ရာသီမကုန်ခင်မှာပဲ ချန်ပီယံအဖြစ် တန်းပြန်တက်နိုင်ခဲ့ပြီဖြစ်တဲ့ လီဗာပူးအသင်း

လီဗာပူးအမျိုးသမီးအသင်းဟာ ယနေ့ညကျင်းပခဲ့တဲ့ပွဲမှာ

ဘရစ္စတိုးစီးတီးအသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက်
အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့သလို
၂နှစ်ကြာကင်းဝေးနေတဲ့ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲကိုလည်း
တန်းပြန်လည်တက်ခွင့် ရသွားပါတယ်။
လီဗာပူးဟာ ဒုတိယနေရာက ဘရစ္စစီးတီးနဲ့ကစားခဲ့ရတဲ့

အဝေးကွင်းပွဲမှာ အနည်းဆုံးသရေကစားနိုင်တာနဲ့
ချန်ပီယံဖြစ်ဖို့ သေချာသွားမှာဖြစ်ပေမယ့် ဂိုးပြတ်ပါ
အနိုင်ရခဲ့တာဖြစ်ပြီး ရာသီကုန်ဖို့ ၂ပွဲပဲ လိုတော့ချိန်မှာ
ုဒုတိယနေရာက ဘရစ္စတိုးစီးတီးအသင်းကို
၁၄ မှတ်အထိ ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲကို ပရိသတ် ၅၇၅၂ ဦး လာရောက်ကြည့်ရှုခဲ့ရာ
ချန်ပီယံရှစ်မှာ ပွဲကြည့်ပရိသတ်အများဆုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
လီဗာပူးဟာ ပွဲ ၂၀ကစားပြီးချိန်မှာ စုစုပေါင်း ၁ပွဲပဲ
အရေးနိမ့်ထားပြီး ၁၅ပွဲနိုင်၊ ၄ပွဲသရေကျထားပါတယ်။
လီဗာပူးဟာ ၂၀၂၀ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ

အဆင့် ၁၂ နေရာနဲ့သာ အဆုံးသတ်ခဲ့ရလို့
ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတာဖြစ်ပြီး ယမန်နှစ်ရာသီကလည်း
အဆင့် ၃ပဲရခဲ့တဲ့အနက် တန်းတက်သွားခဲ့တဲ့ ချန်ပီယံ
လက်စတာအသင်းနဲ့ ၁၁ မှတ်အထိ လျော့နည်းခဲ့ပါတယ်။

Zawgyi

ရာသီမကုန္ခင္မွာပဲ ခ်န္ပီယံအျဖစ္ တန္းျပန္တက္ႏိုင္ခဲ့ၿပီျဖစ္တဲ့ လီဗာပူးအသင္း
လီဗာပူးအမ်ိဳးသမီးအသင္းဟာ ယေန႔ညက်င္းပခဲ့တဲ့ပြဲမွာ
ဘရစၥတိုးစီးတီးအသင္းကို ၄-၂ ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္

အမ်ိဳးသမီးခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာသြားခဲ့သလုိ
၂ႏွစ္ၾကာကင္းေ၀းေနတဲ့ အမ်ိဳးသမီးစူပါလိဂ္ၿပိဳင္ပြဲကိုလည္း
တန္းျပန္လည္တက္ခြင့္ ရသြားပါတယ္။
လီဗာပူးဟာ ဒုတိယေနရာက ဘရစၥစီးတီးနဲ႔ကစားခဲ့ရတဲ့
အေ၀းကြင္းပြဲမွာ အနည္းဆုံးသေရကစားႏုိင္တာနဲ႔

ခ်န္ပီယံျဖစ္ဖုိ႔ ေသခ်ာသြားမွာျဖစ္ေပမယ့္ ဂိုးျပတ္ပါ
အႏိုင္ရခဲ့တာျဖစ္ၿပီး ရာသီကုန္ဖို႔ ၂ပဲြပဲ လိုေတာ့ခ်ိန္မွာ
ုဒုတိယေနရာက ဘရစၥတိုးစီးတီးအသင္းကို
၁၄ မွတ္အထိ ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
အဲဒီပြဲကို ပရိသတ္ ၅၇၅၂ ဦး လာေရာက္ၾကည့္ရႈခဲ့ရာ

ခ်န္ပီယံရွစ္မွာ ပြဲၾကည့္ပရိသတ္အမ်ားဆုံးပြဲအျဖစ္လည္း မွတ္တမ္း၀င္သြားပါတယ္။
လီဗာပူးဟာ ပြဲ ၂၀ကစားၿပီးခ်ိန္မွာ စုစုေပါင္း ၁ပြဲပဲ
အေရးနိမ့္ထားၿပီး ၁၅ပြဲႏိုင္၊ ၄ပြဲသေရက်ထားပါတယ္။
လီဗာပူးဟာ ၂၀၂၀ အမ်ိဳးသမီးစူပါလိဂ္ၿပိဳင္ပြဲမွာ
အဆင့္ ၁၂ ေနရာနဲ႔သာ အဆုံးသတ္ခဲ့ရလုိ႔

ခ်န္ပီယံရွစ္ကို တန္းဆင္းခဲ့ရတာျဖစ္ၿပီး ယမန္ႏွစ္ရာသီကလည္း
အဆင့္ ၃ပဲရခဲ့တဲ့အနက္ တန္းတက္သြားခဲ့တ့ဲ ခ်န္ပီယံ
လက္စတာအသင္းနဲ႔ ၁၁ မွတ္အထိ ေလ်ာ့နည္းခဲ့ပါတယ္။