
ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ ဘန်ချီဝဲလ်ဟာ ဂျူဗင်တပ်စ်အသင်းနှင့်
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်မှုပြုလုပ်ရမှာ
ဖြစ်တာကြောင့် ရာသီကုန်အထိအနားယူရတော့မှာ ဖြစ်ပါတယ်။
အသက် (၂၅)နှစ်အရွယ် ဘန်ချီဝဲလ်ဟာ မူလကဒဏ်ရာအခြေအနေအား
စောင့်ကြည့်ပြီး လာမယ့်ဇန်နဝါရီတွင် ပြန်လည်ကစားနိုင်မယ်လို့
သတင်းများထွက်ပေါ်ခဲ့ပေမယ့်လည်း
ယခုအခါခွဲစိတ်မှုပြုလုပ်ရန်သေချာခဲ့တာဖြစ်ပါတယ်။
ဘန်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းရဲ့ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ရာ
အခုလို ကာလရှည်လက်လွှတ်ရမှာကြောင့် ဇန်နဝါရီမှာအဖြေရှာဖို့လိုနေပြီး
ကစားသမားသစ်ခေါ်ရင်ခေါ်၊ မခေါ်ရင်အငှါးချထားတဲ့ကစားသမားတစ်ဦးကို
ပြန်ခေါ်ရဖို့ရှိနေတာပါ။လိုင်ယွန်အသင်းထံအငှါးချထားတဲ့အီမာဆန်နဲ့
ကိုဗင်ထရီအသင်းထံအငှါးချထားတဲ့ အီယန်မတ်ဆန်တို့က
ဖြစ်နိုင်ချေအရှိဆုံးဖြစ်နေပေမယ့် သူတို့ရဲ့သက်ဆိုင်ရာအသင်းတွေနဲ့ ညှိနှိုင်းရဦးမှာပါ။
တစ်ဖက်မှာလည်းချယ်လ်ဆီးဟာ အဲဗာတန်အသင်းမှာ
နည်းပြဘင်နီတက်ဇ်နဲ့အဆင်မပြေနေတဲ့ နောက်ခံလူလူးကပ်စ်ဒစ်ဂ်နေးကို
၆လအငှါးနဲ့ခေါ်ယူနိုင်ဖို့ စွဲဆောင်လာနိုင်ချေရှိနေတာပါ။
ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့
ဈေးကွက်အတွင်းမှာ လှုပ်ရှားနိုင်ချေရှိနေတာပါ။
zawgyi
ရာသီကုန္ထိနားရေတာ့မယ့္ ခ်ယ္လ္ဆီးရဲ႕ ေဒါက္တိုင္တစ္ခု
ခ်ယ္လ္ဆီးအသင္းရဲ႕ ေနာက္ခံလူ ဘန္ခ်ီဝဲလ္ဟာ ဂ်ဴဗင္တပ္စ္အသင္းႏွင့္
ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္ရရွိခဲ့တဲ့ ဒူးအ႐ြတ္ဒဏ္ရာကို ခြဲစိတ္မႈျပဳလုပ္ရမွာ
ျဖစ္တာေၾကာင့္ ရာသီကုန္အထိအနားယူရေတာ့မွာ ျဖစ္ပါတယ္။
အသက္ (၂၅)ႏွစ္အ႐ြယ္ ဘန္ခ်ီဝဲလ္ဟာ မူလကဒဏ္ရာအေျခအေနအား
ေစာင့္ၾကည့္ၿပီး လာမယ့္ဇန္နဝါရီတြင္ ျပန္လည္ကစားႏိုင္မယ္လို႔
သတင္းမ်ားထြက္ေပၚခဲ့ေပမယ့္လည္း
ယခုအခါခြဲစိတ္မႈျပဳလုပ္ရန္ေသခ်ာခဲ့တာျဖစ္ပါတယ္။
ဘန္ခ်ီဝဲလ္ဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ရာ
အခုလို ကာလရွည္လက္လႊတ္ရမွာေၾကာင့္ ဇန္နဝါရီမွာအေျဖရွာဖို႔လိုေနၿပီး
ကစားသမားသစ္ေခၚရင္ေခၚ၊ မေခၚရင္အငွါးခ်ထားတဲ့ကစားသမားတစ္ဦးကို
ျပန္ေခၚရဖို႔ရွိေနတာပါ။လိုင္ယြန္အသင္းထံအငွါးခ်ထားတဲ့အီမာဆန္နဲ႔
ကိုဗင္ထရီအသင္းထံအငွါးခ်ထားတဲ့ အီယန္မတ္ဆန္တို႔က
ျဖစ္ႏိုင္ေခ်အရွိဆုံးျဖစ္ေနေပမယ့္ သူတို႔ရဲ႕သက္ဆိုင္ရာအသင္းေတြနဲ႔
ညႇိႏႈိင္းရဦးမွာပါ။တစ္ဖက္မွာလည္းခ်ယ္လ္ဆီးဟာ အဲဗာတန္အသင္းမွာ
နည္းျပဘင္နီတက္ဇ္နဲ႔အဆင္မေျပေနတဲ့ ေနာက္ခံလူလူးကပ္စ္ဒစ္ဂ္ေနးကို
၆လအငွါးနဲ႔ေခၚယူႏိုင္ဖို႔ စြဲေဆာင္လာႏိုင္ေခ်ရွိေနတာပါ။
ဘာပဲျဖစ္ျဖစ္ ခ်ယ္လ္ဆီးအသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕
ေဈးကြက္အတြင္းမွာ လႈပ္ရွားႏိုင္ေခ်ရွိေနတာပါ။