ရာသီမစခင် ကစားသစ်အားလုံးစာရင်းသွင်းနိုင်မယ်လို ဘာကာဥက္ကဋ္ဌပြော

ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာကတော့ အသစ်ခေါ်ယူထားတဲ့ ကစားသမားအားလုံးကို ရာသီမစခင် စာရင်းသွင်း နိုင်မယ်လိုပြောလိုက်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာဟာ အသစ်ခေါ်ယူထားတဲ့ကစားသမားသစ်တွေကို စာရင်း သွင်းဖိုအတွက်

လာလီဂါဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ငြိစွန်းနေတာကြောင့် အခက်အခဲဖြစ်နေတာပါ။ လာလီဂါ အဖွဲချုပ်ကသတ်မှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတွေအရ အသင်းတစ်သင်းဟာ ငွေသုံးစွဲမှုမှာဝင်ငွေ ထွက်ငွေမျှတရမယ်ဆိုပြီးပါရှိတာဖြစ်ပါတယ်။

အဲဒီအချက်မှာ ဘာစီလိုနာအနေနဲ့ငြိစွန်းနေပြီး ကစားသစ် ခေါ်ယူ ဖိုသုံးစွဲထားတဲ့ငွေကြေးနဲ့ အသင်းရဲ့ဝင်ငွေမျှချေမှာ ကွာဟမှုတွေရှိနေတာကြောင့် ကစားသမားသစ်တွေကိုစာရင်း သွင်းဖိုအခက်တွေ့နေရတာပဲဖြစ်တယ်။ ဘာစီလိုနာဟာ

သူ့တိုရဲ့ ရုပ်သံထုတ်လွှင့်မှုကနေရမယ့်အနာဂတ်ဝင်ငွေ ၂၅ရာခိုင်နှုန်းကိုရောင်းချခဲ့ပြီး အဲဒီငွေကြေးတွေနဲ့ကစားသမားသစ်တွေအတွက်သုံးစွဲနေတာလိုအကြောင်းပြချက် ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်သံထုတ်လွှင့်မှုရောင်းချရငွေကို

သတ်မှတ်ရာမှာ ဘာစီလိုနာနဲ့ လာလီဂါ အဖွဲချုပ်ကြားမှာကွဲလွဲမှုတွေရှိခဲ့ပြီး အခုလိုအခက်တွေ့နေရတာပါ။ ဘာစီလိုနာဟာ ရုပ်သံထုတ်လွှင့်မှု ရောင်းချရ ငွေ ကနေ ပေါင် ၅၆၄ သန်းရရှိခဲ့တယ်လိုဆိုထားပေမယ့် လာလီဂါအဖွဲချုပ်ကတော့

သူတိုရရှိထားတဲ့ အချက် အလက်တွေအရ ပေါင် ၄၃၈ သန်းသာရှိခဲ့တယ်လိုဆိုထားပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ အသင်းရဲ့ ကစား သမားတချိုကို ထုတ်ရောင်ဖိုလိုအပ်နေပါတယ်။ လက်ရှိမှာ ဖရန်ကီဒီဂျောင်နဲ့

ဒီပေးတိုကိုရောင်းချဖိုပြင်ဆင်နေ ပေမယ့် အထမမြောက်သေးတာတွေ့နေရပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ သူတိုရဲ့ထုတ်လုပ်ရေးကမ္ပဏီဖြစ်တဲ့ Barça Studios ရဲ့ရှယ်ယာတချိုကိုလည်း ထုတ်ရောင်ရဖိုရှိနေတာပါ။

လက်ရှိမှာ ဘာစီလိုနာနည်းတူ ဂရေ့စ်မန်း ကိုပြန်ခေါ်ထားတဲ့ အက်သလက်တီကို နဲ့ ဘက်တစ်တိုလည်း ကစားသမားတွေကို စာရင်းသွင်းဖိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

(zawgyi)

ဘာစီလိုနာဥကၠ႒ လာေပၚတာကေတာ့ အသစ္ေခၚယူထားတဲ့ ကစားသမားအားလုံးကို ရာသီမစခင္ စာရင္းသြင္း ႏိုင္မယ္လိုေျပာလိုက္ပါတယ္။ လက္ရွိမွာ ဘာစီလိုနာဟာ အသစ္ေခၚယူထားတဲ့ကစားသမားသစ္ေတြကို

စာရင္း သြင္းဖိုအတြက္ လာလီဂါဘ႑ာေရးစည္းမ်ဥ္းေတြနဲ႔ၿငိစြန္းေနတာေၾကာင့္ အခက္အခဲျဖစ္ေနတာပါ။ လာလီဂါ အဖြဲခ်ဳပ္ကသတ္မွတ္ထားတဲ့ ဘ႑ာေရးဆိုင္ရာစည္းမ်ဥ္းေတြအရ အသင္းတစ္သင္းဟာ

ေငြသုံးစြဲမႈမွာဝင္ေငြ ထြက္ေငြမွ်တရမယ္ဆိုၿပီးပါရွိတာျဖစ္ပါတယ္။ အဲဒီအခ်က္မွာ ဘာစီလိုနာအေနနဲ႔ၿငိစြန္းေနၿပီး ကစားသစ္ ေခၚယူ ဖိုသုံးစြဲထားတဲ့ေငြေၾကးနဲ႔ အသင္းရဲ႕ဝင္ေငြမွ်ေခ်မွာ ကြာဟမႈေတြရွိေနတာေၾကာင့္

ကစားသမားသစ္ေတြကိုစာရင္း သြင္းဖိုအခက္ေတြ႕ေနရတာပဲျဖစ္တယ္။ ဘာစီလိုနာဟာ သူ႔တိုရဲ႕ ႐ုပ္သံထုတ္လႊင့္မႈကေနရမယ့္အနာဂတ္ဝင္ေငြ ၂၅ရာခိုင္ႏႈန္းကိုေရာင္းခ်ခဲ့ၿပီး အဲဒီေငြေၾကးေတြနဲ႔

ကစားသမားသစ္ေတြအတြက္သုံးစြဲေနတာလိုအေၾကာင္းျပခ်က္ ေပးထားတာျဖစ္ပါတယ္။ ဒါေပမယ့္ ႐ုပ္သံထုတ္လႊင့္မႈေရာင္းခ်ရေငြကို သတ္မွတ္ရာမွာ ဘာစီလိုနာနဲ႔ လာလီဂါ အဖြဲခ်ဳပ္ၾကားမွာကြဲလြဲမႈေတြရွိခဲ့ၿပီး

အခုလိုအခက္ေတြ႕ေနရတာပါ။ ဘာစီလိုနာဟာ ႐ုပ္သံထုတ္လႊင့္မႈ ေရာင္းခ်ရ ေငြ ကေန ေပါင္ ၅၆၄ သန္းရရွိခဲ့တယ္လိုဆိုထားေပမယ့္ လာလီဂါအဖြဲခ်ဳပ္ကေတာ့ သူတိုရရွိထားတဲ့ အခ်က္ အလက္ေတြအရ

ေပါင္ ၄၃၈ သန္းသာရွိခဲ့တယ္လိုဆိုထားပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာဟာ အသင္းရဲ႕ ကစား သမားတခ်ိဳကို ထုတ္ေရာင္ဖိုလိုအပ္ေနပါတယ္။ လက္ရွိမွာ ဖရန္ကီဒီေဂ်ာင္နဲ႔ ဒီေပးတိုကိုေရာင္းခ်ဖိုျပင္ဆင္ေန ေပမယ့္ အထမေျမာက္ေသးတာေတြ႕ေနရပါတယ္။ ဒါ့အျပင္ ဘာစီလိုနာဟာ

သူတိုရဲ႕ထုတ္လုပ္ေရးကမၸဏီျဖစ္တဲ့ Barça Studios ရဲ႕ရွယ္ယာတခ်ိဳကိုလည္း ထုတ္ေရာင္ရဖိုရွိေနတာပါ။ လက္ရွိမွာ ဘာစီလိုနာနည္းတူ ဂေရ႕စ္မန္း ကိုျပန္ေခၚထားတဲ့ အက္သလက္တီကို နဲ႔ ဘက္တစ္တိုလည္း ကစားသမားေတြကို စာရင္းသြင္းဖိုအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။