ရာမို့စ်ဟာ ပီအက်စ်ဂျီအတွက် တစ်ပွဲမှ မကစားရသေးပေမယ့် တစ်ရာသီ အသားတင် ယူရို ၆ သန်းရနေ

ရီးရဲလ်ကနေ ပီအက်စ်ဂျီကို အလွတ်​ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာတဲ့

စပိန်နဲ့ ရီးရဲလ်အသင်းခေါင်းဆောင်ဟောင်း ရာမို့စ်ရဲ့ ပီအက်စ်ဂျီမှာ ရရှိနေ​တဲ့

လစာနှုန်းထား ထွက်ပေါ်လာပါတယ်။ ပြင်သစ်နာမည်ကြီး သတင်းစာ

L’Equipe က ဖော်ပြခဲ့တာဖြစ်ပြီး ရာမို့စ်ဟာ ပီအက်စ်ဂျီမှာ တစ်ရာသီ အသားတင်

ယူရို ၆ သန်း ရရှိနေတယ်လို့ဆိုပါတယ်။

အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာကတော့ရာမို့စ်ထက်ပိုရပြီး

တစ်ရာသီ အသားတင် ယူရို ၇ သန်း

ရနေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီနှုန်းထားအရ ဒွန်နာရမ်မာဟာ တစ်လကို

အသားတင် လုပ်ခလစာ ယူရို ၁ သန်းနှုန်း ရနေတဲ့သဘောပါပဲ။ ရာမို့စ်နဲ့

မက်ဆီအပါအဝင် နွေစျေးကွက်ပိတ်ချိန်နှောင်းပိုင်းမှာ ခေါ်ယူခဲ့တဲ့

ကစားသမားတိုင်းအတွက် ပီအက်စ်ဂျီဘက်က လက်မှတ်ထိုးကြေး

ထပ်မပေးခဲ့ရဘူးလို့လည်း L’Equipe က ဖော်ပြပါတယ်။

အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ရာမို့စ်ပွဲထွက်ကစားနိုင်ဖို့ကိုလည်း ပီအက်စ်ဂျီတာဝန်ရှိသူတွေက

မျှေိာ်လင့်နေကြပါတယ်။ ရာမို့စ်ကတော့ လေ့ကျင့်မှုတွေကို

အပြင်းအထန်ပြုလုပ်နေပြီး လေ့ကျင့်စဥ်ကာလအတွင်း ဒဏ်ရာထပ်မရခဲ့ဘူးဆိုရင်တော့

နိုဝင်ဘာလကုန်ခါနီးမှာ ပီအက်စ်ဂျီပွဲထွက်ကစားနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

zawgyi

ရာမို႔စ္ဟာ ပီအက္စ္ဂ်ီအတြက္ တစ္ပြဲမွ မကစားရေသးေပမယ့္ တစ္ရာသီ အသားတင္ ယူ႐ို ၆ သန္းရေန

ရီးရဲလ္ကေန ပီအက္စ္ဂ်ီကို အလြတ္​ေျပာင္းေ႐ြ႕ေၾကးနဲ႔ ေရာက္ရွိလာတဲ့

စပိန္နဲ႔ ရီးရဲလ္အသင္းေခါင္းေဆာင္ေဟာင္း ရာမို႔စ္ရဲ႕ ပီအက္စ္ဂ်ီမွာ ရရွိေန​တဲ့

လစာႏႈန္းထား ထြက္ေပၚလာပါတယ္။ ျပင္သစ္နာမည္ႀကီး သတင္းစာ

L’Equipe က ေဖာ္ျပခဲ့တာျဖစ္ၿပီး ရာမို႔စ္ဟာ ပီအက္စ္ဂ်ီမွာ တစ္ရာသီ အသားတင္

ယူ႐ို ၆ သန္း ရရွိေနတယ္လို႔ဆိုပါတယ္။ အီတလီလက္ေ႐ြးစင္ဂိုးသမား

ဒြန္နာရမ္မာကေတာ့ရာမို႔စ္ထက္ပိုရၿပီး တစ္ရာသီ အသားတင္ ယူ႐ို ၇ သန္း

ရေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ဒီႏႈန္းထားအရ ဒြန္နာရမ္မာဟာ တစ္လကို

အသားတင္ လုပ္ခလစာ ယူ႐ို ၁ သန္းႏႈန္း ရေနတဲ့သေဘာပါပဲ။ ရာမို႔စ္နဲ႔

မက္ဆီအပါအဝင္ ေႏြေစ်းကြက္ပိတ္ခ်ိန္ေႏွာင္းပိုင္းမွာ ေခၚယူခဲ့တဲ့

ကစားသမားတိုင္းအတြက္ ပီအက္စ္ဂ်ီဘက္က လက္မွတ္ထိုးေၾကး

ထပ္မေပးခဲ့ရဘူးလို႔လည္း L’Equipe က ေဖာ္ျပပါတယ္။ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္တဲ့

ရာမို႔စ္ပြဲထြက္ကစားႏိုင္ဖို႔ကိုလည္း ပီအက္စ္ဂ်ီတာဝန္ရွိသူေတြက

ေမွ်ိာ္လင့္ေနၾကပါတယ္။ ရာမို႔စ္ကေတာ့ ေလ့က်င့္မႈေတြကို

အျပင္းအထန္ျပဳလုပ္ေနၿပီး ေလ့က်င့္စဥ္ကာလအတြင္း ဒဏ္ရာထပ္မရခဲ့ဘူးဆိုရင္ေတာ့

ႏိုဝင္ဘာလကုန္ခါနီးမွာ ပီအက္စ္ဂ်ီပြဲထြက္ကစားႏိုင္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။