စပါယ်ရှယ်ဝမ်းဟာ ရောမကလပ်မှာ ငွေကြေးထောက်ပံ့မှုနဲ့ပက်သတ်လို့
စိတ်ပျက်ခဲ့ပြီးနောက် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို
တတိယအကြိမ်မြောက်ပြန်လာတော့မယ်လို့ Dailymail က
ဖော်ပြလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဘက်က လက်ရှိနည်းပြဂရေဟမ်
ပေါ်တာကိုထောက်ခံထားပေမဲ့ မော်ရင်ဟိုရဲ့ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ
ဒီရာထူးကို တတိယအကြိမ်မြောက်တာဝန်ယူဖို့အတွက် စိတ်ဝင်တစား
ရှိနေကြတာဖြစ်တယ်။ မော်ရင်ဟိုရဲ့ဇနီးနဲ့ သားသမီးတွေဟာ
လန်ဒန်မှာအခြေချနေထိုင်နေတာဖြစ်လို့ စပါယ်ရှယ်ဝမ်းအနေနဲ့
ပရီးမီးယားလိဂ်မှာ တာဝန်ထမ်းဆောင်ဖို့အမြဲတမ်းနှစ်သက်ခဲ့ပါတယ်။
ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ရာသီမှာ ရိုးမားနဲ့အတူ ယူရိုပါကွန်းဖရန့်လိဂ်
ချန်ပီယံဖြစ်ခဲ့ပြီး ဒီရာသီမှာတော့ အမှတ်ပေးဇယားအဆင့် ၅နေရာ
ရပ်တည်နေသလို စကူဒက်တိုချန်ပီယံဆုအတွက်တိုက်ပွဲဝင်ဖို့
အခြေအနေနည်းပါးနေတာဖြစ်တယ်။ မော်ရင်ဟိုကိုယ်တိုင်က
ရာသီလယ်မှာ ရိုးမားကိုကျောခိုင်းဖို့မရှိပေမဲ့ ဒေးဗစ်မိုယက်စ်ရဲ့
ရုန်းကန်နေရမှုတွေကြောင့် မကြာခင်မှာ ဝက်စ်ဟမ်းနည်းပြရာထူးကို
ရွေးချယ်ခွင့်ရှိနေပါတယ်။ သေချာတာကတော့ လက်ရှိချဲလ်ဆီး
အသင်းပိုင်ရှင်တော့ဒ်ဘိုလေရဲ့ ငွေကြေးသုံးစွဲပုံနဲ့ မော်ရင်ဟိုရဲ့
စီမံချက်တွေသာပူးပေါင်းလိုက်မယ်ဆိုရင် လန်ဒန်ကလပ်က
တကျော့ပြန်အောင်မြင်မှုတွေဆီသွားဖို့အလားအလာကောင်းသွားနိုင်မှာဖြစ်တယ်။
zawgyi
ရိုမားအသင်းမှာ ငွေကြေးထောက်ပံ့မှုမရလို့စိတ်ပျက်နေတဲ့ မော်ကြီး ပရီးမီးယားလိဂ် ပြန်လာတော့မယ်…