ရာသီသစ်မှာ အွန်နရီလက်သစ်အဖြစ် အန်ကီတီးယားကို မြင်တွေ့ရတော့မှာလား

အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်း

ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး အန်ကီတီးယားကို
ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ အန်ကီတီးယားဟာ
ဒီလအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ
ဖြစ်ပေမယ့် အာဆင်နယ်အသင်းက

စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာပါ။
ပြီးခဲ့တဲ့အပတ်က The Sun သတင်းစာရဲ့
ဖော်ပြချက်အရ အန်ကီတီးယားဟာ
စာချုပ်သစ်အရ တစ်ပတ်လုပ်ခလစာ
ပေါင် ၁၀၀၀၀၀ ရလိမ့်မယ်လို့ သိရပြီး

အဲဒီအတိုင်းဆိုရင် လက်ရှိလစာထက်
နှစ်ဆ ပိုများသွားမှာဖြစ်ပါတယ်။
အန်ကီတီးယားဟာ အာဆင်နယ်အသင်းရဲ့
အကယ်ဒမီကနေ ထွက်ပေါ်လာပြီး
အသက် ၁၄ နှစ်မှာ အသင်းကို

စရောက်လာတာဖြစ်သလို လူငယ်အသင်းတွေမှာ
အဆင့်ဆင့်ကစားလာပြီးနောက် ၂၀၁၇ မှာ
အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။
သူဟာ ၂၀၂၀ ခုနှစ်က အသင်းနဲ့အတူ
ကွန်မြူနတီဒိုင်းနဲ့ အက်ဖ်အေဖလားတွေ

ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက
အသင်းရဲ့ဦးစားပေးတိုက်စစ်မှူးဖြစ်လာပြီး
အထူးသဖြင့် ချဲလ်ဆီးကို ၂-၄ ဂိုးနဲ့
အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အန်ကီတီးယားဟာ အသင်းရဲ့

ဂန္ထဝင်ကျောနံပါတ်တစ်ခုဖြစ်တဲ့ ကျောနံပါတ်
၁၄ ဂျာစီကိုလည်း ဝတ်ဆင်ခွင့်ရမှာဖြစ်ပြီး
နောက်ဆုံးဝတ်ဆင်ခဲ့တာက
အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်းဖြစ်သလို
ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ ဝတ်ဆင်ခဲ့တဲ့

ကျောနံပါတ်လည်းဖြစ်ပါတယ်။
အူဘာမီယန်းဟာ နည်းပြအာတီတာ၊
အသင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး
အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဇန်နဝါရီလက
ဘာစီလိုနာကို ရောက်သွားခဲ့ပါတယ်။

Zawgyi

ရာသီသစ္မွာ အြန္နရီလက္သစ္အျဖစ္ အန္ကီတီးယားကို ျမင္ေတြ႕ရေတာ့မွာလား
အာဆင္နယ္အသင္းဟာ စာခ်ဳပ္သက္တမ္း

ကုန္ဆုံးေတာ့မယ့္ တုိက္စစ္မွဴး အန္ကီတီးယားကို
ကာလရွည္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလုိက္ၿပီျဖစ္ပါတယ္။
အသက္ ၂၂ ႏွစ္အရြယ္ရွိ အန္ကီတီးယားဟာ
ဒီလအကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာ
ျဖစ္ေပမယ့္ အာဆင္နယ္အသင္းက

စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖုိ႔ ကမ္းလွမ္းခဲ့တာပါ။
ၿပီးခဲ့တဲ့အပတ္က The Sun သတင္းစာရဲ႕
ေဖာ္ျပခ်က္အရ အန္ကီတီးယားဟာ
စာခ်ဳပ္သစ္အရ တစ္ပတ္လုပ္ခလစာ
ေပါင္ ၁၀၀၀၀၀ ရလိမ့္မယ္လုိ႔ သိရၿပီး

အဲဒီအတိုင္းဆုိရင္ လက္ရွိလစာထက္
ႏွစ္ဆ ပိုမ်ားသြားမွာျဖစ္ပါတယ္။
အန္ကီတီးယားဟာ အာဆင္နယ္အသင္းရဲ႕
အကယ္ဒမီကေန ထြက္ေပၚလာၿပီး
အသက္ ၁၄ ႏွစ္မွာ အသင္းကို

စေရာက္လာတာျဖစ္သလုိ လူငယ္အသင္းေတြမွာ
အဆင့္ဆင့္ကစားလာၿပီးေနာက္ ၂၀၁၇ မွာ
အသင္းႀကီးအတြက္ စတင္ပြဲထြက္ခြင့္ရခဲ့ပါတယ္။
သူဟာ ၂၀၂၀ ခုႏွစ္က အသင္းနဲ႔အတူ
ကြန္ျမဴနတီဒိုင္းနဲ႔ အက္ဖ္ေအဖလားေတြ

ရယူႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီက
အသင္းရဲ႕ဦးစားေပးတုိက္စစ္မွဴးျဖစ္လာၿပီး
အထူးသျဖင့္ ခ်ဲလ္ဆီးကို ၂-၄ ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ အန္ကီတီးယားဟာ အသင္းရဲ႕

ဂႏၳ၀င္ေက်ာနံပါတ္တစ္ခုျဖစ္တဲ့ ေက်ာနံပါတ္
၁၄ ဂ်ာစီကိုလည္း ၀တ္ဆင္ခြင့္ရမွာျဖစ္ၿပီး
ေနာက္ဆုံး၀တ္ဆင္ခဲ့တာက
အသင္းေခါင္းေဆာင္ေဟာင္း အူဘာမီယန္းျဖစ္သလုိ
ဂႏၳ၀င္တုိက္စစ္မွဴး အြန္နရီ ၀တ္ဆင္ခဲ့တဲ့

ေက်ာနံပါတ္လည္းျဖစ္ပါတယ္။
အူဘာမီယန္းဟာ နည္းျပအာတီတာ၊
အသင္းတာ၀န္ရွိသူေတြနဲ႔ ဆက္ဆံေရး
အဆင္မေျပျဖစ္ခဲ့ၿပီးေနာက္ ဇန္န၀ါရီလက
ဘာစီလုိနာကို ေရာက္သြားခဲ့ပါတယ္။