ရိုင်ယန်ဂစ် အလိုရှိတဲ့အချိန်တိုင်း လိုက်လျောပေးခဲ့ရတာပဲလို့ ဂရီဗီလီ ထွက်ဆို

ရိုင်ယန်ဂစ် အလိုရှိတဲ့ အချိန်တိုင်းနဲ့ တောင်းဆိုတဲ့အခါတိုင်းမှာ နည်းလမ်းပေါင်းစုံနဲ့ လိုက်လျောပေးခဲ့ရပြီး ကျွန်တစ်ယောက်လိုပဲ ဆက်ဆံခံခဲ့ရတယ်လို့ ရည်းစားဟောင်းဖြစ်သူ ကိတ်ဂရီဗီလီက တရားရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂစ်ဟာ

မန်ယူကစားသမားဟောင်းတစ်ဦးဖြစ်သလို ဝေလလက်ရွေးစင်အသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ရည်းစားဟောင်းဖြစ်သူ ဂရီဗီလီကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် တရားရုံးတော်မှာ အမှုရင်ဆိုင်နေရသူပါ။

ရုံးတော်မှာ အပြန်အလှန် စစ်ဆေးမေးမြန်းချက်တွေအရ မန်ချက်စတာတရားရုံးတော်ကို ဂရီဗီလီက အခုလိုမျိုး ထွက်ဆိုခဲ့တာပါ။ ‘’ သူက သူပြောတဲ့အတိုင်း ကျွန်မ လုပ်ကို လုပ်ရမယ်ဆိုတဲ့ အချိုးမျိုး ချိုးခဲ့တာပါ။ အဲဒီလို မလုပ်ဘူးဆိုရင် အကျိုးဆက်တွေ ရှိလာမယ်ဆိုပြီးပေါ့လေ’’ လို့ ဂရီဗီလီက ဆိုပါတယ်။

ဒါပေမဲ့ ဂစ်ကတော့ အဲဒီ ထွက်ဆိုချက်အားလုံး ငြင်းဆန်တဲ့အပြင် စွဲချက်တင်ထားတဲ့ အမှုအားလုံးကိုလည်း ငြင်းဆန်ထားပါတယ်။ သက်သေ အထောက်အထား အမျိုးမျိုးကိုလည်း ရဲတပ်ဖွဲ့ထံအပ်နှံဖို့အတွက် တရားလိုဖြစ်သူ ဂရီဗီလီက သဘောတူခဲ့ပြီး အဲဒီ သက်သေတွေထဲမှာ

ပြီးခဲ့တဲ့ နှစ်ပတ်ကြာကမှ ဖြစ်ပျက်ခဲ့တဲ့ အခင်းဖြစ်ပွားမှု သက်သေနှစ်ခုလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အခုလိုမျိုး ရုံးတော်ကို လျှောက်လဲချက်တွေနဲ့ ရဲတပ်ဖွဲ့ဆီမှာ ထွက်ဆိုချက်အားလုံးဟာ ခိုင်မာမှန်ကန်မှုရှိရဲ့လားလို့ တရားခံရဲ့ရှေ့နေဖြစ်သူ

မစ္စတာဒေါက မေးမြန်းရာမှာတော့ အားလုံးဟာ ရာနှုန်းပြည့် အမှန်အကန်တွေပါပဲလို့ သူမက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ‘’ ကျွန်မက အားနည်းချက်ရှိနေတဲ့ အနေအထားမျိုးမှာ သူက အဲဒီအချက်အပေါ် အခွင့်ကောင်းယူခဲ့တာပါ’’ လို့ သူမက ပြောခဲ့ပါတယ်။

ကျွန်တစ်ယောက်လို ဆက်ဆံခံခဲ့ရတာနဲ့ ပတ်သက်ပြီးလည်း ဂရီဗီလီက ‘’ဒါကတော့ အဲဒီလိုမျိုး ခံစားခဲ့ရတာပါ။ ဂစ်က တစ်ခုခုလုပ်လို့ ပြောပြီဆိုရင် ကျွန်မ လုပ်ရတာပေါ့။ တစ်ခါတလေမှာတော့ တောင့်ခံထားတာမျိုးတော့ ရှိတာပေါ့။

ဒါပေမဲ့ သူပြောတဲ့အတိုင်း ကျွန်မ လုပ်ကို လုပ်ရမယ်လို့ သူက သဘောထားနေခဲ့တာ။ အဲဒီလိုမျိုးမှ မဟုတ်ရင် အကျိုးဆက်တွေ ရှိလာနိုင်တာမျိုးပါ’’ လို့ ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

(zawgyi)

႐ိုင္ယန္ဂစ္ အလိုရွိတဲ့ အခ်ိန္တိုင္းနဲ႔ ေတာင္းဆိုတဲ့အခါတိုင္းမွာ နည္းလမ္းေပါင္းစုံနဲ႔ လိုက္ေလ်ာေပးခဲ့ရၿပီး ကြၽန္တစ္ေယာက္လိုပဲ ဆက္ဆံခံခဲ့ရတယ္လို႔ ရည္းစားေဟာင္းျဖစ္သူ ကိတ္ဂရီဗီလီက တရား႐ုံးေတာ္မွာ ထြက္ဆိုခဲ့ပါတယ္။ အသက္ ၄၈ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ဂစ္ဟာ မန္ယူကစားသမားေဟာင္းတစ္ဦးျဖစ္သလို

ေဝလလက္ေ႐ြးစင္အသင္းကိုလည္း ကိုင္တြယ္ခဲ့ဖူးသူျဖစ္ပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ရည္းစားေဟာင္းျဖစ္သူ ဂရီဗီလီကို ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈနဲ႔ အၾကမ္းဖက္မႈေတြေၾကာင့္ တရား႐ုံးေတာ္မွာ အမႈရင္ဆိုင္ေနရသူပါ။ ႐ုံးေတာ္မွာ အျပန္အလွန္ စစ္ေဆးေမးျမန္းခ်က္ေတြအရ မန္ခ်က္စတာတရား႐ုံးေတာ္ကို

ဂရီဗီလီက အခုလိုမ်ိဳး ထြက္ဆိုခဲ့တာပါ။ ‘’ သူက သူေျပာတဲ့အတိုင္း ကြၽန္မ လုပ္ကို လုပ္ရမယ္ဆိုတဲ့ အခ်ိဳးမ်ိဳး ခ်ိဳးခဲ့တာပါ။ အဲဒီလို မလုပ္ဘူးဆိုရင္ အက်ိဳးဆက္ေတြ ရွိလာမယ္ဆိုၿပီးေပါ့ေလ’’ လို႔ ဂရီဗီလီက ဆိုပါတယ္။ ဒါေပမဲ့ ဂစ္ကေတာ့ အဲဒီ ထြက္ဆိုခ်က္အားလုံး ျငင္းဆန္တဲ့အျပင္ စြဲခ်က္တင္ထားတဲ့

အမႈအားလုံးကိုလည္း ျငင္းဆန္ထားပါတယ္။ သက္ေသ အေထာက္အထား အမ်ိဳးမ်ိဳးကိုလည္း ရဲတပ္ဖြဲ႕ထံအပ္ႏွံဖို႔အတြက္ တရားလိုျဖစ္သူ ဂရီဗီလီက သေဘာတူခဲ့ၿပီး အဲဒီ သက္ေသေတြထဲမွာ ၿပီးခဲ့တဲ့ ႏွစ္ပတ္ၾကာကမွ ျဖစ္ပ်က္ခဲ့တဲ့ အခင္းျဖစ္ပြားမႈ သက္ေသႏွစ္ခုလည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

အခုလိုမ်ိဳး ႐ုံးေတာ္ကို ေလွ်ာက္လဲခ်က္ေတြနဲ႔ ရဲတပ္ဖြဲ႕ဆီမွာ ထြက္ဆိုခ်က္အားလုံးဟာ ခိုင္မာမွန္ကန္မႈရွိရဲ႕လားလို႔ တရားခံရဲ႕ေရွ႕ေနျဖစ္သူ မစၥတာေဒါက ေမးျမန္းရာမွာေတာ့ အားလုံးဟာ ရာႏႈန္းျပည့္ အမွန္အကန္ေတြပါပဲလို႔ သူမက ျပန္လည္ေျဖၾကားခဲ့ပါတယ္။

‘’ ကြၽန္မက အားနည္းခ်က္ရွိေနတဲ့ အေနအထားမ်ိဳးမွာ သူက အဲဒီအခ်က္အေပၚ အခြင့္ေကာင္းယူခဲ့တာပါ’’ လို႔ သူမက ေျပာခဲ့ပါတယ္။ ကြၽန္တစ္ေယာက္လို ဆက္ဆံခံခဲ့ရတာနဲ႔ ပတ္သက္ၿပီးလည္း ဂရီဗီလီက ‘’ဒါကေတာ့ အဲဒီလိုမ်ိဳး ခံစားခဲ့ရတာပါ။

ဂစ္က တစ္ခုခုလုပ္လို႔ ေျပာၿပီဆိုရင္ ကြၽန္မ လုပ္ရတာေပါ့။ တစ္ခါတေလမွာေတာ့ ေတာင့္ခံထားတာမ်ိဳးေတာ့ ရွိတာေပါ့။ ဒါေပမဲ့ သူေျပာတဲ့အတိုင္း ကြၽန္မ လုပ္ကိုလုပ္ရမယ္လို႔ သူက သေဘာထားေနခဲ့တာ။ အဲဒီလိုမ်ိဳးမွ မဟုတ္ရင္ အက်ိဳးဆက္ေတြ ရွိလာႏိုင္တာမ်ိဳးပါ’’ လို႔ ႐ုံးေတာ္မွာ ထြက္ဆိုခဲ့ပါတယ္။