ရိုမီယူကို ပြန်ဖြဲဖို့အတွက် ဥမင်လမ်းထဲမှာ စောင့်ဆိုင်းနေခဲ့တဲ့ ဂရီလစ်ရှ်

မန်စီးတီးကွင်းလယ်လူ ဂရီလစ်ရှ်ဟာ သူနဲ့ကွင်းထဲမှာငြိခဲ့တဲ့

ဆောက်သမ်တန်က ရိုမီယူ ကိုပြန်ဖြဲဖို့အတွက် ဥမင်လမ်းထဲမှာ

စောင့်ဆိုင်းနေခဲ့တယ်လို့ ဆောက်သမ်တန်နည်းပြ

ဟာဆန်ဟက်တဲလ် ကဖွင့်ဟလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ ကွင်းထဲမှာအ ခြေအတင်ဖြစ်ခဲ့ကြပြီး

ပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ ဂရီလစ်ရှ်ဟာ ဒုတိယပိုင်းမှာ

ဘတ်နာရက်ခ်ရဲ့ဖျက်ထုတ်ခြင်းကိုခံရချိန် မှာ

ဟန်အမူအရာပိုခဲ့တယ်လို့ ရိုမီယူက စွပ်စွဲခဲ့တာပါ။

ဂရီလစ်ရှ်လဲကျချိန်မှာ ရိုမီယူက အနားကပ်ခါအော်ဟစ်ခဲ့ရာကစပြီး

သူ တို့နှစ်ယောက်ပြဿနာစခဲ့ကြတာပါ။

ဒါကြောင့်လည်း ဂရီလစ်ရှ်ကပြန်ထလာပြီး ရိုမီယူကိုတွန်းခဲ့တာကြောင့်

အခြေအနေဆိုး ရွားဖို့ဖြစ်ခဲ့တာပါ။

ဒါပေမယ့်နှစ်ဖက်ကစားသမားတွေက သူတို့ကိုဖြန်ဖြေပေးခဲ့ရသလို

ဒိုင်လူကြီး ဆိုင်မွန်ကူးပါးကလည်းနှစ်ဦး စလုံးကို ခွဲခြားပေးခဲ့ရပါတယ်။

ဒါပေမယ့် ဂရီလစ်ရှ်ကဒေါသထွက်နေသေးလို့

သူတို့ရဲ့ပြဿနာကိုဆက်ဖို့အတွက် ပွဲအပြီးဥမင်လမ်းထဲမှာစောင့်နေခဲ့တာဖြစ် ပြီး

နှစ်ဖက်ကစားသမားတွေကလည်း သူတို့တွေပြဿနာပိုကြီးမားသွားမှာကို

စိုးရိမ်ခဲ့ကြပါသေးတယ်။

ဟာဆန်ဟက်တဲလ်က ” ကွင်းထဲမှာပြဿနာအနည်းငယ်ဖြစ်ခဲ့လို့

ဂရီလစ်ရှ်က မကျေမနပ်ဖြစ်ပြီး ဥမင်လမ်းထဲမှာစောင့်ဆိုင်းနေခဲ့ပါတယ်။

ဒါပေမယ့် ကင်မရာတွေမရှိတဲ့နေရာဖြစ်လို့

သူတို့တွေဖြစ်ကြတာကိုဘယ်သူမှတော့ မတွေ့ခဲ့ပါဘူး။

အေးအေးဆေးဆေးနဲ့အဆုံးသတ် သွားခဲ့တာကိုတော့

ကျေနပ်ပါတယ်” လို့ပြောသွားပါတယ်။

မန်စီးတီးအသင်း နောက်ခံလူ လာပေါ်တီကလည်း

ဂရီလစ်ရှ်ဟာဒီ ဖြစ်ရပ်မှာ တော်တော်လေးဒေါသထွက်နေခဲ့တာကို

တွေ့ခဲ့ရတယ်လို့ ပြောသွားပါတယ်။

ဥမင်လမ်းထဲကဖြစ်ရပ်နဲ့ပတ်သက်ပြီး ကွင်းလယ်ဒိုင်က

သူ့ပွဲအစီအရင်ခံစာထဲမှာ ထည့်သွင်းရေးသားခဲ့သလားဆိုတာ

ရှင်းလင်းစွာမသိရသေးပေမယ့် အက်ဖ်အေက တော့

ဘာမှစုံစမ်းဖို့မရှိဘူးလို့တော့ သိရပါတယ်။

zawgyi

႐ိုမီယူကို ျပန္ၿဖဲဖို႔အတြက္ ဥမင္လမ္းထဲမွာ ေစာင့္ဆိုင္းေနခဲ့တဲ့ ဂရီလစ္ရွ္

မန္စီးတီးကြင္းလယ္လူ ဂရီလစ္ရွ္ဟာ သူနဲ႔ကြင္းထဲမွာၿငိခဲ့တဲ့

ေဆာက္သမ္တန္က ႐ိုမီယူ ကိုျပန္ၿဖဲဖို႔အတြက္ ဥမင္လမ္းထဲမွာ

ေစာင့္ဆိုင္းေနခဲ့တယ္လို႔ ေဆာက္သမ္တန္နည္းျပ

ဟာဆန္ဟက္တဲလ္ ကဖြင့္ဟလိုက္ပါတယ္။

သူတို႔ႏွစ္ဦးဟာ ကြင္းထဲမွာအ ေျခအတင္ျဖစ္ခဲ့ၾကၿပီး

ေပါင္သန္း ၁၀၀ တန္ေၾကးရွိတဲ့ ဂရီလစ္ရွ္ဟာ ဒုတိယပိုင္းမွာ

ဘတ္နာရက္ခ္ရဲ႕ဖ်က္ထုတ္ျခင္းကိုခံရခ်ိန္ မွာ

ဟန္အမူအရာပိုခဲ့တယ္လို႔ ႐ိုမီယူက စြပ္စြဲခဲ့တာပါ။

ဂရီလစ္ရွ္လဲက်ခ်ိန္မွာ ႐ိုမီယူက အနားကပ္ခါေအာ္ဟစ္ခဲ့ရာကစၿပီး

သူ တို႔ႏွစ္ေယာက္ျပႆနာစခဲ့ၾကတာပါ။

ဒါေၾကာင့္လည္း ဂရီလစ္ရွ္ကျပန္ထလာၿပီး ႐ိုမီယူကိုတြန္းခဲ့တာေၾကာင့္

အေျခအေနဆိုး ႐ြားဖို႔ျဖစ္ခဲ့တာပါ။

ဒါေပမယ့္ႏွစ္ဖက္ကစားသမားေတြက သူတို႔ကိုျဖန္ေျဖေပးခဲ့ရသလို

ဒိုင္လူႀကီး ဆိုင္မြန္ကူးပါးကလည္းႏွစ္ဦး စလုံးကို ခြဲျခားေပးခဲ့ရပါတယ္။

ဒါေပမယ့္ ဂရီလစ္ရွ္ကေဒါသထြက္ေနေသးလို႔

သူတို႔ရဲ႕ျပႆနာကိုဆက္ဖို႔အတြက္ ပြဲအၿပီးဥမင္လမ္းထဲမွာေစာင့္ေနခဲ့တာျဖစ္ ၿပီး

ႏွစ္ဖက္ကစားသမားေတြကလည္း သူတို႔ေတြျပႆနာပိုႀကီးမားသြားမွာကို

စိုးရိမ္ခဲ့ၾကပါေသးတယ္။

ဟာဆန္ဟက္တဲလ္က ” ကြင္းထဲမွာျပႆနာအနည္းငယ္ျဖစ္ခဲ့လို႔

ဂရီလစ္ရွ္က မေက်မနပ္ျဖစ္ၿပီး ဥမင္လမ္းထဲမွာေစာင့္ဆိုင္းေနခဲ့ပါတယ္။

ဒါေပမယ့္ ကင္မရာေတြမရွိတဲ့ေနရာျဖစ္လို႔

သူတို႔ေတြျဖစ္ၾကတာကိုဘယ္သူမွေတာ့ မေတြ႕ခဲ့ပါဘူး။

ေအးေအးေဆးေဆးနဲ႔အဆုံးသတ္ သြားခဲ့တာကိုေတာ့

ေက်နပ္ပါတယ္” လို႔ေျပာသြားပါတယ္။

မန္စီးတီးအသင္း ေနာက္ခံလူ လာေပၚတီကလည္း

ဂရီလစ္ရွ္ဟာဒီ ျဖစ္ရပ္မွာ ေတာ္ေတာ္ေလးေဒါသထြက္ေနခဲ့တာကို

ေတြ႕ခဲ့ရတယ္လို႔ ေျပာသြားပါတယ္။

ဥမင္လမ္းထဲကျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ကြင္းလယ္ဒိုင္က

သူ႔ပြဲအစီအရင္ခံစာထဲမွာ ထည့္သြင္းေရးသားခဲ့သလားဆိုတာ

ရွင္းလင္းစြာမသိရေသးေပမယ့္ အက္ဖ္ေအက ေတာ့

ဘာမွစုံစမ္းဖို႔မရွိဘူးလို႔ေတာ့ သိရပါတယ္။