ရိုးရာအသင်းတွေပြီးရင် နယူးကာဆယ်အကောင်းဆုံးဖြစ်လာမယ်လို့ အလန်ရှီးယား ဟောကိန်းထုတ်

လက်ရှိချန်ပီယံ မန်စီးတီးကို အိမ်ကွင်းမှာအကောင်းဆုံးကစားပြသွားတဲ့ နယူးကာဆယ်ရဲ့ခြေစွမ်းဟာ ဂန္တဝင် ကစားသမားဟောင်းကြီး အလန်ရှီးယားကိုတောင် မနေနိုင်အောင်ဖြစ်စေခဲ့ပါတယ်။ နည်းပြဟိုဝီရဲ့ နယူးကာ ဆယ်ဟာ မန်စီးတီးကိုအိမ်ကွင်းပွဲမှာ

ဦးဆောင်ဂိုးတွေတောင်ပြန်သွင်းပြပြီး အကောင်းဆုံးဖိအားပေးကစားသွား နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအစ ၅ မိနစ်မှာ ဂန်ဒိုဂန်ရဲ့ဂိုးနဲ့ မန်စီးတီးဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာပဲ နယူးကာ ဆယ်က ချေပဂိုးနဲ့ ဦးဆောင်ဂိုးကိုပြန်သွင်းပြီး ပွဲကိုဦးဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချေပဂိုး တွေပြန်ပေးရပြီး သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပေမယ့် နယူးကာဆယ်အတွက်တော့ တန်ဖိုးရှိတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါ တယ်။ နည်းပြ ဟိုဝီအနေနဲ့ ကစားသမားတွေရဲ့ယုံကြည်ကို အမြင့်ဆုံးထိရောက်အောင် မြှင့်တင်ပေးနိုင်တဲ့ပွဲ ဖြစ်ခဲ့တာကြောင့်ပါ။

နယူးကာဆယ်ဂန္တဝင်ကစားသမားဟောင်း အလန်ရှီးယားကတော့ နည်းပြဟိုဝီအသင်းဟာ အထင်ကြီးစရာကောင်းတဲ့စတင်မှုမျိုးနဲ့ စတင်ခဲ့ပြီလို့ဆိုလိုက်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ ရိုးရာထိပ်တန်း အသင်းတွေပြီးရင် ဒီရာသီမှာ နယူးကာဆယ်ဟာ

အကောင်းဆုံးအသင်းတစ်သင်းအဖြစ် ကျန်ရစ်ခဲ့လိမ့်မယ်လို့ လည်း ချီးကျူးသွားခဲ့ပါတယ်။ ဒီရာသီမှာ နယူးကာဆယ်အနေနဲ့ ယူရိုပါကွန်းဖရန့်လိဂ်နေရာကို အနိမ့်ဆုံးရယူ ပြသွားနိုင်မယ်လို့ထင်ကြောင်းလည်းပြောခဲ့ပါတယ်။

ဒါ့အပြင် မန်စီးတီးနောက်ခံလူတွေကိုအလုပ်ရှုပ်စေခဲ့တဲ့ နယူးကာဆယ်တောင်ပံတိုက်မှူး မက်ဆီမင်အနေနဲ့ သူ့ရဲ့ခြေစွမ်းကိုအကောင်းဆုံးဆက်ထိန်းထားနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်မှာကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးဖြစ်လာလိမ့်မယ်လို့လည်း အလန်ရှီးယားက

မှတ်ချက် ပေးသွားခဲ့တာပါ။ နည်းပြ ဟိုဝီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဘုန်းမောက်ကနေ ရောက်လာတာဖြစ်ပြီး တန်းမဆင်းရရေးရုန်းကန်နေရတဲ့ နယူးကာဆယ်ကို ရာသီသိမ်းလှအောင် စွမ်းဆောင်ပေးထား နိုင်သူလည်း ဖြစ်ပါတယ်။

(zawgyi)

လက္ရွိခ်န္ပီယံ မန္စီးတီးကို အိမ္ကြင္းမွာအေကာင္းဆုံးကစားျပသြားတဲ့ နယူးကာဆယ္ရဲ႕ေျခစြမ္းဟာ ဂႏၲဝင္ ကစားသမားေဟာင္းႀကီး အလန္ရွီးယားကိုေတာင္ မေနႏိုင္ေအာင္ျဖစ္ေစခဲ့ပါတယ္။ နည္းျပဟိုဝီရဲ႕ နယူးကာ ဆယ္ဟာ မန္စီးတီးကိုအိမ္ကြင္းပြဲမွ

ာ ဦးေဆာင္ဂိုးေတြေတာင္ျပန္သြင္းျပၿပီး အေကာင္းဆုံးဖိအားေပးကစားသြား ႏိုင္ခဲ့တာျဖစ္ပါတယ္။ ပြဲအစ ၅ မိနစ္မွာ ဂန္ဒိုဂန္ရဲ႕ဂိုးနဲ႔ မန္စီးတီးဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာပဲ နယူးကာ ဆယ္က ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးကိုျပန္သြင္းၿပီး

ပြဲကိုဦးေဆာင္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ ေခ်ပဂိုး ေတြျပန္ေပးရၿပီး သေရတစ္မွတ္နဲ႔ ေက်နပ္ခဲ့ရေပမယ့္ နယူးကာဆယ္အတြက္ေတာ့ တန္ဖိုးရွိတဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့ပါ တယ္။ နည္းျပ ဟိုဝီအေနနဲ႔ ကစားသမားေတြရဲ႕ယုံၾကည္ကို အျမင့္ဆုံးထိေရာက္ေအာင္ ျ

မႇင့္တင္ေပးႏိုင္တဲ့ပြဲ ျဖစ္ခဲ့တာေၾကာင့္ပါ။ နယူးကာဆယ္ဂႏၲဝင္ကစားသမားေဟာင္း အလန္ရွီးယားကေတာ့ နည္းျပဟိုဝီအသင္းဟာ အထင္ႀကီးစရာေကာင္းတဲ့စတင္မႈမ်ိဳးနဲ႔ စတင္ခဲ့ၿပီလို႔ဆိုလိုက္ပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ရဲ႕ ႐ိုးရာထိပ္တန္း အသင္းေတြၿပီးရင္

ဒီရာသီမွာ နယူးကာဆယ္ဟာ အေကာင္းဆုံးအသင္းတစ္သင္းအျဖစ္ က်န္ရစ္ခဲ့လိမ့္မယ္လို႔ လည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။ ဒီရာသီမွာ နယူးကာဆယ္အေနနဲ႔ ယူ႐ိုပါကြန္းဖရန႔္လိဂ္ေနရာကို အနိမ့္ဆုံးရယူ ျပသြားႏိုင္မယ္လို႔ထင္ေၾကာင္းလည္းေျပာခဲ့ပါတယ္။

ဒါ့အျပင္ မန္စီးတီးေနာက္ခံလူေတြကိုအလုပ္ရႈပ္ေစခဲ့တဲ့ နယူးကာဆယ္ေတာင္ပံတိုက္မႉး မက္ဆီမင္အေနနဲ႔ သူ႔ရဲ႕ေျခစြမ္းကိုအေကာင္းဆုံးဆက္ထိန္းထားႏိုင္မယ္ဆိုရင္ ပရီးမီးယားလိဂ္မွာေၾကာက္စရာအေကာင္းဆုံးတိုက္စစ္မႉးျဖစ္လာလိမ့္မယ္လို႔လည္း အလန္ရွီးယားက

မွတ္ခ်က္ ေပးသြားခဲ့တာပါ။ နည္းျပ ဟိုဝီဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာ ဘုန္းေမာက္ကေန ေရာက္လာတာျဖစ္ၿပီး တန္းမဆင္းရေရး႐ုန္းကန္ေနရတဲ့ နယူးကာဆယ္ကို ရာသီသိမ္းလွေအာင္ စြမ္းေဆာင္ေပးထား ႏိုင္သူလည္း ျဖစ္ပါတယ္။