ရာနှုန်းပြည့်နိုင်ပွဲဆက်မှုနဲ့အတူ ဂန်းနားတွေ နောက်တစ်ဆင့်တက်ပြီ

ကြာသပတေးညက ကစားခဲ့တဲ့ ပီအက်စ်ဗွီနဲ့ ပွဲစဉ်မှာ ၁-၀ ဂိုးနဲ့ အနိုင်ရပြီးတဲ့ နောက် အာဆင်နယ်ဟာ ယူရိုပါလိဂ် ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ ပြီဖြစ်ပါတယ်။

ဂန်းနားတွေဟာ အုပ်စုပွဲစဉ် ၄ ပွဲစလုံးကို အနိုင်ရခဲ့တာဖြစ်ပြီး နောက်ထပ်ကစားဖို့ ၂ ပွဲကျန်သေးတဲ့ အခြေအနေမှာတင် နောက်တစ်ဆင့် ကို တက်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။

အာဆင်နယ်ကို ယူရိုပါလိဂ် ၃၂ သင်းအဆင့်ဆီ သေချာပေါက် ရောက်သွားစေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို ကွင်းလယ်လူ ရှာကာက ပွဲချိန် မိနစ် ၇၀ မှာပဲ သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ ရှာကာကတော့ ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ယောက် ဖြစ်လာနေပြီပဲ ဖြစ်ပါတယ်။

နည်းပြ အာတီတာဟာ လိဒ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ ၆ ခု ပြုလုပ်ခဲ့ပြီး ပွီအက်စ်ဗွီနဲ့ ပွဲစဉ်မှာ ပွဲထွက်လာခဲ့တာပါ။

ဒါပေမဲ့ အသင်းကွင်းလယ်ကို အဓိက ထိန်းကျောင်းမယ့် ရှာကာကိုတော့ အာတီတာက ပီအက်ဗွီ နဲ့ ပွဲစဉ်မှာ ထည့်သုံးခဲ့ပါတယ်။

ဒီအချက်ဟာ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ရှာကာဟာ ဒီပွဲမှာ ဘောလုံးဖြန့်ဝေမှုအပိုင်း အားကောင်းခဲ့သလို ကိုယ် တိုင်လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် အသင်းကို အကောင်းဆုံး ပဲ့ကိုင်ထိန်းကျောင်းပေးနိုင်ခဲ့သလို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရှာကာအတွက် နည်းပြ အာတီတာက ပွဲအပြီးမှာ အခုလို ချီးမွမ်းသွားခဲ့ပါတယ်။

‘’သူက ခက်ခဲတဲ့ ကာ လတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး မတူကွဲပြားတဲ့ အခွင့်အရေးမျိုးရချိန်မှာတော့ မိမိရရ ဆုပ်ကိုင်နိုင်ခဲ့တယ်။ သူက ကျင့်ဝတ်နဲ့ ပြည့်စုံတဲ့ ကစားသမားဖြစ်ပြီး အသင်းမှာရှိတဲ့ လူတိုင်းအပေါ် ပြုမူဆက်ဆံပုံနဲ့ သူ့ရဲ့ ကျင့်ကြံနေထိုင်ပုံတွေ က ကောင်းမွန်တယ်။

နောက်ပြီး သူဟာ ဒီအသင်းကို ချစ်မြတ်နိုးသလို သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကလည်း မေးခွန်းထုတ်စရာ မလိုဘူး။

သူက ဒီလို အရာတွေနဲ့ အပြည့်အ၀ ထိုက်တန်သူတစ်ယောက်လို့ ကျွန်တော်ထင်တယ်။ သူ့ရဲ့ ကစားသမားဘဝကို ဒီမှာ မြင်နေရတာ ကျွန်တော် တကယ်ပျော်ပါ တယ်’’ လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ရာႏႈန္းျပည့္ႏိုင္ပြဲဆက္မႈနဲ႔အတူ ဂန္းနားေတြ ေနာက္တစ္ဆင့္တက္ၿပီ

ၾကာသပေတးညက ကစားခဲ့တဲ့ ပီအက္စ္ဗြီနဲ႔ ပြဲစဥ္မွာ ၁-၀ ဂိုးနဲ႔ အႏိုင္ရၿပီးတဲ့ ေနာက္ အာဆင္နယ္ဟာ ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ ၿပီျဖစ္ပါတယ္။

ဂန္းနားေတြဟာ အုပ္စုပြဲစဥ္ ၄ ပြဲစလုံးကို အႏိုင္ရခဲ့တာျဖစ္ၿပီး ေနာက္ထပ္ကစားဖို႔ ၂ ပြဲက်န္ေသးတဲ့ အေျခအေနမွာတင္ ေနာက္တစ္ဆင့္ ကို တက္ေရာက္သြားခဲ့တာပဲျဖစ္ပါတယ္။

အာဆင္နယ္ကို ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္ဆီ ေသခ်ာေပါက္ ေရာက္သြားေစမယ့္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ကြင္းလယ္လူ ရွာကာက ပြဲခ်ိန္ မိနစ္ ၇၀ မွာပဲ သြင္းယူေပးခဲ့ပါတယ္။

ဒီပြဲအတြက္ သူရဲေကာင္းျဖစ္ခဲ့တဲ့ ရွာကာကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမားတစ္ေယာက္ ျဖစ္လာေနၿပီပဲ ျဖစ္ပါတယ္။

နည္းျပ အာတီတာဟာ လိဒ္ကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္က လူစာရင္းကို အေျပာင္းအလဲ ၆ ခု ျပဳလုပ္ခဲ့ၿပီး ပြီအက္စ္ဗြီနဲ႔ ပြဲစဥ္မွာ ပြဲထြက္လာခဲ့တာပါ။

ဒါေပမဲ့ အသင္းကြင္း လယ္ကို အဓိက ထိန္းေက်ာင္းမယ့္ ရွာကာကိုေတာ့ အာတီတာက ပီအက္ဗြီ နဲ႔ ပြဲစဥ္မွာ ထည့္သုံးခဲ့ပါတယ္။ ဒီအခ်က္ဟာ အလုပ္ျဖစ္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ၿပီး ရွာကာဟာ ဒီပြဲမွာ ေဘာလုံးျဖန႔္ေဝမႈအပိုင္း အားေကာင္းခဲ့သလို ကိုယ္ တိုင္လည္း ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ အသင္းကို အေကာင္းဆုံး ပဲ့ကိုင္ထိန္းေက်ာင္းေပးႏိုင္ခဲ့သလို ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ရွာကာအတြက္ နည္းျပ အာတီတာက ပြဲအၿပီးမွာ အခုလို ခ်ီးမြမ္းသြားခဲ့ပါတယ္။ ‘’သူက ခက္ခဲတဲ့ ကာ လေတြကို ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး မတူကြဲျပားတဲ့ အခြင့္အေရးမ်ိဳးရခ်ိန္မွာေတာ့ မိမိရရ ဆုပ္ကိုင္ႏိုင္ခဲ့တယ္။

သူက က်င့္ဝတ္နဲ႔ ျပည့္စုံတဲ့ ကစားသမားျဖစ္ၿပီး အသင္းမွာရွိတဲ့ လူတိုင္းအေပၚ ျပဳမူဆက္ဆံပုံနဲ႔ သူ႔ရဲ႕ က်င့္ႀကံေနထိုင္ပုံေတြ က ေကာင္းမြန္တယ္။

ေနာက္ၿပီး သူဟာ ဒီအသင္းကို ခ်စ္ျမတ္ႏိုးသလို သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ ပီသမႈကလည္း ေမးခြန္းထုတ္စရာ မလိုဘူး။ သူက ဒီလို အရာေတြနဲ႔ အျပည့္အ၀ ထိုက္တန္သူတစ္ေယာက္လို႔ ကြၽန္ေတာ္ထင္တယ္။ သူ႔ရဲ႕ ကစားသမားဘဝကို ဒီမွာ ျမင္ေနရတာ ကြၽန္ေတာ္ တကယ္ေပ်ာ္ပါ တယ္’’ လို႔ အာတီတာက ေျပာဆိုသြားခဲ့ပါတယ္။