ရိုးမား၊ ဒိုင်လူကြီးနဲ့ VAR တို့အားလုံးဒီပွဲမှာ အရည်အသွေးနိမ့်ပါးခဲ့တယ်လို့ မော်ရင်ဟိုဝေဖန်

ရိုးမားအသင်းဟာ အေစီမီလန်ကို ၂ ယောက်လျော့မှုနဲ့အတူ ၃-၁ နဲ့

ရှုံးနိမ့်ပြီးတဲ့နောက် နည်းပြမော်ရင်ဟိုကသူ့ထုံးစံအတိုင်း

ဒိုင် လူကြီးကိုအပြင်းအထန်ဝေဖန်သွားပြန်ပါတယ်။

ဒါပေမယ့် ရိုးမားအသင်းရဲ့စွမ်းဆောင်ရည်နိမ့်ပါးခဲ့တာကိုတော့

သူကဝန်ခံခဲ့ပြီး အရမ်းကိုနိမ့်ကျခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဒီပွဲမှာ ရိုးမားဟာပွဲချိန်အစောပိုင်းကတည်းက ပင်နယ်တီပေးခဲ့ရပြီး

ဒါကိုအေစီတိုက်စစ် မှူး ဂီရော့ဒ်က ကန်သွင်းခဲ့လို့ ၈ မိနစ်မှာကတည်းက

တစ်ဂိုးပေးလိုက်ရတာပါ။

အေစီကတန်ပြန်တိုက်စစ်ဆင်ချိန်မှာ ရိုးမားတိုက် စစ်မှူး

အေဘရာဟမ်က ပင်နယ်တီဧရိယာထဲမှာလက်ထိဘောဖြစ်ခဲ့လို့

အဝါကတ်အပြခံခဲ့ရတဲ့အပြင်ပင်နယ်တီပါပေးလိုက်ရတာ ဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ မက်ဆီအက်စ်က အေစီအတွက်

နောက်တစ်ဂိုးသွင်းယူခဲ့လို့ ၂-၀ ဖြစ်သွားပါတယ်။ မိနစ် ၄၀ မှာ တော့

ဒီရာသီမှာရိုးမားအတွက်ဂိုးသွင်းခြေမှန်နေတဲ့ အေဘရာဟမ်က

နောက်ပေါက်နဲ့တစ်ဂိုးပြန်ချေပခဲ့လို့ ရိုးမားမျှော်လင့်ချက် ရှိခဲ့ပေမယ့်

၇၄ မိနစ်မှာ ခရက်စ်ဒေါ့ထုတ်ပယ်ခံရမှုနဲ့အတူ အခြေအနေပိုဆိုးခဲ့ပြီး

၈၁ မိနစ်မှာ ရာဖေးလီယိုက တစ်ဂိုးထပ်သွင်း ခဲ့တဲ့အတွက်

၃-၁ နဲ့အရေးနိမ့်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ အီဘရာဟီမိုဗစ်သွင်းယူတဲ့

ပင်နယ်တီမဝင်ခဲ့လို့ အခုထက်ပိုပြီးဂိုးမ ပြတ်ခဲ့တာပါ။

၉၃ မိနစ်မှာတော့ မန်ချီနီထပ်ပြီးအထုတ်ခံရတဲ့အတွက်

ရိုးမားဟာပွဲကို ၉ ယောက်တည်းနဲ့ကစားပြီးအဆုံးသတ်ခဲ့ ရပါတယ်။

ဒီပွဲမှာ ခရက်စ်ဒေါ့သာ ၇၄ မိနစ်မှာအထုတ်မခံရဘူးဆိုရင်

ရိုးမားအတွက်မျှော်လင့်ချက်ရှိနေသေးတယ်လို့ မော်ရင်ဟိုက

ယူဆပြီး ပွဲအပြီးမှာဝေဖန်မှုတွေပြုလုပ်ခဲ့တာပါ။

သူက” ၂ ဂိုးရှုံးနေတာတောင် ပွဲကိုအလှည့်အပြောင်းဖြစ်အောင်

လုပ်နိုင်တဲ့အခွင့်အရေး ကျွန်တော်တို့ဆီမှာရှိနေသေးတာပါ။

ဒါပေယ့် ခရက်စ်ဒေါ့ထုတ်ခံလိုက်ရချိန်မှာတော့

အရာရာအဆုံးသတ်သွားပါတယ်။

ဒီပွဲမှာ ဒိုင်လူကြီးရဲ့အရည်အသွေးရော VAR ရဲ့အရည်အသွေးပါ

နိမ့်ပါးခဲ့တာပါ။ အေဘရာဟမ် ဟာဘောလုံးကို

လက်မောင်းနဲ့ထိမိတာသာ ဖြစ်ပြီး တမင်ရည်ရွယ်တာလည်းမဟုတ်ခဲ့ပါဘူး။

ဒီလိုအဖြစ်ကို ပင်နယ်တီပေးရတယ်ဆိုရင် ဇန်နီအိုလိုနဲ့

အိုင်ဘာနက်ဇ် တို့ဖျက် ထုတ်ခံရမှုတွေမှာလည်း ပင်နယ်တီရသင့်တာပေါ့။

ဒီလိုမှမဟုတ်ရင်လည်း ၃ ကြိမ်စလုံးကိုပင်နယ်တီမပေးနဲ့ပေါ့။

ကျွန်တော့်အ သင်းကလည်း ဒိုင်တွေလိုဘဲစွမ်းရည်နိမ့်ပါးခဲ့ပါတယ်။

ကိုယ့်အမှားကြောင့် ဂိုးတွေကိုအလွယ်တကူပေးလိုက်ရတာဟာ

ဘယ် လောက်တောင်ဆိုးရွားသလဲဗျာ။

ဒါကြောင့် ရိုးမား၊ ဒိုင်လူကြီးနဲ့ VAR တို့အားလုံးဒီပွဲမှာ

အရည်အသွေးနိမ့်ပါးခဲ့ပါတယ်” လို့ပြော သွားပါတယ်။

zawgyi

႐ိုးမား၊ ဒိုင္လူႀကီးနဲ႔ VAR တို႔အားလုံးဒီပြဲမွာ အရည္အေသြးနိမ့္ပါးခဲ့တယ္လို႔ ေမာ္ရင္ဟိုေဝဖန္

႐ိုးမားအသင္းဟာ ေအစီမီလန္ကို ၂ ေယာက္ေလ်ာ့မႈနဲ႔အတူ ၃-၁ နဲ႔

ရႈံးနိမ့္ၿပီးတဲ့ေနာက္ နည္းျပေမာ္ရင္ဟိုကသူ႔ထုံးစံအတိုင္း

ဒိုင္ လူႀကီးကိုအျပင္းအထန္ေဝဖန္သြားျပန္ပါတယ္။

ဒါေပမယ့္ ႐ိုးမားအသင္းရဲ႕စြမ္းေဆာင္ရည္နိမ့္ပါးခဲ့တာကိုေတာ့

သူကဝန္ခံခဲ့ၿပီး အရမ္းကိုနိမ့္က်ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။

ဒီပြဲမွာ ႐ိုးမားဟာပြဲခ်ိန္အေစာပိုင္းကတည္းက ပင္နယ္တီေပးခဲ့ရၿပီး

ဒါကိုေအစီတိုက္စစ္ မႉး ဂီေရာ့ဒ္က ကန္သြင္းခဲ့လို႔ ၈ မိနစ္မွာကတည္းက

တစ္ဂိုးေပးလိုက္ရတာပါ။

ေအစီကတန္ျပန္တိုက္စစ္ဆင္ခ်ိန္မွာ ႐ိုးမားတိုက္ စစ္မႉး

ေအဘရာဟမ္က ပင္နယ္တီဧရိယာထဲမွာလက္ထိေဘာျဖစ္ခဲ့လို႔

အဝါကတ္အျပခံခဲ့ရတဲ့အျပင္ပင္နယ္တီပါေပးလိုက္ရတာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ မက္ဆီအက္စ္က ေအစီအတြက္

ေနာက္တစ္ဂိုးသြင္းယူခဲ့လို႔ ၂-၀ ျဖစ္သြားပါတယ္။ မိနစ္ ၄၀ မွာ ေတာ့

ဒီရာသီမွာ႐ိုးမားအတြက္ဂိုးသြင္းေျခမွန္ေနတဲ့ ေအဘရာဟမ္က

ေနာက္ေပါက္နဲ႔တစ္ဂိုးျပန္ေခ်ပခဲ့လို႔ ႐ိုးမားေမွ်ာ္လင့္ခ်က္ ရွိခဲ့ေပမယ့္

၇၄ မိနစ္မွာ ခရက္စ္ေဒါ့ထုတ္ပယ္ခံရမႈနဲ႔အတူ အေျခအေနပိုဆိုးခဲ့ၿပီး

၈၁ မိနစ္မွာ ရာေဖးလီယိုက တစ္ဂိုးထပ္သြင္း ခဲ့တဲ့အတြက္

၃-၁ နဲ႔အေရးနိမ့္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာ အီဘရာဟီမိုဗစ္သြင္းယူတဲ့

ပင္နယ္တီမဝင္ခဲ့လို႔ အခုထက္ပိုၿပီးဂိုးမ ျပတ္ခဲ့တာပါ။

၉၃ မိနစ္မွာေတာ့ မန္ခ်ီနီထပ္ၿပီးအထုတ္ခံရတဲ့အတြက္

႐ိုးမားဟာပြဲကို ၉ ေယာက္တည္းနဲ႔ကစားၿပီးအဆုံးသတ္ခဲ့ ရပါတယ္။

ဒီပြဲမွာ ခရက္စ္ေဒါ့သာ ၇၄ မိနစ္မွာအထုတ္မခံရဘူးဆိုရင္

႐ိုးမားအတြက္ေမွ်ာ္လင့္ခ်က္ရွိေနေသးတယ္လို႔ ေမာ္ရင္ဟိုက

ယူဆၿပီး ပြဲအၿပီးမွာေဝဖန္မႈေတြျပဳလုပ္ခဲ့တာပါ။

သူက” ၂ ဂိုးရႈံးေနတာေတာင္ ပြဲကိုအလွည့္အေျပာင္းျဖစ္ေအာင္

လုပ္ႏိုင္တဲ့အခြင့္အေရး ကြၽန္ေတာ္တို႔ဆီမွာရွိေနေသးတာပါ။

ဒါေပယ့္ ခရက္စ္ေဒါ့ထုတ္ခံလိုက္ရခ်ိန္မွာေတာ့

အရာရာအဆုံးသတ္သြားပါတယ္။

ဒီပြဲမွာ ဒိုင္လူႀကီးရဲ႕အရည္အေသြးေရာ VAR ရဲ႕အရည္အေသြးပါ

နိမ့္ပါးခဲ့တာပါ။ ေအဘရာဟမ္ ဟာေဘာလုံးကို

လက္ေမာင္းနဲ႔ထိမိတာသာ ျဖစ္ၿပီး တမင္ရည္႐ြယ္တာလည္းမဟုတ္ခဲ့ပါဘူး။

ဒီလိုအျဖစ္ကို ပင္နယ္တီေပးရတယ္ဆိုရင္ ဇန္နီအိုလိုနဲ႔

အိုင္ဘာနက္ဇ္ တို႔ဖ်က္ ထုတ္ခံရမႈေတြမွာလည္း ပင္နယ္တီရသင့္တာေပါ့။

ဒီလိုမွမဟုတ္ရင္လည္း ၃ ႀကိမ္စလုံးကိုပင္နယ္တီမေပးနဲ႔ေပါ့။

ကြၽန္ေတာ့္အ သင္းကလည္း ဒိုင္ေတြလိုဘဲစြမ္းရည္နိမ့္ပါးခဲ့ပါတယ္။

ကိုယ့္အမွားေၾကာင့္ ဂိုးေတြကိုအလြယ္တကူေပးလိုက္ရတာဟာ

ဘယ္ ေလာက္ေတာင္ဆိုး႐ြားသလဲဗ်ာ။

ဒါေၾကာင့္ ႐ိုးမား၊ ဒိုင္လူႀကီးနဲ႔ VAR တို႔အားလုံးဒီပြဲမွာ

အရည္အေသြးနိမ့္ပါးခဲ့ပါတယ္” လို႔ေျပာ သြားပါတယ္။