ရိုးမား – ဗီရိုနာ ဂိုးအပေါ်၊ ကြေးပြင်းသလို အနိုင်ပြတ်သားမယ့် အေစီမီလန် အဖြေရှာကြည့်မိတဲ့ စနေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
ဆမ်ဒိုးရီးယား 🆚 အမ်ပိုလီ
လတ်တလော ဆမ်ဒိုးရီးယားခြေက ယုံစားလို့မရဘူး။
ပြိုင်ပွဲစုံ နောက်ဆုံး ၉ပွဲမှာ ၁ပွဲသာနိုင်ခဲ့သလို
ဂိုးမပေးရတဲ့ပွဲကလည်း မရှိသလောက်ပါပဲ။
အမ်ပိုလီကလည်းထူးမခြားနားပါပဲ။ ပြိုင်ပွဲ စုံ ၉ပွဲဆက်နိုင်ပွဲပျောက်ပြီး
ခြေစွမ်းယိမ်းယိုင်နေတာပါ။ ခံစစ် ကိုအာရုံစိုက်လာတာမို့
အမ်ပိုလီတိုက်စစ် ဂိုးသွင်းအားကျလာ တယ်။ ရပ်တည်မှု ၇ဆင့်နိမ့်၊
ရမှတ် ၈မှတ်နည်းနေတာတောင် ဆမ်ဒိုးရီးယား =၅၀
ပေးထားရတာ မသင်္ကာစရာပါပဲ။
နောက် ဆုံးအိမ်ကွင်းပွဲမှာ ဆက်ဆူအိုလိုကို ၄ဂိုးပြတ်နိုင်ခဲ့တဲ့
ဆမ်ဒိုးရီး ယား အမှတ်ပြည့်ရသွားနိုင်တယ်။
ရွေးချယ်မှု – ဆမ်ဒိုးရီးယား
ရိုးမား 🆚 ဗီရိုနာ
ဒီရာသီ ရိုးမားခြေစွမ်းက နည်းနည်းလေးမှယုံစားလို့မရပါဘူး။
ခြေတွေ့တဲ့နေ့ဆိုရင် အတ္တလန္တာကွင်းမှာတောင် ဂိုးပြတ်နိုင်ခဲ့ ပေမယ့်
ညံ့ပြီဆိုရင်တော့ ဗီနီဇီယာနဲ့ ဘိုလော့ဂ်နာကိုရှုံး၊ ဂျီနို အာနဲ့
ဆက်ဆူအိုလိုကိုသရေကျခဲ့တဲ့အထိပါပဲ။
လက်ရှိလည်း ပြိုင်ပွဲစုံ ၃ပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်။
ဗီရိုနာက ခြေစွမ်း မာကျောသလို အင်တာ၊ လာဇီယိုနဲ့အေစီမီလန်ပြီးရင်
ဒီရာသီ တိုက်စစ်အကောင်းဆုံးပါပဲ။ ဗီရိုနာဟာ စီးရီးအေနောက်ဆုံး ၄ ပွဲမှာ
၃ပွဲနိုင်ထားသလို ရာသီအစောပိုင်းကလိုမဟုတ်တော့ဘဲ
အဝေးကွင်းခြေစွမ်းပါ တိုးတက်နေပါတယ်။
အိုလံပီကိုကွင်းမှာ တော့ ဗီရိုနာရုန်းကန်ရလေ့ရှိပြီး
နောက်ဆုံး ၁၀ပွဲမှာ ၃ပွဲရှုံးခဲ့ပါ တယ်။ ၂သင်းစလုံးကို ဘော်ဒီမရွေးရဲတာမို့
ဂိုးအပေါ်ရွေးတာ အကောင်းဆုံးဖြစ်မှာပါ။
ရွေးချယ်မှု – ဂိုးအပေါ်
ဆလာနီတာနာ 🆚 အေစီမီလန်
ကိုပါအီတာလီယာမှာ ဆီမီးတက်သွားသလို စီးရီးအေမှာလည်း
အေစီမီလန် ဦးဆောင်နေပါတယ်။ လာမယ့်မတ်လထဲမှာ
နာပို လီ၊ လာဇီယိုတို့နဲ့ကစားရဖို့ရှိတာမို့ ဇယားအောက်ဆုံးက
ဆလာ နီတာနာကို မဖြစ်မနေအနိုင်ယူထားမှာပါ။
လက်ရှိ အေစီမီလန် ခြေစွမ်းကလည်း အကောင်းဆုံးပုံစံရနေပြီး
အင်တာနဲ့ လာဇီယို ကိုတောင် အနိုင်ယူထားတာပါ။
ပြိုင်ပွဲစုံအဝေးကွင်း နောက်ဆုံး ၆ပွဲမှာလည်း အေစီမီလန် ၅ပွဲနိုင်ခဲ့ပါတယ်။
ဆလာနီတာနာက ၂ပွဲဆက်သရေရခဲ့ပေမယ့်
အေစီမီလန်ကိုယှဉ်နိုင်တဲ့ စုဖွဲ့မှုမရှိ ပါဘူး။
ကြေးပြင်းတာနဲ့အမျှ အေစီမီလန် အနိုင်ပြတ်သားမှာပါ။
ရွေးချယ်မှု – အေစီမီလန်
zawgyi
ရိုးမား ဗီရိုနာ
ဆလာနီတာနာ အေစီမီလန်