ယူနိုက်တက်အသင်းဟာ ကစားသမားတွေနဲ့ပက်သတ်လို့
သူတို့ကျင့်သုံးခဲ့တဲ့ရိုးရာကိုပယ်ဖျက်ပြီး ဂါနာချိုကို စာချုပ်သစ်
ချုပ်ဆိုဖို့ပြင်ဆင်နေတယ်လို့ sportbible ဖော်ပြလိုက်ပါတယ်။
သရဲနီတွေဟာ အာဂျင်တီးနားကြယ်ပွင့်ကိုစာချုပ်သစ်
ချုပ်ဆိုဖို့အတွက် တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀ နဲ့
ကမ်းလှမ်းခဲ့ပေမဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေက
ပယ်ချခဲ့တယ်လို့ သတင်းထွက်ခဲ့တာဖြစ်တယ်။
နောက်ပိုင်းမှာတော့ Daily Mirror သတင်းစာရဲ့
သတင်းထောက် ဆီမွန်ဘိတ်စ်က ယူနိုက်တက်ဟာ
ဂါနာချိုကို တစ်ပတ် ပေါင် ၃၂၀၀၀၀ နဲ့နှစ်ရှည်စာချုပ်ချုပ်ဆိုဖို့
စီစဉ်နေတယ်လို့အသိပေးလာခဲ့တာပါ။ အသက် ၁၈နှစ်အရွယ်
လူငယ်ကြယ်ပွင့်ဟာ တန်ဟတ်ရဲ့စိတ်ကြိုက်ကစားသမားဖြစ်သလို
ဒီရာသီ ဒီရာသီ ၁၆ပွဲ မှာ ၂ဂိုးသွင်း၊ ၄ကြိမ် ဖန်တီးထားနိုင်ခဲ့တာ
ဖြစ်တယ်။ နည်းပြတန်ဟတ်ကတော့ ပင်ကိုယ်စွမ်းရည်ကောင်းတဲ့
ဂါနာချိုကိုပြုစုပျိုးထောင်ဖို့လိုအပ်သေးတယ်လို့ခံယူထားတာပါ။
ဒါပေမဲ့ ဂါနာချိုနဲ့ ယူနိုက်တက်တို့ရဲ့ လက်ရှိစာချုပ်ဟာ
၂၀၂၄ အထိရှိနေပြီး ပိုမိုကောင်းမွန်တဲ့စည်းကမ်းချက်တွေနဲ့
ချုပ်နှောင်ဖို့ပြင်ဆင်ထားပါတယ်။ သရဲနီတွေဘက်က
၈နှစ် စာချုပ်သစ်ချုပ်ဆိုဖို့စိတ်ဝင်စားပေမဲ့ ကစားသမားကတော့
၄နှစ်စာချုပ်သာချုပ်ဆိုချင်နေပြီး ကလပ်ဘက်ကတော့
သမိုင်းတစ်လျှောက်ဘယ်ကစားသမားကိုမှမချုပ်ကိုင်ခဲ့ဖူးတဲ့
စာချုပ်ဖျက်ကြေးကို ထည့်သွင်းသွားမှာပဲဖြစ်တယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အာဂျင်တီးနားလူငယ်ရဲ့
စာချုပ်သစ်နဲ့ပက်သတ်လို့အမျိုးမျိုးထင်ကြေးပေးနေကြပေမဲ့
တန်ဟတ်ဟာ သူ့ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်နေတာကြောင့်
ဂါနာချိုကို အိုးလ်ထရက်ဖို့ဒ်ကဆွဲထုတ်ဖို့ မတတ်နိုင်တဲ့
အနေအထားတစ်ခုနဲ့ ထိန်းချုပ်ဖို့ရည်ရွယ်နေတာဖြစ်တယ်။
zawgyi
ရိုးရာကိုဖျက်ပြီး ဂါနာချိုရဲ့စာချုပ်သစ်ထဲမှာ စာချုပ်ဖျက်ကြေးထည့်သွင်းပြီးချုပ်ကိုင်ဖို့ ယူနိုက်တက် ပြင်ဆင်နေ
၎နှစ်စာချုပ်သာချုပ်ဆိုချင်နေပြီး ကလပ်ဘက်ကတော့