ရာသီသစ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ပထမဆုံးထုတ်ပယ်ခံလိုက်ရတဲ့နည်းပြအဖြစ် စာရင်းဝင်သွားတဲ့ အိုနေးလ်

စတုတ်စီးတီးနည်းပြ မီချယ်အိုနေးလ်ဟာ ဒီရာသီချန်ပီယံပြိုင်ပွဲရဲ့ ပထမဆုံးထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြဖြစ်သွား ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အဆင့်(၁၄)သာရပ်တည်နိုင်ခဲ့တဲ့ စတုတ်စီးတီးဟာ

ဒီရာသီပွဲစဉ်(၅)အပြီးမှာ တစ်ပွဲ သာအနိုင်ရခဲ့သလို Carabao ဖလားပြိုင်ပွဲမှာလည်း လိဂ်ဝမ်းကလပ် မိုကမ်ဘီကိုပင်နယ်တီနဲ့ရှံးပြီး ပထမအဆင့်မှာ ပဲထွက်လိုက်ရတာပါ။ ရာသီအစကတည်းက

စတုတ်စီးတီးရဲ့ပွဲထွက်က လှပခဲ့တာမဟုတ်ပါဘူး။ မီဝေါလ်ကို အဝေးကွင်းမှာရှုံးပြီး ရာသီသစ်ကိုစတင်ထားရတာဖြစ်ပါတယ်။ အဲဒီနောက် အိမ်ကွင်းပွဲမှာ ဘလက်ပူးလ်ကိုအနိုင်ခဲ့ ပေမယ့်

ဟက်ဒါဖီးလ်၊ မစ်ဒယ်ဘရော့၊ ဆန်းဒါးလန်းတို့နဲ့ပွဲတွေမှာ ရလဒ်တွေဆက်တိုက်ဆိုးခဲ့ပြီး နည်းပြ အိုနေးလ် လည်း ထုတ်ပယ်ခံလိုက်ရတာဖြစ်တယ်။ လက်ရှိမှာ တန်းဆင်းဇုန်အထက် အဆင့်(၂၁)နေရာကို

ရောက်နေတဲ့ စတုတ်စီးတီးဟာ နည်းပြသစ်အဖြစ် ဆမ်ဒိုင်ချီ ကိုခန့်အပ်ဖို့ သတင်းတွေတော့ထွက်နေပါတယ်။ နည်းပြ ဆမ်ဒိုင်ချီ ဟာလည်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့တဲ့ ဘန်လေကနေ

ထုတ်ပယ်ခံထားရတဲ့သူဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ စတုတ်စီးတီးကို စတင်တာဝန်ယူခဲ့တဲ့ နည်းပြ အိုနေးလ်ဟာ နည်းပြသက်တမ်းတစ်လျှောက် အသင်း ပေါင်း ၇သင်းကိုကိုင်တွယ်ခဲ့ဖူးတာဖြစ်ပါတယ်။

အခုတော့ ဒီရာသီ အင်္ဂလန်လိဂ်ပြိုင်ပွဲတွေထဲမှာ လိဂ်တူးကလပ် ရော့ဒဲလ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ စတော့ခ်ဒဲလ်ပြီးရင် ဒုတိယမြောက်ထုတ်ပယ်ခံရတဲ့ နည်းပြအဖြစ် လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။

(zawgyi)

စတုတ္စီးတီးနည္းျပ မီခ်ယ္အိုေနးလ္ဟာ ဒီရာသီခ်န္ပီယံၿပိဳင္ပြဲရဲ႕ ပထမဆုံးထုတ္ပယ္ခံလိုက္ရတဲ့ နည္းျပျဖစ္သြား ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္(၁၄)သာရပ္တည္ႏိုင္ခဲ့တဲ့ စတုတ္စီးတီးဟာ

ဒီရာသီပြဲစဥ္(၅)အၿပီးမွာ တစ္ပြဲ သာအႏိုင္ရခဲ့သလို Carabao ဖလားၿပိဳင္ပြဲမွာလည္း လိဂ္ဝမ္းကလပ္ မိုကမ္ဘီကိုပင္နယ္တီနဲ႔ရွံးၿပီး ပထမအဆင့္မွာ ပဲထြက္လိုက္ရတာပါ။ ရာသီအစကတည္းက

စတုတ္စီးတီးရဲ႕ပြဲထြက္က လွပခဲ့တာမဟုတ္ပါဘူး။ မီေဝါလ္ကို အေဝးကြင္းမွာရႈံးၿပီး ရာသီသစ္ကိုစတင္ထားရတာျဖစ္ပါတယ္။ အဲဒီေနာက္ အိမ္ကြင္းပြဲမွာ ဘလက္ပူးလ္ကိုအႏိုင္ခဲ့ ေပမယ့္ ဟက္ဒါဖီးလ္၊

မစ္ဒယ္ဘေရာ့၊ ဆန္းဒါးလန္းတို႔နဲ႔ပြဲေတြမွာ ရလဒ္ေတြဆက္တိုက္ဆိုးခဲ့ၿပီး နည္းျပ အိုေနးလ္ လည္း ထုတ္ပယ္ခံလိုက္ရတာျဖစ္တယ္။ လက္ရွိမွာ တန္းဆင္းဇုန္အထက္ အဆင့္(၂၁)ေနရာကို

ေရာက္ေနတဲ့ စတုတ္စီးတီးဟာ နည္းျပသစ္အျဖစ္ ဆမ္ဒိုင္ခ်ီ ကိုခန႔္အပ္ဖို႔ သတင္းေတြေတာ့ထြက္ေနပါတယ္။ နည္းျပ ဆမ္ဒိုင္ခ်ီ ဟာလည္း ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့တဲ့ ဘန္ေလကေန

ထုတ္ပယ္ခံထားရတဲ့သူျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ စတုတ္စီးတီးကို စတင္တာဝန္ယူခဲ့တဲ့ နည္းျပ အိုေနးလ္ဟာ နည္းျပသက္တမ္းတစ္ေလွ်ာက္ အသင္း ေပါင္း ၇သင္းကိုကိုင္တြယ္ခဲ့ဖူးတာျဖစ္ပါတယ္။

အခုေတာ့ ဒီရာသီ အဂၤလန္လိဂ္ၿပိဳင္ပြဲေတြထဲမွာ လိဂ္တူးကလပ္ ေရာ့ဒဲလ္ကေန ထုတ္ပယ္ခံလိုက္ရတဲ့ နည္းျပ စေတာ့ခ္ဒဲလ္ၿပီးရင္ ဒုတိယေျမာက္ထုတ္ပယ္ခံရတဲ့ နည္းျပအျဖစ္ လည္းမွတ္တမ္းဝင္ခဲ့ပါတယ္။