ရိုင်ယန် ကန့်ထ်ရဲ့စွမ်းဆောင်ရည်ကို ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ စောင့်ကြည့်နေကြတော့မယ်လို့အိုဝင် ဟားဂရိဗ်စ် ပြောကြား

ယူနိုက်တက်အသင်းရဲ့ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရိဗ်စ်က

သူ့အနေနဲ့ ဒေါ့မွန်အသင်းကို ယူရိုပါလိဂ်မှာ အနိုင်ယူခဲ့တဲ့

ရိန်းဂျားစ်အသင်းမှာ ရိုင်ယန် ကန့်ထ်ရဲ့စွမ်းဆောင်ရည်ကြောင့်

အံ့အားသင့်ခဲ့ရပြီး ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့

လီဗာပူးတောင်ပံကစားသမားဟောင်းကို

အခုဆိုစောင့်ကြည့်နေကြတော့မယ်လို့ ပြောသွားခဲ့ပါတယ်။

ရိန်းဂျားစ်အသင်းအနေနဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ

ဒေါ့မွန်အသင်းကို ဂျာမန်မြေမှာတင် ၂-၄ ဂိုးနဲ့ အံ့အားသင့်ဖွယ်အနိုင်ယူခဲ့ပြီး

နောက်တစ်ဆင့်တက်ဖို့အတွက် စိတ်ချရလောက်တဲ့

အနေအထားမျိုးကို အရယူသွားနိုင်ခဲ့ပါတယ်။

ဟားဂရိဗ်စ်က “ကျွန်တော့်အနေနဲ့ ရိုင်ယန် ကန့်ထ်ကစားတာကို

ကြည့်နေရတာကို သဘောကျတယ်။ နည်းစနစ်ပိုင်းအရဆို

သူက လုံးဝကို အံ့ဩစရာပါပဲ။ ဖရွန့်ခ် ရီဘယ်ရီအနေနဲ့

ဘိုင်ယန်မြူးနစ်အသင်းအတွက် လုပ်ပေးခဲ့တာတွေနဲ့တောင် တူခဲ့တယ်”

“သူ့ခြေထောက်ထဲမှာ ဘောလုံးရှိနေရင် လုံးဝကို သူက ထူးခြားတယ်။

ကစားသမားတွေကို ကျော်ဖြတ်ပြီးပြေးတာက

သူ့ရဲ့ အကြီးမားဆုံး အရည်အချင်းတစ်ခုပါပဲ”


“ပရီးမီးယားလိဂ်ကလပ်တွေကလည်း သူ့ကိုစောင့် ကြည့်နေကြလိမ့်မယ်။”လို့

ဒေါ့မွန်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ကန့်ထ်ကို ရိန်းဂျားစ်အသင်းအနေနဲ့

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတုန်းက အပြီးသတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး

အန်ဖီးလ်အကယ်ဒမီမှာ ဆယ်စုနှစ် ၁ ခုနီးပါးကြာအောင် နေခဲ့ပေမယ့်လည်း

စကော့တလန်ကို မပြောင်းမီမှာ လီဗာပူးအသင်းကြီးအတွက်

၁ ကြိမ်သာပွဲထွက်ကစားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

zawgyi

႐ိုင္ယန္ ကန႔္ထ္ရဲ႕စြမ္းေဆာင္ရည္ကို ပရီးမီးယားလိဂ္ကလပ္ေတြအေနနဲ႔ ေစာင့္ၾကည့္ေနၾကေတာ့မယ္လို႔အိုဝင္ ဟားဂရိဗ္စ္ ေျပာၾကား

ယူႏိုက္တက္အသင္းရဲ႕ကြင္းလယ္လူေဟာင္း အိုဝင္ ဟားဂရိဗ္စ္က

သူ႔အေနနဲ႔ ေဒါ့မြန္အသင္းကို ယူ႐ိုပါလိဂ္မွာ အႏိုင္ယူခဲ့တဲ့

ရိန္းဂ်ားစ္အသင္းမွာ ႐ိုင္ယန္ ကန႔္ထ္ရဲ႕စြမ္းေဆာင္ရည္ေၾကာင့္

အံ့အားသင့္ခဲ့ရၿပီး ပရီးမီးယားလိဂ္ကလပ္ေတြအေနနဲ႔

လီဗာပူးေတာင္ပံကစားသမားေဟာင္းကို

အခုဆိုေစာင့္ၾကည့္ေနၾကေတာ့မယ္လို႔ ေျပာသြားခဲ့ပါတယ္။

ရိန္းဂ်ားစ္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ

ေဒါ့မြန္အသင္းကို ဂ်ာမန္ေျမမွာတင္ ၂-၄ ဂိုးနဲ႔ အံ့အားသင့္ဖြယ္အႏိုင္ယူခဲ့ၿပီး

ေနာက္တစ္ဆင့္တက္ဖို႔အတြက္ စိတ္ခ်ရေလာက္တဲ့

အေနအထားမ်ိဳးကို အရယူသြားႏိုင္ခဲ့ပါတယ္။

ဟားဂရိဗ္စ္က “ကြၽန္ေတာ့္အေနနဲ႔ ႐ိုင္ယန္ ကန႔္ထ္ကစားတာကို

ၾကည့္ေနရတာကို သေဘာက်တယ္။ နည္းစနစ္ပိုင္းအရဆို

သူက လုံးဝကို အံ့ဩစရာပါပဲ။ ဖ႐ြန႔္ခ္ ရီဘယ္ရီအေနနဲ႔

ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ လုပ္ေပးခဲ့တာေတြနဲ႔ေတာင္ တူခဲ့တယ္”

“သူ႔ေျခေထာက္ထဲမွာ ေဘာလုံးရွိေနရင္ လုံးဝကို သူက ထူးျခားတယ္။

ကစားသမားေတြကို ေက်ာ္ျဖတ္ၿပီးေျပးတာက

သူ႔ရဲ႕ အႀကီးမားဆုံး အရည္အခ်င္းတစ္ခုပါပဲ”

“ပရီးမီးယားလိဂ္ကလပ္ေတြကလည္း သူ႔ကိုေစာင့္ ၾကည့္ေနၾကလိမ့္မယ္။”လို႔

ေဒါ့မြန္အသင္းနဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္အၿပီးမွာ ေျပာခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ရွိ ကန႔္ထ္ကို ရိန္းဂ်ားစ္အသင္းအေနနဲ႔

၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလတုန္းက အၿပီးသတ္ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး

အန္ဖီးလ္အကယ္ဒမီမွာ ဆယ္စုႏွစ္ ၁ ခုနီးပါးၾကာေအာင္ ေနခဲ့ေပမယ့္လည္း

စေကာ့တလန္ကို မေျပာင္းမီမွာ လီဗာပူးအသင္းႀကီးအတြက္

၁ ႀကိမ္သာပြဲထြက္ကစားခဲ့ဖူးတာလည္း ျဖစ္ပါတယ္။