ရာဖင်ညာကို လက်မလွှတ်သေးပေမယ့် ဒမ်ဘီလီကို ခေါ်ဖို့ လက်တလောကြိုးစားနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ လိဒ်တောင်ပံ

ကစားသမား ရာဖင်ညာကို
ခေါ်ယူဖို့ လက်မလျှော့သေးပေမယ့်
လက်ရှိအချိန်မှာတော့
ဘာစီလိုနာတောင်ပံကစားသမား
ဒမ်ဘီလီကို ခေါ်ယူဖို့

ကြိုးစားနေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီအတွင်း
အသင်းကို အပြောင်းအလဲ
လုပ်ဖို့ စီစဉ်နေပြီး
ရာဖင်ညာကို သူ့ရဲ့အသင်းဟောင်း

ရန်းနက်စ်မှာကတည်းက
စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။
ဒီနွေမှာလည်း ရာဖင်ညာကို
ခေါ်ယူဖို့ ဆက်လက်ကြိုးစားနေပေမယ့်
လက်ရှိအချိန်မှာတော့ ဒမ်ဘီလီကို

အလွတ်ပြောင်ရွှေ့ကြေးနဲ့ ခေါ်ယူဖို့
ပိုမိုနီးစပ်နေပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်က
ဘယ်အပြောင်းအရွှေ့မဆို
အတိမ်းအစောင်းခံမှာမဟုတ်ဘူးလို့

ဖွင့်ဟထားပြီး ပြင်သစ်လက်ရွေးစင်
ဒမ်ဘီလီရဲ့စာချုပ်သက်တမ်းက
ဒီလအကုန်မှာ ကုန်ဆုံးတော့မှာပါ။
ချဲလ်ဆီးဟာ ဇန်နဝါရီလက
ဒမ်ဘီလီကို ခေါ်ယူဖို့

ဆက်သွယ်ချဉ်းကပ်ခဲ့ပေမယ့်
တူချယ်က အဲဒီအချိန်တုန်းက
ငြင်းဆန်ခဲ့ပါတယ်။
Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ
ချဲလ်ဆီးဟာ ရာဖင်ညာကို

ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပေမယ့်
ဒမ်ဘီလီကို ခေါ်ယူဖို့
ကြိုးစားနေလို့ ရာဖင်ညာရဲ့
အပြောင်းအရွှေ့က ပိုမို
ရှုပ်ထွေးလာနိုင်တယ်လို့ သိရပါတယ်။

တကယ်လို့ လိဒ်ယူနိုက်တက်သာ
တန်းဆင်းခဲ့ရရင် ရာဖင်ညာရဲ့
စာချုပ်ဖျက်သိမ်းကြေးက
ပေါင် ၂၅သန်းပဲရှိမှာဖြစ်ပေမယ့်
လိဒ်က ရာသီပိတ်ပွဲအပြီးမှာ

တန်းတင်ကျန်ရစ်ခဲ့လို့
အဲဒီစာချုပ်ဖျက်သိမ်းကြေးလည်း
အရာမထင်တော့ပါဘူး။

Zawgyi

ရာဖင္ညာကို လက္မလႊတ္ေသးေပမယ့္ ဒမ္ဘီလီကို ေခၚဖို႔ လက္တေလာႀကိဳးစားေနတဲ့ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးဟာ လိဒ္ေတာင္ပံ
ကစားသမား ရာဖင္ညာကို
ေခၚယူဖုိ႔ လက္မေလွ်ာ့ေသးေပမယ့္

လက္ရွိအခ်ိန္မွာေတာ့
ဘာစီလုိနာေတာင္ပံကစားသမား
ဒမ္ဘီလီကို ေခၚယူဖို႔
ႀကိဳးစားေနတယ္လုိ႔ သိရပါတယ္။
ခ်ဲလ္ဆီးဟာ ယခုေႏြရာသီအတြင္း

အသင္းကို အေျပာင္းအလဲ
လုပ္ဖို႔ စီစဥ္ေနၿပီး
ရာဖင္ညာကို သူ႕ရဲ႕အသင္းေဟာင္း
ရန္းနက္စ္မွာကတည္းက
ေစာင့္ၾကည့္ေနခဲ့တာျဖစ္ပါတယ္။

ဒီေႏြမွာလည္း ရာဖင္ညာကို
ေခၚယူဖို႔ ဆက္လက္ႀကိဳးစားေနေပမယ့္
လက္ရွိအခ်ိန္မွာေတာ့ ဒမ္ဘီလီကို
အလြတ္ေျပာင္ေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔
ပိုမိုနီးစပ္ေနပါတယ္။

ခ်ဲလ္ဆီးနည္းျပ တူခ်ယ္က
ဘယ္အေျပာင္းအေရႊ႕မဆို
အတိမ္းအေစာင္းခံမွာမဟုတ္ဘူးလုိ႔
ဖြင့္ဟထားၿပီး ျပင္သစ္လက္ေရြးစင္
ဒမ္ဘီလီရဲ႕စာခ်ဳပ္သက္တမ္းက

ဒီလအကုန္မွာ ကုန္ဆုံးေတာ့မွာပါ။
ခ်ဲလ္ဆီးဟာ ဇန္န၀ါရီလက
ဒမ္ဘီလီကို ေခၚယူဖုိ႔
ဆက္သြယ္ခ်ဥ္းကပ္ခဲ့ေပမယ့္
တူခ်ယ္က အဲဒီအခ်ိန္တုန္းက

ျငင္းဆန္ခဲ့ပါတယ္။
Athletic သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ
ခ်ဲလ္ဆီးဟာ ရာဖင္ညာကို
ေခၚယူဖို႔ စိတ္၀င္စားေနဆဲျဖစ္ေပမယ့္
ဒမ္ဘီလီကို ေခၚယူဖုိ႔

ႀကိဳးစားေနလုိ႔ ရာဖင္ညာရဲ႕
အေျပာင္းအေရႊ႕က ပုိမို
ရႈပ္ေထြးလာႏိုင္တယ္လုိ႔ သိရပါတယ္။
တကယ္လုိ႔ လိဒ္ယူႏုိက္တက္သာ
တန္းဆင္းခဲ့ရရင္ ရာဖင္ညာရဲ႕

စာခ်ဳပ္ဖ်က္သိမ္းေၾကးက
ေပါင္ ၂၅သန္းပဲရွိမွာျဖစ္ေပမယ့္
လိဒ္က ရာသီပိတ္ပြဲအၿပီးမွာ
တန္းတင္က်န္ရစ္ခဲ့လုိ႔
အဲဒီစာခ်ဳပ္ဖ်က္သိမ္းေၾကးလည္း

အရာမထင္ေတာ့ပါဘူး။