ရာသီကုန်အထိ နားရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ဒီယက်စ်ကို ဂွါဒီယိုလာ အလျင်စလိုပြန်သုံးမှာမဟုတ်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာအနေနဲ့ ယခုရာသီကုန်အထိ

အနားယူရနိုင်တယ်လို့ စိုးရိမ်နေတဲ့ နောက်ခံလူ ဒီယက်စ်ကို
အလျင်စလိုပြန်သုံးမှာဟုတ်ကြောင်း ပြောပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်
ဒီယက်စ်ဟာ မတ်လ ၁ ရက်နေ့က ပီတာဘရော့ကို
အနိုင်ရခဲ့တဲ့အက်ဖ်အေဖလားပွဲမှာ တံကောက်ကြောဒဏ်ရာ

ရခဲ့လို့ အနားယူနေရပြီး ဒီညကစားရမယ့် ဆောက်သမ်တန်နဲ့
အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲကိုလည်း ဆက်လက်လွဲချော်မှာပါ။
စီးတီးဟာ ဒီယက်စ်မပါနိုင်တဲ့ကာလအတွင်း ပဲလေ့စ်၊
စပို့တင်းလစ္စဘွန်းတို့နဲ့ သရေကျခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း
ဒုတိယနေရာက လီဗာပူးကို ၁ မှတ်ပဲ ဖြတ်ထားနိုင်ပါတော့တယ်။

ဒါပေမဲ့ ဂွါဒီယိုလာက လာမယ့်နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ
ဒီယက်စ်ကို အလျင်စလိုပြန်အသုံးမပြုဖို့ မိမိကို ဆေးအဖွဲ့က
သတိပေးထားကြောင်း၊ တကယ်လို့ ဒဏ်ရာထပ်ရသွားရင်
ဒီယက်စ်လည်း ရာသီကုန်အထိ အနားယူနိုင်တယ်လို့ ပြောပါတယ်။
”ဒီယက်စ် ၅ပတ်၊ ၆ပတ်လောက် နားရမယ်လို့

ဆေးအဖွဲ့က ကျွန်တော့်ကိုအသိပေးခဲ့ပါတယ်။
နိုင်ငံတကာရက်သတ္တပတ်အပြီး ပြန်ကစားနိုင်ဖို့
နည်းနည်းလိုသေးပေမယ့် ဒီယက်စ်အနေနဲ့
ကောက်းသထက်ပိုကောင်းလာတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ပြဿနာက သူဒဏ်ရာရသွားတဲ့အချိန်ပါပဲ။

ဆရာဝန်တွေက သူ့ကို ဂရုစိုက်ဖို့ ပြောထားပါတယ်။
အခုချိန်မှာ သူ့ပုံစံက အေးဆေးဖြစ်နေတယ်လို့
ထင်ရတာ၊ ဒဏ်ရာထပ်ရသွားတာနဲ့ ရာသီကုန်အထိ အနားယူရနိုင်ပါတယ်။
ဒီတော့ သူ့အနေအထားကို ရက်သတ္တပတ်အနည်းငယ်ကြာ
ဆက်လက်စောင့်ကြည့်မှာဖြစ်ပေမယ့် အခြေအနေကတော့ ပိုကောင်းလာပါတယ်”လို့

စပိန်နိုင်ငံသား ဂွါဒီယိုလာက ပြောပါတယ်။
ဂွါဒီယိုလာအနေနဲ့ အဓိကနောက်ခံလူဖြစ်တဲ့
ဒီယက်စ်ကို လီဗာပူးနဲ့ပွဲမတိုင်ခင်အထိ အပြည့်အဝအနားပေးဖွယ်ရှိနေပြီး
ဧပြီလ ၁၀ ရက်နေ့မှာ ကစားရမယ့် ချန်ပီယံလုပွဲကျမှ
ဒီယက်စ်ကို ထုတ်သုံးဖွယ်ရှိနေပါတယ်။

Zawgyi

ရာသီကုန္အထိ နားရႏိုင္တယ္ဆိုတဲ့ စိုးရိမ္မႈေၾကာင့္ ဒီယက္စ္ကို ဂြါဒီယိုလာ အလ်င္စလုိျပန္သုံးမွာမဟုတ္
မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာအေနနဲ႔ ယခုရာသီကုန္အထိ

အနားယူရႏိုင္တယ္လုိ႔ စုိးရိမ္ေနတဲ့ ေနာက္ခံလူ ဒီယက္စ္ကို
အလ်င္စလုိျပန္သုံးမွာဟုတ္ေၾကာင္း ေျပာပါတယ္။
အသက္ ၂၄ ႏွစ္အရြယ္ရွိ ေပၚတူဂီလက္ေရြးစင္
ဒီယက္စ္ဟာ မတ္လ ၁ ရက္ေန႔က ပီတာဘေရာ့ကို
အႏိုင္ရခဲ့တဲ့အက္ဖ္ေအဖလားပြဲမွာ တံေကာက္ေၾကာဒဏ္ရာ

ရခဲ့လုိ႔ အနားယူေနရၿပီး ဒီညကစားရမယ့္ ေဆာက္သမ္တန္နဲ႔
အက္ဖ္ေအဖလားကြာတားဖုိင္နယ္ပြဲကိုလည္း ဆက္လက္လဲြေခ်ာ္မွာပါ။
စီးတီးဟာ ဒီယက္စ္မပါႏိုင္တဲ့ကာလအတြင္း ပဲေလ့စ္၊
စပို႔တင္းလစၥဘြန္းတို႔နဲ႔ သေရက်ခဲ့ရၿပီး ပရီးမီးယားလိဂ္မွာလည္း
ဒုတိယေနရာက လီဗာပူးကို ၁ မွတ္ပဲ ျဖတ္ထားႏုိင္ပါေတာ့တယ္။

ဒါေပမဲ့ ဂြါဒီယိုလာက လာမယ့္ႏိုင္ငံတကာရက္သတၱပတ္အၿပီးမွာ
ဒီယက္စ္ကို အလ်င္စလိုျပန္အသုံးမျပဳဖုိ႔ မိမိကို ေဆးအဖြဲ႕က
သတိေပးထားေၾကာင္း၊ တကယ္လုိ႔ ဒဏ္ရာထပ္ရသြားရင္
ဒီယက္စ္လည္း ရာသီကုန္အထိ အနားယူႏိုင္တယ္လုိ႔ ေျပာပါတယ္။
”ဒီယက္စ္ ၅ပတ္၊ ၆ပတ္ေလာက္ နားရမယ္လုိ႔

ေဆးအဖြဲ႕က ကၽြန္ေတာ့္ကိုအသိေပးခဲ့ပါတယ္။
ႏိုင္ငံတကာရက္သတၱပတ္အၿပီး ျပန္ကစားႏိုင္ဖို႔
နည္းနည္းလိုေသးေပမယ့္ ဒီယက္စ္အေနနဲ႔
ေကာက္းသထက္ပိုေကာင္းလာတယ္လုိ႔ ေျပာပါတယ္။
ဒါေပမဲ့ ျပႆနာက သူဒဏ္ရာရသြားတဲ့အခ်ိန္ပါပဲ။

ဆရာ၀န္ေတြက သူ႕ကို ဂရုစုိက္ဖုိ႔ ေျပာထားပါတယ္။
အခုခ်ိန္မွာ သူ႕ပုံစံက ေအးေဆးျဖစ္ေနတယ္လုိ႔
ထင္ရတာ၊ ဒဏ္ရာထပ္ရသြားတာနဲ႔ ရာသီကုန္အထိ အနားယူရႏုိင္ပါတယ္။
ဒီေတာ့ သူ႕အေနအထားကို ရက္သတၱပတ္အနည္းငယ္ၾကာ
ဆက္လက္ေစာင့္ၾကည့္မွာျဖစ္ေပမယ့္ အေျခအေနကေတာ့ ပိုေကာင္းလာပါတယ္”လို႔

စပိန္ႏိုင္ငံသား ဂြါဒီယိုလာက ေျပာပါတယ္။
ဂြါဒီယိုလာအေနနဲ႔ အဓိကေနာက္ခံလူျဖစ္တဲ့
ဒီယက္စ္ကို လီဗာပူးနဲ႔ပြဲမတုိင္ခင္အထိ အျပည့္အ၀အနားေပးဖြယ္ရွိေနၿပီး
ဧၿပီလ ၁၀ ရက္ေန႔မွာ ကစားရမယ့္ ခ်န္ပီယံလုပြဲက်မွ
ဒီယက္စ္ကို ထုတ္သုံးဖြယ္ရွိေနပါတယ္။