
ဆာဂျီယိုရာမို့စ်ဟာလေးလအတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်ပီအက်စ်ဂျီတွင်
လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ခဲ့ကြောင်းသိရပါတယ်။
စပိန်ဝါရင့်ဗဟိုနောက်ခံလူဟာနွေရာသီတုန်းကရီးရဲလ်မက်ဒရစ်မှထွက်ခွာကာ
ပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။
သူဟာရီးရဲလ်မက်ဒရစ်တွင်ကစားစဉ်ကတည်းကဒဏ်ရာရရှိနေခဲ့တာဖြစ်ပြီး
ပီအက်စ်ဂျီသို့ရောက်လာတာလေးလတိုင်တိုင်ရှိပြီဖြစ်ပေမယ့်ဘောလုံးတစ်လုံးမျှ
မကန်ရသေးဘဲပေါင်၄သန်းရယူထားနိုင်ပြီဖြစ်ပါတယ်။
ဒါပေမယ့်ဆာဂျီယိုရာမို့စ်ဒဏ်ရာမှပြန်လည်ကောင်းမွန်ကာလေ့ကျင့်ခန်း
အပြည့်အဝဆင်းလာနိုင်မှုကပီအက်စ်ဂျီနည်းပြပိုချက်တီနိုအတွက်
သတင်းကောင်းတစ်ခုဖြစ်နေတာကတော့သေချာပါတယ်။
အသက်၃၅နှစ်ရှိရာမို့စ်ဟာယခုအခါပီအက်စ်ဂျီနှင့်အတူလေ့ကျင့်ခန်း
အပြည့်အဝဆင်းလာနိုင်မှုနဲ့အတူယခုလကုန်ပိုင်းတွင်ပီအက်စ်ဂျီအတွက်
ပထမဆုံးပွဲကိုကစားလာနိုင်ဖို့ရှိပါတယ်။
zawgyi
ရာမို့စ်ဟာ လေးလအတွင်း ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ခန်းအပြည့်အဝ ဆင်းနိုင်ခဲ့
မကန်ရသေးဘဲပေါင်၎သန်းရယူထားနိုင်ပြီဖြစ်ပါတယ်။