
မက်ဆီတစ်ယောက် ပိုချက်တီနိုရဲ့ နည်းစနစ်ပိုင်းနဲ့ လူထုတ်ပုံတွေအပေါ်
မယုံကြည်နိုင်ဖြစ်နေပြီး နည်းပြအပေါ် အထင်ကြီးလေးစားမှုမရှိဘူးလို့
သတင်းတွေထွက်ပေါ်ပါတယ်။ အခြားသတင်းတွေအရလည်း
ပိုချက်တီနိုအနေနဲ့ အဝတ်လဲခန်းအတွင်းမှာ မက်ဆီအပြင် အခြားသော
ကစားသမားတွေရဲ့ ယုံကြည်မှုနဲ့ လေးစားမှုကိုပါ ဆုံးရှုံးသွားပြီလို့ သိရှိရပါတယ်။
ဒါ့အပြင် လူးဝစ်ဆွာရက်ဇ်ကလီယွန်နယ်မက်ဆီမှာပြင်သစ်ရဲ့
အေးလွန်းတဲ့ရာသီဥတုကြောင့်ပီအက်စ်ဂျီတွင်
ဒုက္ခရောက်နေကြောင်းဖွင့်ဟပြောကြားလာပါတယ်။
ဆွာရက်ဇ်က “အေးလှတဲ့ရာသီအောက်မှာကစားနေရတယ်လို့
သူကပြောပြပါတယ်။ဆီးနှင်းတွေကြောင့်သူဒုက္ခရောက်နေပါတယ်။
အဲဒီမှာကရာသီဥတုကဒီလိုဆိုတော့သူ့အနေနဲ့
အသားကျအောင်တော့လုပ်ရပါမယ်”လို့ပြောကြားသွားပါတယ်။
PSG ရဲ့ လတ်တလောရလဒ်တွေကအကျဘက်ကို ယိမ်းယိုင်နေခဲ့ပါပြီ။
အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄) ပွဲမှာ (၁) ပွဲသာ
အနိုင်ရရှိခဲ့ပြီး လန်းစ်၊ နိုက်စ်တို့နဲ့သရေကျခဲ့ကာ
မန်စီးတီးကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် PSG အနေနဲ့ လက်ရှိ ပြင်သစ်လီဂူးအမှတ်ပေးဇယားမှာ
(၁၇) ပွဲ ကစား၊ (၄၂) မှတ်နဲ့ အဆင့် (၁) မှာ ရပ်တည်နေပါတယ်။
zawgyi
ရာသီဥတုကတစ္မ်ိဳး နည္းျပကတစ္ဖုံ စိတ္ညစ္ေနရတဲ့ မက္ဆီ
မက္ဆီတစ္ေယာက္ ပိုခ်က္တီႏိုရဲ႕ နည္းစနစ္ပိုင္းနဲ႔ လူထုတ္ပုံေတြအေပၚ
မယုံၾကည္ႏိုင္ျဖစ္ေနၿပီး နည္းျပအေပၚ အထင္ႀကီးေလးစားမႈမရွိဘူးလို႔
သတင္းေတြထြက္ေပၚပါတယ္။ အျခားသတင္းေတြအရလည္း
ပိုခ်က္တီႏိုအေနနဲ႔ အဝတ္လဲခန္းအတြင္းမွာ မက္ဆီအျပင္ အျခားေသာ
ကစားသမားေတြရဲ႕ ယုံၾကည္မႈနဲ႔ ေလးစားမႈကိုပါ ဆုံးရႈံးသြားၿပီလို႔ သိရွိရပါတယ္။
ဒါ့အျပင္ လူးဝစ္ဆြာရက္ဇ္ကလီယြန္နယ္မက္ဆီမွာျပင္သစ္ရဲ႕
ေအးလြန္းတဲ့ရာသီဥတုေၾကာင့္ပီအက္စ္ဂ်ီတြင္
ဒုကၡေရာက္ေနေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။
ဆြာရက္ဇ္က “ေအးလွတဲ့ရာသီေအာက္မွာကစားေနရတယ္လို႔
သူကေျပာျပပါတယ္။ဆီးႏွင္းေတြေၾကာင့္သူဒုကၡေရာက္ေနပါတယ္။
အဲဒီမွာကရာသီဥတုကဒီလိုဆိုေတာ့သူ႔အေနနဲ႔
အသားက်ေအာင္ေတာ့လုပ္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။
PSG ရဲ႕ လတ္တေလာရလဒ္ေတြကအက်ဘက္ကို ယိမ္းယိုင္ေနခဲ့ပါၿပီ။
အသင္းက ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ (၄) ပြဲမွာ (၁) ပြဲသာ
အႏိုင္ရရွိခဲ့ၿပီး လန္းစ္၊ ႏိုက္စ္တို႔နဲ႔သေရက်ခဲ့ကာ
မန္စီးတီးကို ခ်န္ပီယံလိဂ္မွာ ရႈံးနိမ့္ခဲ့ပါတယ္။
ဒါေပမယ့္ PSG အေနနဲ႔ လက္ရွိ ျပင္သစ္လီဂူးအမွတ္ေပးဇယားမွာ
(၁၇) ပြဲ ကစား၊ (၄၂) မွတ္နဲ႔ အဆင့္ (၁) မွာ ရပ္တည္ေနပါတယ္။