ရာသီအကုန်မှာ ဒီဘားလားကို အလွတ်နဲ့ထွက်ခွာခွင့်ပြုတော့မယ်လို့ ဂျူဗင်တပ်စ် အတည်ပြု

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားအနေနဲ့ ဇန်နဝါရီလအတွင်း

တိုက်စစ်မှူး ဗလာဟိုဗစ် ရောက်လာပြီးနောက် အသင်းရဲ့
ပရောဂျက်မှာ အဓိကနေရာမှာ မရှိတော့ဘဲ လာမယ့်နွေရာသီမှာ
အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့်ပေးမယ်လို့
ဂျူဗင်တပ်စ်အသင်းစီအီးအို မော်ရီဇီယိုအရီဗာဘီနီက ပြောပါတယ်။
ဒီဘားလားရဲ့လက်ရှိစာချုပ်သက်တမ်းက ယခုရာသီအကုန်မှာ

ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့
ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဇန်နဝါရီလအတွင်း ဖီအိုရင်တီးနားကနေ
ပေါင် ၆၂သန်းနဲ့ ဗလာဟိုဗစ် ရောက်လာတာက
ဒီဘားလားရဲ့ဂျူဗင်တပ်စ်ကစားသမားဘဝ

၇နှစ်တာကာလကို အဆုံးသတ်စေဖို့ ဖြစ်လာခဲ့ပြီး
ယခုအခါ ဂျူဗင်တပ်စ်က ဒီဘားလားကို
စာချုပ်သစ်ချုပ်ဆိုဖို့ မကမ်းလှမ်းတော့ပါဘူး။
”ဆွေးနွေးမှုတွေက ရင်းနှီးဖော်ရွေပြီး ရှင်းရှင်းလင်းလင်းနဲ့
လေးစားမှုတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ

အရမ်းကို ဟန်ဆောင်မှုကင်းစွာနဲ့ ချဉ်းကပ်ခဲ့တာပါ။
ဗလာဟိုဗစ် ရောက်လာတာတော့ ဒီဘားလားလည်း
အသင်းရဲ့ပရောဂျက်မှာ အဓိကမကျတော့ပါဘူး။
ဒါကြောင့်လည်း အခုလို ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ။
ဗလာဟိုဗစ် ရောက်လာတာက အနေအထားကို

ပြောင်းလဲစေခဲ့တာပါ။ အသင်းရဲ့ပရောဂျက်က နည်းနည်းပြောင်းလဲသွားပါတယ်”လို့
မော်ရီဇီယိုအရီဗာဘီနီက ပြောပါတယ်။
ဂျူဗင်တပ်စ်ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ အောက်တိုဘာလက
အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားကို ကမ်းလှမ်းခဲ့ပြီး
စာချုပ်သစ်မချုပ်ဆိုတော့ဖို့ အခုလိုမဆုံးဖြတ်ခင်

လစာလျှော့ယူဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။
ဒီဘားလားကို ကမ်းလှမ်းဖို့ အရင်တုန်းက ပရီးမီးယားလိဂ်
ကလပ်အသင်းအများအပြား ဆက်သွယ်ချဉ်းကပ်ခဲ့ဖူးပြီး
ယူနိုက်တက်၊ လီဗာပူးနဲ့ စပါးတို့လည်း ပါဝင်ပါတယ်။
ဒီဘားလားဟာ ယခုရာသီမှာ ခြေစွမ်းပြနေပြီး

ပြိုင်ပွဲစုံ ၂၉ပွဲမှာ ၁၃ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ကြိမ်ပြုလုပ်ပေးထားပါတယ်။
သူဟာ ၂၀၁၅ ခုနှစ်က ပါလာမိုကနေ ဂျူဗင်တပ်စ်ကို
ရောက်လာတာဖြစ်ပြီး အသင်းအတွက် ၂၈၃ ပွဲမှာ
၁၁၃ ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းနဲ့အတူ
စီးရီးအေဖလား ၅ကြိမ်နဲ့ ကိုပါအီတာလီယာဖလား ၄ကြိမ်အပါအဝင်

အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့ပါတယ်။

Zawgyi

ရာသီအကုန္မွာ ဒီဘားလားကို အလြတ္နဲ႔ထြက္ခြာခြင့္ျပဳေတာ့မယ္လုိ႔ ဂ်ဴဗင္တပ္စ္ အတည္ျပဳ

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားအေနနဲ႔ ဇန္န၀ါရီလအတြင္း
တုိက္စစ္မွဴး ဗလာဟိုဗစ္ ေရာက္လာၿပီးေနာက္ အသင္းရဲ႕
ပေရာဂ်က္မွာ အဓိကေနရာမွာ မရွိေတာ့ဘဲ လာမယ့္ေႏြရာသီမွာ
အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းကေန ထြက္ခြာခြင့္ေပးမယ္လုိ႔
ဂ်ဴဗင္တပ္စ္အသင္းစီအီးအို ေမာ္ရီဇီယိုအရီဗာဘီနီက ေျပာပါတယ္။

ဒီဘားလားရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ယခုရာသီအကုန္မွာ
ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အသင္းနဲ႔ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖုိ႔
ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
ဒါေပမဲ့ ဇန္န၀ါရီလအတြင္း ဖီအုိရင္တီးနားကေန
ေပါင္ ၆၂သန္းနဲ႔ ဗလာဟိုဗစ္ ေရာက္လာတာက

ဒီဘားလားရဲ႕ဂ်ဴဗင္တပ္စ္ကစားသမားဘ၀
၇ႏွစ္တာကာလကို အဆုံးသတ္ေစဖုိ႔ ျဖစ္လာခဲ့ၿပီး
ယခုအခါ ဂ်ဴဗင္တပ္စ္က ဒီဘားလားကို
စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ မကမ္းလွမ္းေတာ့ပါဘူး။
”ေဆြးေႏြးမႈေတြက ရင္းႏွီးေဖာ္ေရြၿပီး ရွင္းရွင္းလင္းလင္းနဲ႔

ေလးစားမႈေတြရွိခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ဟာ
အရမ္းကို ဟန္ေဆာင္မႈကင္းစြာနဲ႔ ခ်ဥ္းကပ္ခဲ့တာပါ။
ဗလာဟိုဗစ္ ေရာက္လာတာေတာ့ ဒီဘားလားလည္း
အသင္းရဲဲ႕ပေရာဂ်က္မွာ အဓိကမက်ေတာ့ပါဘူး။
ဒါေၾကာင့္လည္း အခုလုိ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တာပါ။

ဗလာဟိုဗစ္ ေရာက္လာတာက အေနအထားကို
ေျပာင္းလဲေစခဲ့တာပါ။ အသင္းရဲ႕ပေရာဂ်က္က နည္းနည္းေျပာင္းလဲသြားပါတယ္”လုိ႔
ေမာ္ရီဇီယိုအရီဗာဘီနီက ေျပာပါတယ္။
ဂ်ဴဗင္တပ္စ္ဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖုိ႔ ေအာက္တုိဘာလက
အာဂ်င္တီးနားလက္ေရြးစင္ ဒီဘားလားကို ကမ္းလွမ္းခဲ့ၿပီး

စာခ်ဳပ္သစ္မခ်ဳပ္ဆုိေတာ့ဖို႔ အခုလိုမဆုံးျဖတ္ခင္
လစာေလွ်ာ့ယူဖုိ႔ ကမ္းလွမ္းခဲ့ပါေသးတယ္။
ဒီဘားလားကို ကမ္းလွမ္းဖုိ႔ အရင္တုန္းက ပရီးမီးယားလိဂ္
ကလပ္အသင္းအမ်ားအျပား ဆက္သြယ္ခ်ဥ္းကပ္ခဲ့ဖူးၿပီး
ယူႏုိက္တက္၊ လီဗာပူးနဲ႔ စပါးတုိ႔လည္း ပါ၀င္ပါတယ္။

ဒီဘားလားဟာ ယခုရာသီမွာ ေျခစြမ္းျပေနၿပီး
ၿပိဳင္ပြဲစုံ ၂၉ပြဲမွာ ၁၃ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၆ႀကိမ္ျပဳလုပ္ေပးထားပါတယ္။
သူဟာ ၂၀၁၅ ခုႏွစ္က ပါလာမုိကေန ဂ်ဴဗင္တပ္စ္ကို
ေရာက္လာတာျဖစ္ၿပီး အသင္းအတြက္ ၂၈၃ ပြဲမွာ
၁၁၃ ဂိုးသြင္းယူႏိုင္ခဲ့သလို အသင္းနဲ႔အတူ

စီးရီးေအဖလား ၅ႀကိမ္နဲ႔ ကိုပါအီတာလီယာဖလား ၄ႀကိမ္အပါအ၀င္
ေအာင္ျမင္မႈအမ်ားအျပား ရယူႏုိင္ခဲ့ပါတယ္။