
ပြင်သစ်မီဒီယာတစ်ခုဖြစ်တဲ့ Le Parisien ရဲ့အဆိုအရ နောက်ခံလူ
ဆာဂျီယိုရာမို့စ်ရဲ့ပီအက်စ်ဂျီက အချိန်တွေဟာ မစတင်ခင်ကတည်းက
ကုန်ဆုံးသွားနိုင်ကြောင်း သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ
အဲဒီစပိန်သားဝါရင့်နောက်ခံလူရဲ့စာချုပ်ကို ဖျက်သိမ်းဖို့
စဉ်းစားချင့်ချိန်နေကြောင်း Le Parisien က ဖော်ပြခဲ့တာပါ။
သူ့အသင်းသစ်ပီအက်စ်ဂျီအတွက် တစ်ပွဲတောင် မကစားပေးရသေးတဲ့
ရာမို့စ်အတွက် ခက်ခဲတဲ့အချိန်ကာလမှာပဲ ဒီသတင်းထွက်ပေါ်လာခဲ့တာပါ။
ဒါပေမဲ့ ပီအက်စ်ဂျီဟာ ၃၅ နှစ်အရွယ် ရာမို့စ်ကို ပြီးခဲ့တဲ့နွေရာသီ
အပြောင်းအရွှေ့မှာ ခေါ်ယူစဉ်ကတည်းက သူ့မှာ ကြွက်သားဒဏ်ရာ
ပြသနာတွေရှိနေတယ်ဆိုတာ သိပြီးသားပါ။
အဲဒီဒဏ်ရာတွေကြောင့်လည်း ရာမို့စ်ဟာ ဒီပြက္ခဒိန်နှစ်အတွင်းမှာ ပြိုင်ပွဲအသွင်
၄ ပွဲသာ ကစားရပါသေးတယ်။ အခုတော့ ပီအက်စ်ဂျီဟာ ရာမို့စ်ကို ခေါ်ယူခဲ့တာဟာ
မှန်ကန်ရဲ့လားဆိုတာ သံသယဝင်ပုံရနေပြီး အဲဒါဟာ သူ့စာချုပ်ရဲ့
အဆုံးသတ်ဖြစ်သွားနိုင်တယ်လို့ Le Parisien က ဖော်ပြခဲ့တာပါ။
ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေက တချို့ဟာ ရာမို့စ်ကိုခေါ်ယူခဲ့တာဟာ
အမှားတစ်ခုလို့ ထင်မြင်နေကြောင်း Le Parisien က ဆက်လက်ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ရာမို့စ်ဟာ အသင်းအမှုဆောင်တွေရဲ့ဝေဖန်ခြင်းခံရတဲ့
ပထမဆုံးကစားသမားသစ်မဟုတ်ဘဲ အသင်းအားကစားဒါရိုက်တာလီယိုနာဒိုဟာလည်း
ကလပ်အတွက် မက်ဆီရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ပတ်သက်လို့ သံသယဝင်နေကြောင်း သိရပါတယ်။
လောလောဆယ်မှာတော့ ရာမို့စ်ဟာ ဒီအပတ်မှာပဲ ကျန်ပီအက်စ်ဂျီတစ်သင်းလုံးနဲ့
လေ့ကျင့်ခန်းဆင်းနိုင်တော့မှာပါ။ ဒါပေမဲ့လည်း ကွင်းထဲမှာ
သူဘယ်တော့ပြန်ကစားနိုင်မလဲဆိုတာက ရေရာတိကျတဲ့
ရက် မသတ်မှတ်နိုင်သေးပါဘူး။ ရာမို့စ်ဟာ ပြီးခဲ့တဲ့မေလကတည်းက
ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ပြန်မကစားနိုင်သေးတာလည်း ဖြစ်ပါတယ်။
zawgyi
ရာမို႔စ္ရဲ႕ပီအက္စ္ဂ်ီက အခ်ိန္ေတြဟာ မစတင္ခင္ကတည္းက ကုန္ဆုံးသြားႏိုင္ေၾကာင္း သိရ
ျပင္သစ္မီဒီယာတစ္ခုျဖစ္တဲ့ Le Parisien ရဲ႕အဆိုအရ ေနာက္ခံလူ
ဆာဂ်ီယိုရာမို႔စ္ရဲ႕ပီအက္စ္ဂ်ီက အခ်ိန္ေတြဟာ မစတင္ခင္ကတည္းက
ကုန္ဆုံးသြားႏိုင္ေၾကာင္း သိရပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ
အဲဒီစပိန္သားဝါရင့္ေနာက္ခံလူရဲ႕စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔
စဥ္းစားခ်င့္ခ်ိန္ေနေၾကာင္း Le Parisien က ေဖာ္ျပခဲ့တာပါ။
သူ႔အသင္းသစ္ပီအက္စ္ဂ်ီအတြက္ တစ္ပြဲေတာင္ မကစားေပးရေသးတဲ့
ရာမို႔စ္အတြက္ ခက္ခဲတဲ့အခ်ိန္ကာလမွာပဲ ဒီသတင္းထြက္ေပၚလာခဲ့တာပါ။
ဒါေပမဲ့ ပီအက္စ္ဂ်ီဟာ ၃၅ ႏွစ္အ႐ြယ္ ရာမို႔စ္ကို ၿပီးခဲ့တဲ့ေႏြရာသီ
အေျပာင္းအေ႐ႊ႕မွာ ေခၚယူစဥ္ကတည္းက သူ႔မွာ ႂကြက္သားဒဏ္ရာ
ျပသနာေတြရွိေနတယ္ဆိုတာ သိၿပီးသားပါ။
အဲဒီဒဏ္ရာေတြေၾကာင့္လည္း ရာမို႔စ္ဟာ ဒီျပကၡဒိန္ႏွစ္အတြင္းမွာ ၿပိဳင္ပြဲအသြင္
၄ ပြဲသာ ကစားရပါေသးတယ္။ အခုေတာ့ ပီအက္စ္ဂ်ီဟာ ရာမို႔စ္ကို ေခၚယူခဲ့တာဟာ
မွန္ကန္ရဲ႕လားဆိုတာ သံသယဝင္ပုံရေနၿပီး အဲဒါဟာ သူ႔စာခ်ဳပ္ရဲ႕
အဆုံးသတ္ျဖစ္သြားႏိုင္တယ္လို႔ Le Parisien က ေဖာ္ျပခဲ့တာပါ။
ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူေတြက တခ်ိဳ႕ဟာ ရာမို႔စ္ကိုေခၚယူခဲ့တာဟာ
အမွားတစ္ခုလို႔ ထင္ျမင္ေနေၾကာင္း Le Parisien က ဆက္လက္ေဖာ္ျပခဲ့ပါတယ္။
ဒါ့အျပင္ ရာမို႔စ္ဟာ အသင္းအမႈေဆာင္ေတြရဲ႕ေဝဖန္ျခင္းခံရတဲ့
ပထမဆုံးကစားသမားသစ္မဟုတ္ဘဲ အသင္းအားကစားဒါ႐ိုက္တာလီယိုနာဒိုဟာလည္း
ကလပ္အတြက္ မက္ဆီရဲ႕ႀကိဳးပမ္းအားထုတ္မႈနဲ႔ပတ္သက္လို႔ သံသယဝင္ေနေၾကာင္း သိရပါတယ္။
ေလာေလာဆယ္မွာေတာ့ ရာမို႔စ္ဟာ ဒီအပတ္မွာပဲ က်န္ပီအက္စ္ဂ်ီတစ္သင္းလုံးနဲ႔
ေလ့က်င့္ခန္းဆင္းႏိုင္ေတာ့မွာပါ။ ဒါေပမဲ့လည္း ကြင္းထဲမွာ
သူဘယ္ေတာ့ျပန္ကစားႏိုင္မလဲဆိုတာက ေရရာတိက်တဲ့
ရက္ မသတ္မွတ္ႏိုင္ေသးပါဘူး။ ရာမို႔စ္ဟာ ၿပီးခဲ့တဲ့ေမလကတည္းက
ရရွိခဲ့တဲ့ ႂကြက္သားဒဏ္ရာေၾကာင့္ ျပန္မကစားႏိုင္ေသးတာလည္း ျဖစ္ပါတယ္။