ်ပြန်ပို့ခံခဲ့ရတဲ့

အိုနာနာဟာ လက်ရွေးစင်ကစားသမားဘဝကိုအတော်လေး

စိတ်နာသွားပုံရပါတယ်။ အင်တာမီလန်ဂိုးသမားဟာ လေ့ကျင့်ရေး

ကာလတွေမှာ ခြေထောက်ထဲဘောလုံးအချိန်ကြာကြာထားပြီး

စွန့်စားမှုတွေလုပ်နေတာကြောင့် နည်းပြရီဂိုဘက်ဆောင်းနဲ့

ပြဿနာတက်ခဲ့ပြီး အပြန်အလှန်ဆဲဆိုခဲ့ကြတယ်လို့ Marca

သတင်းစာကဖော်ပြထားပါတယ်။ လက်ရှိမှာတော့ အိုနာနာက

“ငယ်ငယ်ကတည်းက ကျွန်တော့်မိသားစုဝင်တွေဟာ

ကင်မရွန်းလူမျိုးတွေအကြောင်းကိုခွဲခြားသိမြင်နိုင်စွမ်းရှိတဲ့

အရာတိုင်းကို လက်ဆင့်ကမ်းပေးခဲ့တဲ့ Ngol Nkok ဆိုတဲ့ရွာမှာစတင်ခဲ့တာပါ။

ဒီနိုင်ငံကို ထာဝရချစ်မြတ်နိုးစိတ်က ထာဝရဆိုတာနားလည်ထားပါတယ်။

ဒီကတိကဝတ်တွေနဲ့ပတ်သတ်လို့တော့ ညှိနှိုင်းလို့မရနိုင်ပါဘူး။

မိသားစုလိုက်ပွဲစဉ်တွေကြည့်ခဲ့တာကို မှတ်မိနေသေးတယ်။

လက်ရွေးစင်ဂျာစီကို ဝတ်ဆင်ဖို့အတွက် အိပ်မက်မက်ခဲ့တယ်။

လေ့ကျင့်မှုတွေကို ဇွဲကြီးကြီးနဲ့လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ကြီးကျယ်တဲ့

အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ဂုဏ်ယူစွာပြောနိုင်ပါတယ်။

ဒါပေမဲ့ ဇာတ်လမ်းတိုင်းက ဘယ်လောင်လှပနေပါစေ၊ အဆုံးသတ်ဆိုတာ

ရှိပါတယ်။ ကင်မရွန်းလက်ရွေးစင်အသင်းနဲ့ ကျွန်တော့်ရဲ့ဇာတ်လမ်းက

ပြီးဆုံးသွားပါပြီ” လို့ အသိပေးသွားခဲ့ပါတယ်။

zawgyi

ရီဂိုဘက္ေဆာင္းနဲ႔ျပႆနာတက္ၿပီး အိမ္ျပန္ပို႔ခံခဲ့ရတဲ့ အိုနာနာ လက္ေ႐ြးစင္ကစားသမားဘဝကို အဆုံးသတ္ၿပီလို႔ အသိေပး

အင္တာမီလန္ဂိုးသမားအိုနာနာဟာ ကင္မ႐ြန္းလက္ေ႐ြးစင္

ကစားသမားဘဝကို အဆုံးသတ္လိုက္ၿပီလို႔အတည္ျပဳထုတ္ျပန္

ေၾကညာလိုက္ပါတယ္။ ကမာၻ႔ဖလားကာလအတြင္းမွာ

နည္းျပရီဂိုဘက္ေဆာင္းနဲ႔ျပႆနာတက္ၿပီး အိမ္ျပန္ပို႔ခံခဲ့ရတဲ့

အိုနာနာဟာ လက္ေ႐ြးစင္ကစားသမားဘဝကိုအေတာ္ေလး

စိတ္နာသြားပုံရပါတယ္။ အင္တာမီလန္ဂိုးသမားဟာ ေလ့က်င့္ေရး

ကာလေတြမွာ ေျခေထာက္ထဲေဘာလုံးအခ်ိန္ၾကာၾကာထားၿပီး

စြန႔္စားမႈေတြလုပ္ေနတာေၾကာင့္ နည္းျပရီဂိုဘက္ေဆာင္းနဲ႔

ျပႆနာတက္ခဲ့ၿပီး အျပန္အလွန္ဆဲဆိုခဲ့ၾကတယ္လို႔ Marca

သတင္းစာကေဖာ္ျပထားပါတယ္။ လက္ရွိမွာေတာ့ အိုနာနာက

“ငယ္ငယ္ကတည္းက ကြၽန္ေတာ့္မိသားစုဝင္ေတြဟာ

ကင္မ႐ြန္းလူမ်ိဳးေတြအေၾကာင္းကိုခြဲျခားသိျမင္ႏိုင္စြမ္းရွိတဲ့

အရာတိုင္းကို လက္ဆင့္ကမ္းေပးခဲ့တဲ့ Ngol Nkok ဆိုတဲ့႐ြာမွာစတင္ခဲ့တာပါ။

ဒီႏိုင္ငံကို ထာဝရခ်စ္ျမတ္ႏိုးစိတ္က ထာဝရဆိုတာနားလည္ထားပါတယ္။

ဒီကတိကဝတ္ေတြနဲ႔ပတ္သတ္လို႔ေတာ့ ညႇိႏႈိင္းလို႔မရႏိုင္ပါဘူး။

မိသားစုလိုက္ပြဲစဥ္ေတြၾကည့္ခဲ့တာကို မွတ္မိေနေသးတယ္။

လက္ေ႐ြးစင္ဂ်ာစီကို ဝတ္ဆင္ဖို႔အတြက္ အိပ္မက္မက္ခဲ့တယ္။

ေလ့က်င့္မႈေတြကို ဇြဲႀကီးႀကီးနဲ႔လုပ္ေဆာင္ခဲ့ၿပီးတဲ့ေနာက္ ႀကီးက်ယ္တဲ့

အိပ္မက္ကိုအေကာင္အထည္ေဖာ္ႏိုင္ခဲ့ၿပီလို႔ ဂုဏ္ယူစြာေျပာႏိုင္ပါတယ္။

ဒါေပမဲ့ ဇာတ္လမ္းတိုင္းက ဘယ္ေလာင္လွပေနပါေစ၊ အဆုံးသတ္ဆိုတာ

ရွိပါတယ္။ ကင္မ႐ြန္းလက္ေ႐ြးစင္အသင္းနဲ႔ ကြၽန္ေတာ့္ရဲ႕ဇာတ္လမ္းက

ၿပီးဆုံးသြားပါၿပီ” လို႔ အသိေပးသြားခဲ့ပါတယ္။