ဂျူဗင်တပ် 🆚 ဆက်ဆူအိုလို
ပြိုင်ပွဲစုံ ၉ပွဲဆက် ရှုံးပွဲမရှိ(၇ပွဲနိုင်၊ ၂ပွဲသရေ)တဲ့အထိဂျူဗင်တပ် ခြေမှန်နေ
ပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်ဟာစင်းလုံးချောကောင်းတဲ့အသင်းမျိုးတော့
မဟုတ်ပါဘူး။ ၅ပွဲဆက်တစ်ဂိုးထက်ပိုသွင်းနိုင်တဲ့ပွဲမရှိသလို ဒီရာသီ
ဂိုးပြတ်နိုင်တယ်ဆိုတာလည်း အင်မတန်ရှားပါတယ်။ နောက်ဆုံး ၄ပွဲမှာ
၁ပွဲသာရှုံးခဲ့သလို ဒီရာသီအဝေးကွင်းပွဲတိုင်းဂိုးသွင်းထားတဲ့ ဆက်ဆူအိုလို
ကစားပုံက ဂျူဗင်တပ်ကို အခက်တွေ့စေမှာပါ။ ဂျူဗင်တပ် နိုင်ဖို့များပေ
မယ့် ဂိုးပြတ်ဖို့မလွယ်တာမို့ ဆက်ဆူအိုလိုနဲ့စွန့်စားသင့်တယ်။
ရွေးချယ်မှု – ဆက်ဆူအိုလို
ဆမ်ဒိုးရီးယား 🆚 အတ္တလန္တာ
စပီဇီယာနဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့ပေမယ့် ပေးဂိုးများနေတဲ့ခံစစ်ကိုတော့ ဆမ်ဒိုးရီး
ယား မပြင်နိုင်သေးဘူး။ ဆမ်ဒိုးရီးယားခံစစ်ဟာ နောက်ဆုံး ၅ပွဲမှာ ၁၄ဂိုးပေးခဲ့ရပြီး
၃ဂိုးနဲ့အထက်ပေးရတာက ၄ပွဲရှိခဲ့ပါတယ်။ ကွာဂလီယာရယ်လာ၊ ကာပူတို၊
ကန်ဒရီဗာတို့ရဲ့တိုက်စစ်ကတော့ ဂိုးရအောင်သွင်းနိုင်စွမ်းရှိပါတယ်။ အတ္တလန္တာ
ခြေစွမ်းကလည်းမှန်းရခက်ပါတယ်။ အူဒီးနီးစ်ကို အိမ်ကွင်းမှာသရေသာရခဲ့သလို
ပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲမှာလည်း ဂိုးမပေးရတာ ၁ပွဲသာရှိခဲ့တာပါ။ အတ္တလန္တာ
နိုင်ရင်တောင် ၁ဂိုးလောက်တော့ပြန်ပေးရနိုင်တာမို့ဂိုးအပေါ်အကြိုက်ဆုံးပါပဲ။
ရွေးချယ်မှု – ဂိုးအပေါ်
အူဒီးနီးစ် 🆚 ဗီရိုနာ
အူဒီးနီးစ်နိုင်ပွဲပျောက်တာ ၆ပွဲဆက်ရှိပါပြီ။ အူဒီးနီးစ်ဟာ ရာသီအဖွင့် ၃ပွဲမှာ
၇မှတ်ရခဲ့ပေမယ့် အဲဒီ ၆ပွဲမှာတော့ ၃မှတ်သာရခဲ့တာပါ။ ဗီရိုနာက ရစ်သမ်မှန်
နေပြီး နောက်ဆုံး ၆ပွဲမှာ ၁ပွဲသာရှုံးခဲ့သလို ပွဲတိုင်း၂ဂိုးနဲ့အထက်သွင်းနိုင်ခဲ့တာပါ။
လာဇီယိုကို တစ်ဦးတည်း ၄ဂိုးသွင်းခဲ့တဲ့ဆီမြွန်နီကို အူဒီးနီးစ်ခံစစ်ထိန်းနိုင်မှာ
မဟုတ်ဘူး။ မီလန်မြို့ခံ ၂သင်းပြီးရင် ဒီရာသီတိုက်စစ်အကောင်းဆုံး ဗီရိုနာ
အနိမ့်ဆုံးသရေရမှာပါ။
ရွေးချယ်မှု – ဗီရိုနာ
ကက်ဂလီယာရီ 🆚 ရိုးမား
ရိုးမားရဲ့အကျောပေးမှုက ၁+၇၀ ကနေ ၁+၂၀ ကိုတက်လာတယ်။ ကက်ဂလီ
ယာရီက နည်းပြသစ်မက်ဇာရီလက်ထက် အားရစရာလုံးဝမရှိဘဲ ဇယားအောက်
ဆုံးတောင်ဆင်းသွားပါပြီ။ ကက်ဂလီယာရီရဲ့ဒီရာသီရှုံးပွဲ ၅ပွဲလုံးကလည်း ဂိုးပြတ်
ရှုံးပွဲတွေချည်းပါပဲ။ ပြိုင်ပွဲစုံ၃ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ ရိုးမားကတော့ နိုင်ပွဲပြန်ရဖို့
အသည်းအသန်လိုအပ်နေပါပြီ။ မော်ရင်ညိုက ကျဉ်းထဲကျပ်ထဲဆို ဖောက်ထွက်
နိုင်စွမ်းရှိသူပါ။ စီးရီးအေအဝေးကွင်း ၃ပွဲဆက်ရှုံးထားတာကိုချေဖျက်ပြီး ရိုးမား
နိုင်ပွဲပြန်ရမယ်လို့ထင်တယ်။ ရိုးမားအပေါ်စုံရွေးဖို့ လက်တို့ပါရစေ။
ရွေးချယ်မှု – ရိုးမား / ဂိုးအပေါ်
အမ်ပိုလီ 🆚 အင်တာမီလန်
အမ်ပိုလီက အိမ်ကွင်းထက် အဝေးကွင်းပိုစွာတာပါ။ဂျီနိုအာပြီးရင် ဒီရာသီ
အိမ်ကွင်းအညံ့ဆုံးဖြစ်နေပြီး၅ပွဲကစား ၄ပွဲရှုံးထားတယ်။ အိမ်ကွင်းပွဲတိုင်း ၁ပွဲ
အနည်းဆုံး ၂ဂိုးပေးထားရတဲ့ခံစစ်ကလည်း အားနည်းလွန်းပါတယ်။ နောက်ဆုံး
၄ပွဲမှာ ၁ပွဲသာနိုင်ခဲ့တာမို့ အေစီမီလန်၊ နာပိုလီတို့နဲ့ အမှတ်ကွာဟချက်ပိုများ
လာတဲ့ အင်တာကတော့ နိုင်ပွဲပြန်ရချိန်တန်ပါပြီ။ နည်းပြအင်ဇာဂီ ပွဲကြီးကြပ်ခွင့်
အပိတ်ခံထားရပေမယ့် အင်တာရဲ့အနိုင်ရလိုစိတ်ကို သက်ရောက်စေမယ်လို့
မထင်ဘူး။ အင်တာ အနိုင်ပြတ်သားဖို့များပြီး လိုရမယ်ရ ဂိုးအပေါ်နဲ့တွဲရွေးရမှာပါ။
ရွေးချယ်မှု – အင်တာမီလန် / ဂိုးအပေါ်
လာဇီယို 🆚 ဖီအိုရင်တီးနား
ဗီရိုနာကို အရှက်တကွဲရှုံးခဲ့ရတာမို့ လာဇီယိုဥက္ကဋ္ဌလိုတီတို ဒေါသပေါက်ကွဲနေပါတယ်။
နည်းပြ ဆာရီလည်း နိုင်ပွဲတစ်ပွဲအမြန်ဆုံးယူပြနိုင်မှသာ ဖိအားသက်သာမှာပါ။
လာဇီယိုဟာ အိုလံပီကိုမှာတော့ ပုံစံကောင်းရနေဆဲဖြစ်ပြီး ဒီရာသီစီးရီးအေအိမ်ကွင်း
၄ပွဲမှာ ၁၀မှတ်ရထားပါတယ်။ ဖီအိုကလည်း နိုင်ပွဲပြန်ရခဲ့ပေမယ့် ယုံစားလို့မရပါဘူး။
ရိုးမား၊ အင်တာနဲ့ နာပိုလီတို့ကိုရှုံးခဲ့တာကြည့်ရင်လည်း အသင်းကြီးတွေကိုမယှဉ်နိုင်
တာထင်ရှားပါတယ်။ ကြေးမကြည့်ဘဲ နိုင်ပွဲလိုနေတဲ့ လာဇီယိုနဲ့လက်တွဲရမှာပါ။
ရွေးချယ်မှု – လာဇီယို
Zawgyi
ရိုးမားအပေါ်စုံ၊ အင်တာမီလန်အပေါ်စုံနဲ့ လာဇီယိုဘော်ဒီ (ကောင်းပိုင်)
အူဒီးနီးစ် 🆚 ဗီရိုနာ
အနိမ့်ဆုံးသရေရမှာပါ။
ရွေးချယ်မှု – ဗီရိုနာ
ကက်ဂလီယာရီ 🆚 ရိုးမား
အမ်ပိုလီ 🆚 အင်တာမီလန်
၎ပွဲမှာ ၁ပွဲသာနိုင်ခဲ့တာမို့ အေစီမီလန်၊ နာပိုလီတို့နဲ့ အမှတ်ကွာဟချက်ပိုများ
ရွေးချယ်မှု – လာဇီယို