ရာမို့စ်ရဲ့ဥရောပတွင်နိုင်ငံတကာပွဲအများဆုံးကစားသမားထားတဲ့စံချိန်ကို ရိုက်ချိုးခဲ့တဲ့ စီရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကကာတာအားပေါ်တူဂီက၃-ဝဂိုးဖြင့်

အနိုင်ရရှိတဲ့ပွဲစဉ်မှာနောက်ထပ်စံချိန်သစ်တစ်ခုရေးထိုးလာသလိုသူရယူထားတဲ့

စံချိန်တစ်ခုကိုလည်း ဆက်လက်တိုးမြှင့်လာပါတယ်။

အသက်၃၆နှစ်ရှိမန်ယူစူပါစတားဟာကာတာနှင့်ပွဲစဉ်မှာသူ့ရဲ့

၁၁၂ဂိုးမြောက်နိုင်ငံတကာဂိုးကိုသွင်းယူခဲ့သလိုဆာဂျီယိုရာမို့စ်ရဲ့

ဥရောပတွင်နိုင်ငံတကာပွဲအများဆုံးကစားသမားထားတဲ့စံချိန်ကိုလည်းရိုက်ချိုးခဲ့ပါတယ်။

ရော်နယ်ဒိုဟာပြီးခဲ့တဲ့လတုန်းကအီရန်ဂန္ထဝင်အလီဒါယီရဲ့နိုင်ငံတကာ

ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန် ၁၀၉ ဂိုးကိုရိုက်ချိုးခဲ့သူဖြစ်ပြီး

ယခုအခါစံချိန်သစ်ကိုဆက်လက် ရေးထိုးနေပါတယ်။

သူဟာကာတာနှင့်ခြေစမ်းပွဲမှာပထမပိုင်းတစ်ပိုင်းတည်းသာ

ကစားခဲ့ပေမယ့်လည်းဂိုးသွင်းနိုင်ခဲ့ပါတယ်။သူဟာပွဲချိန်၃၇မိနစ်မှာ

သူ့ရဲ့၁၁၂ဂိုးမြောက်ဂိုးအားအနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာရော်နယ်ဒိုလူစားလဲခံခဲ့ရပေမယ့်လည်း

ပေါ်တူဂီအတွက်အနိုင်ဂိုးများကိုဟိုဆေးဖွန်တီနှင့်အင်ဒရေဆေးလ်ဗားတို့က

ထပ်မံသွင်းယူခဲ့ကြပါတယ်။

ကာတာနှင့်ပွဲစဉ်ကရော်နယ်ဒိုရဲ့ပေါ်တူဂီအတွက်၁၈၁ဂိုးမြောက်ဂိုးဖြစ်ပြီး

ဥရောပသမိုင်းမှာနိုင်ငံတကာပွဲအများဆုံးကစားထားတဲ့ကစားသမားဖြစ်လာပါတယ်။

ယခင်တုန်းကဥရောပရဲ့ပွဲအများဆုံးကစားထားသူအဖြစ်ဆာဂျီယိုရာမို့စ်က

စပိန်အတွက်ပွဲ၁၈၀ကစားကာရပ်တည်နေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ

လာမယ့်အင်္ဂါနေ့မှာကစားမယ့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာသူ့ရဲ့၁၈၂ပွဲမြောက်ပွဲကို

ကစားသွားဖို့ရှိပါတယ်။ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံတကာပွဲအများဆုံးကစားထားတဲ့

ကစားသမားအဖြစ်မလေးရှားစတားဆိုရှင်းအန်က နိုင်ငံတကာပွဲ၁၉၅ပွဲဖြင့်ရပ်တည်နေပါတယ်။

zawgyi

ရာမို႔စ္ရဲ႕ဥေရာပတြင္ႏိုင္ငံတကာပြဲအမ်ားဆုံးကစားသမားထားတဲ့စံခ်ိန္ကို ႐ိုက္ခ်ိဳးခဲ့တဲ့ စီေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကကာတာအားေပၚတူဂီက၃-ဝဂိုးျဖင့္

အႏိုင္ရရွိတဲ့ပြဲစဥ္မွာေနာက္ထပ္စံခ်ိန္သစ္တစ္ခုေရးထိုးလာသလိုသူရယူထားတဲ့

စံခ်ိန္တစ္ခုကိုလည္း ဆက္လက္တိုးျမႇင့္လာပါတယ္။

အသက္၃၆ႏွစ္ရွိမန္ယူစူပါစတားဟာကာတာႏွင့္ပြဲစဥ္မွာသူ႔ရဲ႕

၁၁၂ဂိုးေျမာက္ႏိုင္ငံတကာဂိုးကိုသြင္းယူခဲ့သလိုဆာဂ်ီယိုရာမို႔စ္ရဲ႕

ဥေရာပတြင္ႏိုင္ငံတကာပြဲအမ်ားဆုံးကစားသမားထားတဲ့စံခ်ိန္ကိုလည္း႐ိုက္ခ်ိဳးခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့လတုန္းကအီရန္ဂႏၴဝင္အလီဒါယီရဲ႕ႏိုင္ငံတကာ

ဂိုးအမ်ားဆုံးသြင္းယူထားတဲ့စံခ်ိန္ ၁၀၉ ဂိုးကို႐ိုက္ခ်ိဳးခဲ့သူျဖစ္ၿပီး

ယခုအခါစံခ်ိန္သစ္ကိုဆက္လက္ ေရးထိုးေနပါတယ္။

သူဟာကာတာႏွင့္ေျခစမ္းပြဲမွာပထမပိုင္းတစ္ပိုင္းတည္းသာ

ကစားခဲ့ေပမယ့္လည္းဂိုးသြင္းႏိုင္ခဲ့ပါတယ္။သူဟာပြဲခ်ိန္၃၇မိနစ္မွာ

သူ႔ရဲ႕၁၁၂ဂိုးေျမာက္ဂိုးအားအနီးကပ္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းအၿပီးမွာေရာ္နယ္ဒိုလူစားလဲခံခဲ့ရေပမယ့္လည္း

ေပၚတူဂီအတြက္အႏိုင္ဂိုးမ်ားကိုဟိုေဆးဖြန္တီႏွင့္အင္ဒေရေဆးလ္ဗားတို႔က

ထပ္မံသြင္းယူခဲ့ၾကပါတယ္။

ကာတာႏွင့္ပြဲစဥ္ကေရာ္နယ္ဒိုရဲ႕ေပၚတူဂီအတြက္၁၈၁ဂိုးေျမာက္ဂိုးျဖစ္ၿပီး

ဥေရာပသမိုင္းမွာႏိုင္ငံတကာပြဲအမ်ားဆုံးကစားထားတဲ့ကစားသမားျဖစ္လာပါတယ္။

ယခင္တုန္းကဥေရာပရဲ႕ပြဲအမ်ားဆုံးကစားထားသူအျဖစ္ဆာဂ်ီယိုရာမို႔စ္က

စပိန္အတြက္ပြဲ၁၈၀ကစားကာရပ္တည္ေနခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ

လာမယ့္အဂၤါေန႔မွာကစားမယ့္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲမွာသူ႔ရဲ႕၁၈၂ပြဲေျမာက္ပြဲကို

ကစားသြားဖို႔ရွိပါတယ္။ လက္ရွိအခ်ိန္တြင္ ကမာၻ႔ႏိုင္ငံတကာပြဲအမ်ားဆုံးကစားထားတဲ့

ကစားသမားအျဖစ္မေလးရွားစတားဆိုရွင္းအန္က ႏိုင္ငံတကာပြဲ၁၉၅ပြဲျဖင့္ရပ္တည္ေနပါတယ္။