
ဘက်ပီ၊ ဟာလန်းတို့ထက်သာမယ့် ဗလာဟိုဗစ်ကို ထိပ်တန်းအသင်းတွေ မျက်စိကျနေ
ဖီအိုရင်တီးနားတိုက်စစ်မှူး ဒတ်ဆန်ဗလာဟိုဗစ်ဟာ ကိုင်လီယန်အမ်ဘက်ပီ၊
အာလင်းဟာလန်းတို့တွေနဲ့ တစ်တန်းတည်း အပြောခံနေရပြီဖြစ်ပြီး
သူ့ရဲ့တန်ဖိုးကလည်း တဟုန်ထိုးမြင့်တက်လာနေပါတယ်။
စပါးအသင်း ၊ မန်စီးတီးအသင်းတို့မှ ခေါ်ယူဖို့ စောင့်ကြည့်ပစ်မှတ်ထားနေတဲ့
ဗလာဟိုဗစ်ကိုတော့ စီးရီးအေမှ ပြိုင်ဘက်အသင်းဖြစ်တဲ့ ဂျူ ဗီအသင်းကတော့
လာမယ့် ဆောင်းရာသီဈေ းကွက်အတွင်း ပြောင်းရွေ့ကြေး
ယူရို သန်း ၅ဝ အထိ အသုံးပြုကာ စတင်ကမ်းလမ်းသွားဖို့ ပြင်ဆင်နေကြောင်း
အီတလီသတင်းစာ La Gazzetta IT မှဖော်ပြသွားခဲ့ပြီး ၊
ဖီအိုရင်တီးနားအသင်းဘက်ကတော့ သူတို့ရဲ့ဆားဘီးယားသား
တိုက်စစ်မူးလေးအတွက် အနည်းဆုံး ယူရို သန်း ၇ဝ လောက်အထိရရှိမှသာ
လက်လွတ်သွားမှာဖြစ်ကြောင်း ဗလာဟိုဗစ်ရဲ့အပြောင်းအရွေ့
သတင်းတွေနဲ့ပတ်သက်ပြီး ပြန်လည်တုံပြန်သွားခဲ့ပါတယ်။
တစ်ဖက်မှာတော့ ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့
ပြောဆိုချက်အရ ဗလာဟိုဗစ်ဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကစားဖို့
စိတ်ဆန္ဒလုံးဝမရှိတာကြောင့် ဂန်းနားတွေရဲ့ ကမ်းလှမ်းချက်ကို အကြောင်းပြန်
ဖြေကြားခြင်းမရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၂ ပတ်ဝန်းကျင်တုန်းကတော့ အာဆင်နယ်အသင်းဟာ ဗလာဟိုဗစ်ကို
ခေါ်ယူဖို့ လုံးဝစိတ်ဝင်စားခြင်းမရှိသလို ချဉ်းကပ်နေတာမျိုးလည်း
မပြုလုပ်နေဘူးလို့ ရိုမာနိုကပဲ ပြောဆိုခဲ့တာပါ။
၂၁ နှစ်သား ဆာဘီးယားတိုက်စစ်မှူးဟာ ဒီရာသီစီးရီးအေမှာ ၁၃ပွဲအတွင်း
၁၀ဂိုးသွင်းထားပြီး လာဇီယိုရဲ့ကိုင်ရိုအီမိုဘီလီနဲ့အတူ ပူးတွဲထိပ်တန်းဂိုးသွင်းသူဖြစ်နေပါတယ်။
ဗလာဟိုဗစ်ဟာ ၂၀၂၁ ပြက္ခဒိန်ရာသီအတွင်း ဖီအိုရင်တီးနားတို့အတွက်
လိဂ်ဂိုး၂၇ဂိုးသွင်းပြီးပြီဖြစ်လို့ ကာ့တ်ဟမ်ရင်ရဲ့ကလပ်စံချိန်ကိုကျော်ဖို့
တစ်ဂိုးပဲလိုတော့တာဖြစ်ပြီး၊ အချက်အလက်အားဖြင့်လည်း
၂၀၂၁အတွင်း မေဂျာဥရောပလိဂ်များမှာ သူ့ထက်သာတာ
လိဂ်ဂိုး ၃၈ ဂိုးနဲ့ လီဝန်ဒေါစကီးတစ်ယောက်တည်းရှိပါတယ်။
ဒေါ့မွန်ရဲ့ ဟာလန်း ၂၆ဂိုး၊ ရီးရဲလ်ရဲ့ကာရင်ဘင်ဇီးမား ၂၅ ဂိုးနဲ့
ပီအက်စ်ဂျီ/ဘာစီလိုနာရဲ့ လီယွန်နယ်မက်ဆီ ၂၄ ဂိုးတို့အ
ားလုံးထက် ဆာဘီးယားသားက ပိုများပါတယ်။
ဗလာဟိုဗစ်ဟာ ဗီအိုလာတို့အတွက် ကွင်းတွင်းအောင်မြင်မှုတွေ
ဆက်ရနေဆဲမှာ ဖီအိုရင်တီးနားတို့အတွက်ပြဿနာကတော့
သူ့ရဲ့လက်ရှိစာချုပ်ဟာ နောက်ရာသီပြီးချိန်မှာကုန်ဆုံးတော့မှာဖြစ်သလို
သူကလည်း စာချုပ်သက်တမ်းတိုးချင်တဲ့စိတ်ကူးကို ပြသမနေတာပါပဲ။
ဒါ့ကြောင့်မို့ တန်ဖိုးမဆုံးရှုံးရအောင် လာမယ့်နွေရာသီဈေးကွက်မှာ
တန်ဖိုးသင့်နဲ့ထုတ်ရောင်းဖို့ဖြစ်လာနိုင်ပါတယ်။
zawgyi
ရသေလာက္ ယူရေတာ့မယ့္ ဖီအိုရဲ႕ အေျခအေန
ဘက္ပီ၊ ဟာလန္းတို႔ထက္သာမယ့္ ဗလာဟိုဗစ္ကို ထိပ္တန္းအသင္းေတြ မ်က္စိက်ေန
ဖီအိုရင္တီးနားတိုက္စစ္မႉး ဒတ္ဆန္ဗလာဟိုဗစ္ဟာ ကိုင္လီယန္အမ္ဘက္ပီ၊
အာလင္းဟာလန္းတို႔ေတြနဲ႔ တစ္တန္းတည္း အေျပာခံေနရၿပီျဖစ္ၿပီး
သူ႔ရဲ႕တန္ဖိုးကလည္း တဟုန္ထိုးျမင့္တက္လာေနပါတယ္။
စပါးအသင္း ၊ မန္စီးတီးအသင္းတို႔မွ ေခၚယူဖို႔ ေစာင့္ၾကည့္ပစ္မွတ္ထားေနတဲ့
ဗလာဟိုဗစ္ကိုေတာ့ စီးရီးေအမွ ၿပိဳင္ဘက္အသင္းျဖစ္တဲ့ ဂ်ဴ ဗီအသင္းကေတာ့
လာမယ့္ ေဆာင္းရာသီေဈ းကြက္အတြင္း ေျပာင္းေ႐ြ႕ေၾကး
ယူ႐ို သန္း ၅ဝ အထိ အသုံးျပဳကာ စတင္ကမ္းလမ္းသြားဖို႔ ျပင္ဆင္ေနေၾကာင္း
အီတလီသတင္းစာ La Gazzetta IT မွေဖာ္ျပသြားခဲ့ၿပီး ၊
ဖီအိုရင္တီးနားအသင္းဘက္ကေတာ့ သူတို႔ရဲ႕ဆားဘီးယားသား
တိုက္စစ္မူးေလးအတြက္ အနည္းဆုံး ယူ႐ို သန္း ၇ဝ ေလာက္အထိရရွိမွသာ
လက္လြတ္သြားမွာျဖစ္ေၾကာင္း ဗလာဟိုဗစ္ရဲ႕အေျပာင္းအေ႐ြ႕
သတင္းေတြနဲ႔ပတ္သက္ၿပီး ျပန္လည္တုံျပန္သြားခဲ့ပါတယ္။
တစ္ဖက္မွာေတာ့ ထိပ္တန္းသတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕
ေျပာဆိုခ်က္အရ ဗလာဟိုဗစ္ဟာ အာဆင္နယ္အသင္းထံ ေျပာင္းေ႐ႊ႕ကစားဖို႔
စိတ္ဆႏၵလုံးဝမရွိတာေၾကာင့္ ဂန္းနားေတြရဲ႕ ကမ္းလွမ္းခ်က္ကို အေၾကာင္းျပန္
ေျဖၾကားျခင္းမရွိတာျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္
လြန္ခဲ့တဲ့ ၂ ပတ္ဝန္းက်င္တုန္းကေတာ့ အာဆင္နယ္အသင္းဟာ ဗလာဟိုဗစ္ကို
ေခၚယူဖို႔ လုံးဝစိတ္ဝင္စားျခင္းမရွိသလို ခ်ဥ္းကပ္ေနတာမ်ိဳးလည္း
မျပဳလုပ္ေနဘူးလို႔ ႐ိုမာႏိုကပဲ ေျပာဆိုခဲ့တာပါ။
၂၁ ႏွစ္သား ဆာဘီးယားတိုက္စစ္မႉးဟာ ဒီရာသီစီးရီးေအမွာ ၁၃ပြဲအတြင္း
၁၀ဂိုးသြင္းထားၿပီး လာဇီယိုရဲ႕ကိုင္႐ိုအီမိုဘီလီနဲ႔အတူ ပူးတြဲထိပ္တန္းဂိုးသြင္းသူျဖစ္ေနပါတယ္။
ဗလာဟိုဗစ္ဟာ ၂၀၂၁ ျပကၡဒိန္ရာသီအတြင္း ဖီအိုရင္တီးနားတို႔အတြက္
လိဂ္ဂိုး၂၇ဂိုးသြင္းၿပီးၿပီျဖစ္လို႔ ကာ့တ္ဟမ္ရင္ရဲ႕ကလပ္စံခ်ိန္ကိုေက်ာ္ဖို႔
တစ္ဂိုးပဲလိုေတာ့တာျဖစ္ၿပီး၊ အခ်က္အလက္အားျဖင့္လည္း
၂၀၂၁အတြင္း ေမဂ်ာဥေရာပလိဂ္မ်ားမွာ သူ႔ထက္သာတာ
လိဂ္ဂိုး ၃၈ ဂိုးနဲ႔ လီဝန္ေဒါစကီးတစ္ေယာက္တည္းရွိပါတယ္။
ေဒါ့မြန္ရဲ႕ ဟာလန္း ၂၆ဂိုး၊ ရီးရဲလ္ရဲ႕ကာရင္ဘင္ဇီးမား ၂၅ ဂိုးနဲ႔
ပီအက္စ္ဂ်ီ/ဘာစီလိုနာရဲ႕ လီယြန္နယ္မက္ဆီ ၂၄ ဂိုးတို႔အ
ားလုံးထက္ ဆာဘီးယားသားက ပိုမ်ားပါတယ္။
ဗလာဟိုဗစ္ဟာ ဗီအိုလာတို႔အတြက္ ကြင္းတြင္းေအာင္ျမင္မႈေတြ
ဆက္ရေနဆဲမွာ ဖီအိုရင္တီးနားတို႔အတြက္ျပႆနာကေတာ့
သူ႔ရဲ႕လက္ရွိစာခ်ဳပ္ဟာ ေနာက္ရာသီၿပီးခ်ိန္မွာကုန္ဆုံးေတာ့မွာျဖစ္သလို
သူကလည္း စာခ်ဳပ္သက္တမ္းတိုးခ်င္တဲ့စိတ္ကူးကို ျပသမေနတာပါပဲ။
ဒါ့ေၾကာင့္မို႔ တန္ဖိုးမဆုံးရႈံးရေအာင္ လာမယ့္ေႏြရာသီေဈးကြက္မွာ
တန္ဖိုးသင့္နဲ႔ထုတ္ေရာင္းဖို႔ျဖစ္လာႏိုင္ပါတယ္။