ရာသက်ပန် သူရဲနီပရိသတ်တွေဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်နဲ့ အယ်လ်သာနီတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာ အိုးလ်ထရက်ဖို့ဒ်ကို ဘယ်သူပိုင်ဆိုင်ခွင့်ရမလဲ…

အိုးလ်ထရက်ဖို့ဒ်ကိုအပြီးသတ်ပိုင်ဆိုင်ခွင့်ရဖို့အတွက် နောက်ဆုံးတိုက်ပွဲမှာတော့

ထာဝရသရဲနီပရိသတ်တွေဖြစ်တဲ့ ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျက်ဆင်မ်ဘင်ဟာ

မက်အယ်လ်သာနီနဲ့ ဗြိတိန်ဘီလီယံနာ ဆာဂျင်မ်ရက်ကလစ်ဖ်တို့

ထိပ်တိုက်တွေ့နေကြပြီဖြစ်တယ်။ အယ်လ်သာနီဟာ ဂလေဇာမိသားစုရဲ့

နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ သောကြာ(မနေ့ည)နေ့မှာ ကမ်းလှမ်းမှု

တစ်ခုစတင်လိုက်ပြီဖြစ်တယ်လို့ သရဲနီပရိသတ်တွေက တုံ့ပြန်လာခဲ့ကြပါတယ်။

ကာတာဘဏ်လုပ်ငန်းရှင် အယ်လ်သာနီဟာ ရာသက်ပန်ယူနိုက်တက်

ပရိသတ်တစ်ယောက်ဖြစ်တဲ့အတွက် အိုးလ်ထရက်ဖို့ဒ်ကို

သိမ်းပိုက်ဖို့ကြိုးစားလာတာဖြစ်တယ်။ ပြီးခဲ့တဲ့လမှာတော့

Ineos ပိုင်ရှင် ရက်ကလစ်ဖ်က သူ့ရဲ့စိတ်ဝင်စားမှုကို

အတည်ပြုခဲ့ပြီးနောက် အယ်လ်သာနီဟာ ဒုတိယမြောက်အဖြစ်

လူသိရှင်ကြားအတည်ပြုနိုင်တဲ့ အလားအလာရှိသော

ဝယ်လက်ဖြစ်လာပါတယ်။ ကာတာနိုင်ငံဟာ လူအခွင့်အရေး

ပြဿနာတွေနဲ့ ပက်သတ်လို့စိုးရိမ်မှုကြားထဲကနေ

ယူနိုက်တက်ကိုလေလံဆွဲဖို့ပြင်ဆင်လာခဲ့တာဖြစ်လို့

တက်ကြွလှုပ်ရှားသူအများစုက ယူအီးအက်ဖ်အေအနေနဲ့

ဒီကိစ္စကိုပိတ်ပင်ဖို့တိုက်တွန်းထားပါတယ်။ The Telegraph

သတင်းစာရဲ့ဖော်ပြချက်မှာတော့ ရက်ကလစ်ဖ်ဟာ

ယူနိုက်တက်ကိုဝယ်ယူဖို့အတွက် တရားဝင်ကမ်းလှမ်းမှု

တင်သွင်းခဲ့တယ်လို့သိရပါတယ်။ နိုက်စ်အသင်းပိုင်ရှင်ဟာ

ကာတာဘဏ်လုပ်ငန်းရှင် အယ်လ်သာနီနဲ့အတူ သောကြာည

၁၀ နာရီမတိုင်ခင်မှာ လေလံတင်သွားခဲ့တာဖြစ်တယ်။

အယ်လ်သာနီကတော့ မနေ့ည(သောကြာ) ၈နာရီ နောက်ပိုင်းမှာ

ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့အတည်ပြုထားပါတယ်။

လက်ရှိပြိုင်ဘက်နှစ်ယောက်စလုံးဟာ ယူနိုက်တက်အမာခံ

ပရိသတ်တွေဖြစ်နေသလို သေချာတာကတော့

သူတို့လက်ထဲရောက်ပြီဆိုရင်အသင်းအတွက် ကောင်းမွန်တဲ့

ရင်းနှီးမြုပ်နှံမှုတွေလုပ်ဆောင်သွားဖို့ရှိနေတာဖြစ်တယ်။

zawgyi

ရာသက္ပန္ သူရဲနီပရိသတ္ေတြျဖစ္တဲ့ ဆာဂ်င္ရက္ကလစ္ဖ္နဲ႔ အယ္လ္သာနီတို႔ရဲ႕ထိပ္တိုက္ေတြ႕ဆုံမႈမွာ အိုးလ္ထရက္ဖို႔ဒ္ကို ဘယ္သူပိုင္ဆိုင္ခြင့္ရမလဲ …

အိုးလ္ထရက္ဖို႔ဒ္ကိုအၿပီးသတ္ပိုင္ဆိုင္ခြင့္ရဖို႔အတြက္ ေနာက္ဆုံးတိုက္ပြဲမွာေတာ့

ထာဝရသရဲနီပရိသတ္ေတြျဖစ္တဲ့ ကာတာဘဏ္လုပ္ငန္းရွင္ ရွိတ္ဂ်က္ဆင္မ္ဘင္ဟာ

မက္အယ္လ္သာနီနဲ႔ ၿဗိတိန္ဘီလီယံနာ ဆာဂ်င္မ္ရက္ကလစ္ဖ္တို႔

ထိပ္တိုက္ေတြ႕ေနၾကၿပီျဖစ္တယ္။ အယ္လ္သာနီဟာ ဂေလဇာမိသားစုရဲ႕

ေနာက္ဆုံးသတ္မွတ္ရက္ျဖစ္တဲ့ ေသာၾကာ(မေန႔ည)ေန႔မွာ ကမ္းလွမ္းမႈ

တစ္ခုစတင္လိုက္ၿပီျဖစ္တယ္လို႔ သရဲနီပရိသတ္ေတြက တုံ႔ျပန္လာခဲ့ၾကပါတယ္။

ကာတာဘဏ္လုပ္ငန္းရွင္ အယ္လ္သာနီဟာ ရာသက္ပန္ယူႏိုက္တက္

ပရိသတ္တစ္ေယာက္ျဖစ္တဲ့အတြက္ အိုးလ္ထရက္ဖို႔ဒ္ကို

သိမ္းပိုက္ဖို႔ႀကိဳးစားလာတာျဖစ္တယ္။ ၿပီးခဲ့တဲ့လမွာေတာ့

Ineos ပိုင္ရွင္ ရက္ကလစ္ဖ္က သူ႔ရဲ႕စိတ္ဝင္စားမႈကို

အတည္ျပဳခဲ့ၿပီးေနာက္ အယ္လ္သာနီဟာ ဒုတိယေျမာက္အျဖစ္

လူသိရွင္ၾကားအတည္ျပဳႏိုင္တဲ့ အလားအလာရွိေသာ

ဝယ္လက္ျဖစ္လာပါတယ္။ ကာတာႏိုင္ငံဟာ လူအခြင့္အေရး

ျပႆနာေတြနဲ႔ ပက္သတ္လို႔စိုးရိမ္မႈၾကားထဲကေန

ယူႏိုက္တက္ကိုေလလံဆြဲဖို႔ျပင္ဆင္လာခဲ့တာျဖစ္လို႔

တက္ႂကြလႈပ္ရွားသူအမ်ားစုက ယူအီးအက္ဖ္ေအအေနနဲ႔

ဒီကိစၥကိုပိတ္ပင္ဖို႔တိုက္တြန္းထားပါတယ္။ The Telegraph

သတင္းစာရဲ႕ေဖာ္ျပခ်က္မွာေတာ့ ရက္ကလစ္ဖ္ဟာ

ယူႏိုက္တက္ကိုဝယ္ယူဖို႔အတြက္ တရားဝင္ကမ္းလွမ္းမႈ

တင္သြင္းခဲ့တယ္လို႔သိရပါတယ္။ ႏိုက္စ္အသင္းပိုင္ရွင္ဟာ

ကာတာဘဏ္လုပ္ငန္းရွင္ အယ္လ္သာနီနဲ႔အတူ ေသာၾကာည

၁၀ နာရီမတိုင္ခင္မွာ ေလလံတင္သြားခဲ့တာျဖစ္တယ္။

အယ္လ္သာနီကေတာ့ မေန႔ည(ေသာၾကာ) ၈နာရီ ေနာက္ပိုင္းမွာ

ကမ္းလွမ္းမႈတစ္ခုျပဳလုပ္ခဲ့တယ္လို႔အတည္ျပဳထားပါတယ္။

လက္ရွိၿပိဳင္ဘက္ႏွစ္ေယာက္စလုံးဟာ ယူႏိုက္တက္အမာခံ

ပရိသတ္ေတြျဖစ္ေနသလို ေသခ်ာတာကေတာ့

သူတို႔လက္ထဲေရာက္ၿပီဆိုရင္အသင္းအတြက္ ေကာင္းမြန္တဲ့

ရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္ေဆာင္သြားဖို႔ရွိေနတာျဖစ္တယ္။