ရာကီတစ်ကို ကူညီခဲ့တဲ့လုပ်ရပ်တစ်ခုအတွက် ချီးကျူးခံနေရတဲ့ ဇာဗီ

ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ဆီဗီလာနဲ့ပြိုင်ဘက်တွေအဖြစ်

တွေ့ဆုံခဲ့ပေမယ့် အဲဒီပွဲမှာသူ့ကစားဖော်ဟောင်းဖြစ်တဲ့ ရာကီတစ် ကို

ကူညီခဲ့တဲ့လုပ်ရပ်တစ်ခုအတွက် ချီးကျူးခံနေရပြီး နှစ်သင်းစလုံးက

ပရိသတ်တွေကလည်း သ ဘောကျခဲ့ကြတယ်လို့ သိရပါတယ်။

ဒီပွဲမှာ ဆီဗီလာက ကွန်ဒီဟာ ၆၄ မိနစ်မှာအနီကတ်ပြထုတ်ပယ်ခံခဲ့ရပေမယ့်

တစ်ယောက် လျော့ပြိုင်ဘက်ကို ၁-၁ သရေကျခဲ့လို့ ဇာဗီအတွက်

စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဆီဗီလာအသင်းကွင်လယ်လူ

ရာကီတစ် ဟာဘာစီလိုနာမှာ ဇာဗီနဲ့ကစားဖော်တွေဖြစ်ခဲ့ပေမယ့်

ဒီပွဲမှာတော့ပြိုင်ဘက်အဖြစ်နဲ့ ပြန်ဆုံခဲ့ကြတာပါ။ ဒါပေမယ့်သူတို့ဟာ

ခင်မင်ရင်းနှီးစွဲရှိနေကြ‌သေးတဲ့အပြင် ဇာဗီဘက်က တစ်ဦးနဲ့တစ်ဦး

ကူညီရမယ်ဆိုတဲ့အသိကိုလည်းပြသခဲ့တဲ့အတွက် အဆင့်အ တန်းရှိလှတဲ့

လုပ်ရပ်တစ်ခုအဖြစ်လည်းသတ်မှတ်နေကြပါတယ်။ ရာကီတစ်ဟာ

ဘာစီလိုနာကအက်ဇယ်ဇူလီ ရဲ့ဖျက်ထုတ်မှုကြောင့် ကွင်းဘေးစည်းနားမှာ

လဲကျသွားခဲ့ပါတယ်။ ဖြစ်ချင်တော့သူလဲကျတဲ့ရှေ့မှာ ဘာစီလိုနာနည်းပြဇာဗီက

နည်းစနစ်ဧရိယာအတွင်းရပ်နေချိန်ဖြစ်ပါတယ်။

ဒါကိုမြင်လိုက်တဲ့ ဇာဗီက ရှေ့ကိုအနည်းငယ်တိုးသွားက

လက်ကမ်းပေးပြီး ရာကီတစ်ပြန်ထနိုင်အောင်

ကူညီပေးခဲ့တာဖြစ်ပါတယ်။ ရာကီတစ်က လည်းကျေနပ်စွာနဲ့ပြုံးပြကာတုံ့ပြန်ခဲ့ပြီး

နှစ်ဦးသားပွေ့ဖက်ခဲ့ကြပါသေးတယ်။ ဒီလိုတစ်ဦးနဲ့တစ်ဦးနွေးထွေးလှတဲ့

အပြုအမူ ကြောင့်နှစ်သင်းစလုံးရဲ့ပရိသတ်တွေက သဘောကျခဲ့ကြတာဖြစ်ပါတယ်။

ရာကီတစ်ဟာ ဆီဗီလာကနေ ဘာစီလိုနာကိုပြောင်း လာတဲ့သူဖြစ်ပြီး

၂၀၂၀ မှာ အသင်းဟောင်းဆီပြန်လည်ပြောင်းရွှေ့သွားသူဖြစ်ပါတယ်။

သူဟာဘာစီလိုနာမှာ ဇာဗီ၊ အင်နီယေ စတာ တို့နဲ့တွဲကစားရတာကို

များစွာကျေနပ်နေပြီး ဒီစပိန်သားနှစ်ဦးနဲ့အလုပ်အတူတွဲလုပ်ခဲ့ရတဲ့အချိန်တွေဟာ

တကယ့်ကို တန်ဖိုးရှိခဲ့တယ်လို့လည်း ပြောခဲ့ဘူးပါတယ်။

သူဟာ ၂၀၁၄-၁၅ ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ

ဆုဖလား ၃ လုံးရယူနိုင် ခဲ့သေးသူဖြစ်ပါတယ်။

zawgyi

ရာကီတစ္ကို ကူညီခဲ့တဲ့လုပ္ရပ္တစ္ခုအတြက္ ခ်ီးက်ဴးခံေနရတဲ့ ဇာဗီ

ဘာစီလိုနာအသင္းနည္းျပ ဇာဗီဟာ ၿပီးခဲ့တဲ့အဂၤါေန႔က ဆီဗီလာနဲ႔ၿပိဳင္ဘက္ေတြအျဖစ္

ေတြ႕ဆုံခဲ့ေပမယ့္ အဲဒီပြဲမွာသူ႔ကစားေဖာ္ေဟာင္းျဖစ္တဲ့ ရာကီတစ္ ကို

ကူညီခဲ့တဲ့လုပ္ရပ္တစ္ခုအတြက္ ခ်ီးက်ဴးခံေနရၿပီး ႏွစ္သင္းစလုံးက

ပရိသတ္ေတြကလည္း သ ေဘာက်ခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒီပြဲမွာ ဆီဗီလာက ကြန္ဒီဟာ ၆၄ မိနစ္မွာအနီကတ္ျပထုတ္ပယ္ခံခဲ့ရေပမယ့္

တစ္ေယာက္ ေလ်ာ့ၿပိဳင္ဘက္ကို ၁-၁ သေရက်ခဲ့လို႔ ဇာဗီအတြက္

စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။ ဆီဗီလာအသင္းကြင္လယ္လူ

ရာကီတစ္ ဟာဘာစီလိုနာမွာ ဇာဗီနဲ႔ကစားေဖာ္ေတြျဖစ္ခဲ့ေပမယ့္

ဒီပြဲမွာေတာ့ၿပိဳင္ဘက္အျဖစ္နဲ႔ ျပန္ဆုံခဲ့ၾကတာပါ။ ဒါေပမယ့္သူတို႔ဟာ

ခင္မင္ရင္းႏွီးစြဲရွိေနၾက‌ေသးတဲ့အျပင္ ဇာဗီဘက္က တစ္ဦးနဲ႔တစ္ဦး

ကူညီရမယ္ဆိုတဲ့အသိကိုလည္းျပသခဲ့တဲ့အတြက္ အဆင့္အ တန္းရွိလွတဲ့

လုပ္ရပ္တစ္ခုအျဖစ္လည္းသတ္မွတ္ေနၾကပါတယ္။ ရာကီတစ္ဟာ

ဘာစီလိုနာကအက္ဇယ္ဇူလီ ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ ကြင္းေဘးစည္းနားမွာ

လဲက်သြားခဲ့ပါတယ္။ ျဖစ္ခ်င္ေတာ့သူလဲက်တဲ့ေရွ႕မွာ ဘာစီလိုနာနည္းျပဇာဗီက

နည္းစနစ္ဧရိယာအတြင္းရပ္ေနခ်ိန္ျဖစ္ပါတယ္။ ဒါကိုျမင္လိုက္တဲ့ ဇာဗီက

ေရွ႕ကိုအနည္းငယ္တိုးသြားက လက္ကမ္းေပးၿပီး ရာကီတစ္ျပန္ထႏိုင္ေအာင္

ကူညီေပးခဲ့တာျဖစ္ပါတယ္။ ရာကီတစ္က လည္းေက်နပ္စြာနဲ႔ၿပဳံးျပကာတုံ႔ျပန္ခဲ့ၿပီး

ႏွစ္ဦးသားေပြ႕ဖက္ခဲ့ၾကပါေသးတယ္။ ဒီလိုတစ္ဦးနဲ႔တစ္ဦးေႏြးေထြးလွတဲ့

အျပဳအမူ ေၾကာင့္ႏွစ္သင္းစလုံးရဲ႕ပရိသတ္ေတြက သေဘာက်ခဲ့ၾကတာျဖစ္ပါတယ္။

ရာကီတစ္ဟာ ဆီဗီလာကေန ဘာစီလိုနာကိုေျပာင္း လာတဲ့သူျဖစ္ၿပီး

၂၀၂၀ မွာ အသင္းေဟာင္းဆီျပန္လည္ေျပာင္းေ႐ႊ႕သြားသူျဖစ္ပါတယ္။

သူဟာဘာစီလိုနာမွာ ဇာဗီ၊ အင္နီေယ စတာ တို႔နဲ႔တြဲကစားရတာကို

မ်ားစြာေက်နပ္ေနၿပီး ဒီစပိန္သားႏွစ္ဦးနဲ႔အလုပ္အတူတြဲလုပ္ခဲ့ရတဲ့အခ်ိန္ေတြဟာ

တကယ့္ကို တန္ဖိုးရွိခဲ့တယ္လို႔လည္း ေျပာခဲ့ဘူးပါတယ္။

သူဟာ ၂၀၁၄-၁၅ ေဘာလုံးရာသီမွာ ဘာစီလိုနာနဲ႔အတူ

ဆုဖလား ၃ လုံးရယူႏိုင္ ခဲ့ေသးသူျဖစ္ပါတယ္။