ရိုမီယိုရဲ့အရပ်ကိုမမီလို့ခြေဖျားထောက်ထားပေမယ့် ဖုံးခဲ့သမျှပေါ်တဲ့ ဘက်ခမ်း

ဒေးဗစ်ဘက်ခမ်းတို့မိသားစု ရဲ့ခရစ္စမတ်ဓါတ်ပုံကို သူ့ဇနီးဖြစ်တဲ့

ဗစ်တိုးရီးယားက အင်စတာဂရမ်ပေါ်တင်ခဲ့ပါတယ်။ ဒီဓါတ်ပုံမှာ

သူတို့လင်မယားအပြင် ကလေး ၄ ယောက်ဖြစ်တဲ့ ဘရွတ်ကလင်း၊

ရိုမီယို၊ ခရုဇ်နဲ့ သမီးဖြစ်တဲ့ ဟာပါဆဲဗင်း တို့လည်းပါဝင်ခဲ့ပြီး

ခန့်ညားလွန်းတဲ့သူတို့မိသားစုပုံကို အားလုံးကအားကျခဲ့ရပါတယ်။

စပိုက်စ်ဂဲလ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဗစ်တိုးရီးယားက

သူ့ရဲ့  Followers ၂၉.၃ သန်းရှိတဲ့ အင်စတာဂရမ်မှာပုံတင်ပြီး’

ဘက်ခမ်းဆီက ခရစ္စမတ်အနမ်းတွေ’လို့လည်း ပုံစာရေးသားခဲ့ပါတယ်။

ဒါပေမယ့် ဘက်ခမ်းအတွက်ရှက်စရာဖြစ်ခဲ့ရတာကဘေးမှာရပ်နေတဲ့

သူ့သားလတ်ဖြစ်တဲ့ ရိုမီယိုရဲ့အရပ်ကိုမီအောင်လို့ ခြေဖျားထောက်ထားတာကို

သတိထားမိခဲ့တဲ့ပရိသတ်တွေရှိခဲ့တာပါဘဲ။ ဒီပုံကိုအမှတ်တမဲ့ကြည့်ရင်

ဘက်ခမ်းအခုလိုလုပ်ထားတာမသိသာပေမယ့် အမြင်စူးရှလွန်းတဲ့ပရိသတ်အချို့က

တွေ့ဖြစ်အောင်တွေ့ခဲ့တာပါ။ အသက် ၄၆ နှစ်ရှိပြီး အင်တာမိုင်ယာမီအသင်းရဲ့ပိုင်ရှင်နဲ့

ဥက္ကဌဖြစ်တဲ့ ဘက်ခမ်းဟာအရပ် ၅ ပေ ၁၁ လက်မမြင့်တဲ့သူဖြစ်ပြီး

သူ့ရဲ့ဒေါက်မြင့်ရှူးဖိနပ်နဲ့ ‌ခြေဖျားပါထောက်ထားတာတောင်သားဖြစ်သူ

ရိုမီယိုရဲ့အရပ်ကိုမီဖို့အနည်းငယ်လိုနေသေးတာပါ။ ဖခင်ရဲ့ခြေရာကိုနင်းပြီး

ဘောလုံးသမားဖြစ်နေတဲ့ ရိုမီယိုရဲ့အရပ်ဟာ ၆ ပေ ၁ လက်မမြင့်မယ်လို့ခန့်မှန်းနေကြပါတယ်။

ဒါကြောင့်လည်း ပရိသတ်တစ်ဦးက မှတ်ချက်ပေးရာမှာ”စောင့်ပါဦးဟ။

ဒေးဗစ်ကခြေဖျားထောက်နေတုန်း” ဆိုပြီးရေးသားခဲ့ပါတယ်။

နောက်တစ်ယောက်ကလည်း ”ဒေးဗစ်ကခြေဖျားထောက်ပြီး ရပ်နေတယ်ဟ။

ပျော်စရာကြီးပါ။ ဟော်လန်ကနေMerry Christmas ပါ” လို့ဆိုခဲ့ပါတယ်။

နောက်တစ်ဦးက” အံ့အားသင့်စရာကောင်းတဲ့ ဓါတ်ပုံဘဲ။

မစ္စတာဘက်ခမ်းခြေဖျားထောက်နေတာလေ”၊ နောက်ထပ်တစ်ယောက်ကလည်း”

သူ့သားတွေရဲ့အရပ်ကိုမီအောင်လို့ ဘက်ခမ်းခြေဖျားထောက်နေတာ ချစ်စရာပါဘဲ။

ကောင်းချီးတွေရရှိပါစေ’ လို့ရေးသားခဲ့ကြပါတယ်။

ဘက်ခမ်းရဲ့တတိယမြောက်သားဖြစ်တဲ့ ခရုဇ်ဟာအသက် ၁၆ နှစ်ရှိပြီး

အရပ်က ၅ ပေ ၇ လက်မမြင့်ပါတယ်။ သားအကြီးဆုံးဖြစ်တဲ့

ဘရွက်ကလင်းကလည်း ရိုမီယိုနည်းတူအရပ် ၆ ပေ ၁ လက်မမြင့်ပါတယ်။

zawgyi

႐ိုမီယိုရဲ႕အရပ္ကိုမမီလို႔ေျခဖ်ားေထာက္ထားေပမယ့္ ဖုံးခဲ့သမွ်ေပၚတဲ့ ဘက္ခမ္း

ေဒးဗစ္ဘက္ခမ္းတို႔မိသားစု ရဲ႕ခရစၥမတ္ဓါတ္ပုံကို သူ႔ဇနီးျဖစ္တဲ့

ဗစ္တိုးရီးယားက အင္စတာဂရမ္ေပၚတင္ခဲ့ပါတယ္။ ဒီဓါတ္ပုံမွာ

သူတို႔လင္မယားအျပင္ ကေလး ၄ ေယာက္ျဖစ္တဲ့ ဘ႐ြတ္ကလင္း၊

႐ိုမီယို၊ ခ႐ုဇ္နဲ႔ သမီးျဖစ္တဲ့ ဟာပါဆဲဗင္း တို႔လည္းပါဝင္ခဲ့ၿပီး

ခန႔္ညားလြန္းတဲ့သူတို႔မိသားစုပုံကို အားလုံးကအားက်ခဲ့ရပါတယ္။

စပိုက္စ္ဂဲလ္အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဗစ္တိုးရီးယားက

သူ႔ရဲ႕  Followers ၂၉.၃ သန္းရွိတဲ့ အင္စတာဂရမ္မွာပုံတင္ၿပီး’

ဘက္ခမ္းဆီက ခရစၥမတ္အနမ္းေတြ’လို႔လည္း ပုံစာေရးသားခဲ့ပါတယ္။

ဒါေပမယ့္ ဘက္ခမ္းအတြက္ရွက္စရာျဖစ္ခဲ့ရတာကေဘးမွာရပ္ေနတဲ့

သူ႔သားလတ္ျဖစ္တဲ့ ႐ိုမီယိုရဲ႕အရပ္ကိုမီေအာင္လို႔ ေျခဖ်ားေထာက္ထားတာကို

သတိထားမိခဲ့တဲ့ပရိသတ္ေတြရွိခဲ့တာပါဘဲ။ ဒီပုံကိုအမွတ္တမဲ့ၾကည့္ရင္

ဘက္ခမ္းအခုလိုလုပ္ထားတာမသိသာေပမယ့္ အျမင္စူးရွလြန္းတဲ့ပရိသတ္အခ်ိဳ႕က

ေတြ႕ျဖစ္ေအာင္ေတြ႕ခဲ့တာပါ။ အသက္ ၄၆ ႏွစ္ရွိၿပီး အင္တာမိုင္ယာမီအသင္းရဲ႕ပိုင္ရွင္နဲ႔

ဥကၠဌျဖစ္တဲ့ ဘက္ခမ္းဟာအရပ္ ၅ ေပ ၁၁ လက္မျမင့္တဲ့သူျဖစ္ၿပီး

သူ႔ရဲ႕ေဒါက္ျမင့္ရႉးဖိနပ္နဲ႔ ‌ေျခဖ်ားပါေထာက္ထားတာေတာင္သားျဖစ္သူ

႐ိုမီယိုရဲ႕အရပ္ကိုမီဖို႔အနည္းငယ္လိုေနေသးတာပါ။ ဖခင္ရဲ႕ေျခရာကိုနင္းၿပီး

ေဘာလုံးသမားျဖစ္ေနတဲ့ ႐ိုမီယိုရဲ႕အရပ္ဟာ ၆ ေပ ၁ လက္မျမင့္မယ္လို႔ခန႔္မွန္းေနၾကပါတယ္။

ဒါေၾကာင့္လည္း ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးရာမွာ”ေစာင့္ပါဦးဟ။

ေဒးဗစ္ကေျခဖ်ားေထာက္ေနတုန္း” ဆိုၿပီးေရးသားခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကလည္း ”ေဒးဗစ္ကေျခဖ်ားေထာက္ၿပီး ရပ္ေနတယ္ဟ။

ေပ်ာ္စရာႀကီးပါ။ ေဟာ္လန္ကေနMerry Christmas ပါ” လို႔ဆိုခဲ့ပါတယ္။

ေနာက္တစ္ဦးက” အံ့အားသင့္စရာေကာင္းတဲ့ ဓါတ္ပုံဘဲ။

မစၥတာဘက္ခမ္းေျခဖ်ားေထာက္ေနတာေလ”၊ ေနာက္ထပ္တစ္ေယာက္ကလည္း”

သူ႔သားေတြရဲ႕အရပ္ကိုမီေအာင္လို႔ ဘက္ခမ္းေျခဖ်ားေထာက္ေနတာ ခ်စ္စရာပါဘဲ။

ေကာင္းခ်ီးေတြရရွိပါေစ’ လို႔ေရးသားခဲ့ၾကပါတယ္။

ဘက္ခမ္းရဲ႕တတိယေျမာက္သားျဖစ္တဲ့ ခ႐ုဇ္ဟာအသက္ ၁၆ ႏွစ္ရွိၿပီး

အရပ္က ၅ ေပ ၇ လက္မျမင့္ပါတယ္။ သားအႀကီးဆုံးျဖစ္တဲ့

ဘ႐ြက္ကလင္းကလည္း ႐ိုမီယိုနည္းတူအရပ္ ၆ ေပ ၁ လက္မျမင့္ပါတယ္။