ရလဒ်ဆိုးတွေအတွက် ကစားသမားတွေကိုသာ လွှဲချလေ့ရှိတဲ့ မော်ကြီးရဲ့ မှတ်တမ်း

ပါ်တူဂီသားနည်းပြ မော်ရင်ဟိုဟာသူကိုင်တွယ်ခဲ့တဲ့နောက်ဆုံး ၄ သင်းမှာ

ရလဒ်တွေမကောင်းတိုင်း ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုသာ

အပြစ်ပုံချလေ့ရှိတယ်လို့ အင်္ဂလိပ်သတင်းစာတစ်စောင်ကဖော်ပြလိုက်ပါတယ်။

ရိုးမားဟာပြီးခဲ့တဲ့တနင်္ဂနွေ
နေ့က ဂျူဗင်တပ်ကိုအိမ်ကွင်းမှာ ၃-၁ နဲ့ဦးဆောင်ပြီးမှ ၄-၃ နဲ့ရှုံးခဲ့တာကို

မကျေမနပ်ဖြစ်နေပြီး ကစားသမားတွေဟာကြောက်စိတ်ဝင်နေကြပြီး

စိတ်ပိုင်းဆိုင်ရာအားနည်းကြတယ်လို့ ပွဲအပြီးမှာဝေဖန်ခဲ့ပါတယ်။

မော်ရင်ဟိုက” ဂျူဗင်တပ်လိုစိတ်ဓာတ်အားကောင်းတဲ့အသင်းမျိုးကို

၃-၂ ဖြစ်စေခဲ့တာ တကယ်ဆိုးရွားတယ်။ အဲဒီနောက်ပိုင်းကြောက်စိတ်

ဝင်တော့တာဘဲ။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ်ကြံ့ကြံ့ခံရပ်ပြီးတော့

ကိုယ့်စရိုက်ကောင်းမှုကိုပြသရမှာ။ ကျုပ်အသင်းမှာက ကောင်းရင်လည်း

အရမ်းကောင်းပြီး ဆိုးရင်လည်းအရမ်းဆိုးတဲ့သူတွေရှိနေတယ်” လို့ပြောသွားတာပါ။

ဒီလိုပြောကြားပြီးနောက် မော်ရင်ဟိုဟာ ရိုးမားအပြင် အရင်ကိုင်တွယ်ခဲ့တဲ့

၃ သင်းမှာလည်း စိတ်ပိုင်းဆိုင်ရာကိုသာအပြစ်တင်ခဲ့တယ်ဆိုတဲ့

မှတ်တမ်းထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၁၅ ဒီဇင်ဘာလတုန်းက

ချဲလ်ဆီးအသင်းကနေထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ဟိုဟာ အဲဒီတုန်းက

ချဲလ်ဆီးအသင်းသားတွေကို စိတ်ပိုင်းဆိုင်ရာအားနည်းသူတွေအဖြစ်

အပြစ်တင်ခဲ့ပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီလတုန်းကလည်း

မန်ယူအသင်းနည်းပြအဖြစ် ရှိနေစဉ် ဝက်စ်ဟမ်းနဲ့ပွဲမှာ ၃ ဂိုးနဲ့

ဦးဆောင်ပြီးမှ ၃-၃ သရေကျခဲ့လို့အသင်းသားတွေကို စိတ်ပိုင်းဆိုင်ရာ

အားနည်းသူတွေအဖြစ် ပြောခဲ့သေးသလို စပါးကိုတာဝန်ယူတုန်းကလည်း

စိတ်ဓာတ်အားကောင်းမောင်းသန်ဖြစ်မှုကိုပြသနိုင်ခဲ့ခြင်းမရှိဘူးလို့

ဆိုခဲ့ပါသေးတယ်။

သူအဲဒီလိုပြောပြီး ၆ လအကြာမှာဘဲ စပါးနည်းပြရာထူးကနေ

ထုတ်ပယ်ခံလိုက်ရပါတယ်။ မော်ရင်ဟိုဟာနာမည်ကျော်

ထိပ်တန်းနည်းပြအဖြစ်ရပ်တည်ခဲ့သူဖြစ်ပေမယ့် နောက်ပိုင်းမှာ

သူ့စွမ်းဆောင်ရည်တွေကျဆင်းလာခဲ့ပြီး နောက်ဆုံး ၅ နှစ်အတွင်း

ရှုံးပွဲက ၅၇ ပွဲတောင်ရှိနေပေမယ့် အရင်ဆယ်နှစ်အတွင်းမှာတော့

၆၁ ပွဲဘဲရှိခဲ့တယ်လို့လည်းသိရပါတယ်။ ရိုးမားအသင်းဟာလက်ရှိ

စီးရီးအေမှာ အဆင့် ၇ မှာရပ်တည်နေပြီး ၂၁ ပွဲကစားခဲ့ရာမှာ ၁၀ သာ

နိုင်ထားပါတယ်။ရိုးမားဟာ ယူရိပါကွန်ဖရင့်လိဂ်မှာလည်း နော်ဝေအသင်း

ဂလင့်တ်ကို ၆-၁ နဲ့ရှုံးခဲ့ပါသေးတယ်။

Zawgyi

ရလဒ္ဆိုးတေြအတြက္ ကစားသမားေတြကိုသာ လႊဲခ်လေ့ရွိတဲ့ ေမာ္ႀကီးရဲ့ မွတ္တမ္း
ပၚတူဂီသားနည္းျပ ေမာ္ရင္ဟိုဟာသူကိုင္တြယ္ခဲ့တဲ့ေနာက္ဆုံး ၄ သင္းမွာ

ရလဒ္ေတြမေကာင္းတိုင္း ကစားသမားေတြရဲ႕စိတ္ပိုင္းဆိုင္ရာကိုသာ

အျပစ္ပုံခ်ေလ့ရွိတယ္လို႔ အဂၤလိပ္သတင္းစာတစ္ေစာင္ကေဖာ္ျပလိုက္ပါတယ္။

႐ိုးမားဟာၿပီးခဲ့တဲ့တနဂၤေႏြ
ေန႔က ဂ်ဴဗင္တပ္ကိုအိမ္ကြင္းမွာ ၃-၁ နဲ႔ဦးေဆာင္ၿပီးမွ ၄-၃ နဲ႔ရႈံးခဲ့တာကို

မေက်မနပ္ျဖစ္ေနၿပီး ကစားသမားေတြဟာေၾကာက္စိတ္ဝင္ေနၾကၿပီး

စိတ္ပိုင္းဆိုင္ရာအားနည္းၾကတယ္လို႔ ပြဲအၿပီးမွာေဝဖန္ခဲ့ပါတယ္။

ေမာ္ရင္ဟိုက” ဂ်ဴဗင္တပ္လိုစိတ္ဓာတ္အားေကာင္းတဲ့အသင္းမ်ိဳးကို

၃-၂ ျဖစ္ေစခဲ့တာ တကယ္ဆိုး႐ြားတယ္။ အဲဒီေနာက္ပိုင္းေၾကာက္စိတ္

ဝင္ေတာ့တာဘဲ။ ဘယ္လိုဘဲျဖစ္ျဖစ္ ကိုယ့္ေျခေထာက္ေပၚႀကံ့ႀကံ့ခံရပ္ၿပီးေတာ့

ကိုယ့္စ႐ိုက္ေကာင္းမႈကိုျပသရမွာ။ က်ဳပ္အသင္းမွာက ေကာင္းရင္လည္း

အရမ္းေကာင္းၿပီး ဆိုးရင္လည္းအရမ္းဆိုးတဲ့သူေတြရွိေနတယ္” လို႔ေျပာသြားတာပါ။

ဒီလိုေျပာၾကားၿပီးေနာက္ ေမာ္ရင္ဟိုဟာ ႐ိုးမားအျပင္ အရင္ကိုင္တြယ္ခဲ့တဲ့

၃ သင္းမွာလည္း စိတ္ပိုင္းဆိုင္ရာကိုသာအျပစ္တင္ခဲ့တယ္ဆိုတဲ့

မွတ္တမ္းထြက္ေပၚလာခဲ့ပါတယ္။ ၂၀၁၅ ဒီဇင္ဘာလတုန္းက

ခ်ဲလ္ဆီးအသင္းကေနထုတ္ပယ္ခံခဲ့ရတဲ့ ေမာ္ရင္ဟိုဟာ အဲဒီတုန္းက

ခ်ဲလ္ဆီးအသင္းသားေတြကို စိတ္ပိုင္းဆိုင္ရာအားနည္းသူေတြအျဖစ္

အျပစ္တင္ခဲ့ပါတယ္။ ၂၀၁၇ ေဖေဖာ္ဝါရီလတုန္းကလည္း

မန္ယူအသင္းနည္းျပအျဖစ္ ရွိေနစဥ္ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ၃ ဂိုးနဲ႔

ဦးေဆာင္ၿပီးမွ ၃-၃ သေရက်ခဲ့လို႔အသင္းသားေတြကို စိတ္ပိုင္းဆိုင္ရာ

အားနည္းသူေတြအျဖစ္ ေျပာခဲ့ေသးသလို စပါးကိုတာဝန္ယူတုန္းကလည္း

စိတ္ဓာတ္အားေကာင္းေမာင္းသန္ျဖစ္မႈကိုျပသႏိုင္ခဲ့ျခင္းမရွိဘူးလို႔

ဆိုခဲ့ပါေသးတယ္။ သူအဲဒီလိုေျပာၿပီး ၆ လအၾကာမွာဘဲ စပါးနည္းျပ

ရာထူးကေနထုတ္ပယ္ခံလိုက္ရပါတယ္။ ေမာ္ရင္ဟိုဟာနာမည္ေက်ာ္

ထိပ္တန္းနည္းျပအျဖစ္ရပ္တည္ခဲ့သူျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ

သူ႔စြမ္းေဆာင္ရည္ေတြက်ဆင္းလာခဲ့ၿပီး ေနာက္ဆုံး ၅ ႏွစ္အတြင္း

ရႈံးပြဲက ၅၇ ပြဲေတာင္ရွိေနေပမယ့္ အရင္ဆယ္ႏွစ္အတြင္းမွာေတာ့

၆၁ ပြဲဘဲရွိခဲ့တယ္လို႔လည္းသိရပါတယ္။ ႐ိုးမားအသင္းဟာလက္ရွိ

စီးရီးေအမွာ အဆင့္ ၇ မွာရပ္တည္ေနၿပီး ၂၁ ပြဲကစားခဲ့ရာမွာ ၁၀ သာ

ႏိုင္ထားပါတယ္။႐ိုးမားဟာ ယူရိပါကြန္ဖရင့္လိဂ္မွာလည္း ေနာ္ေဝအသင္း

ဂလင့္တ္ကို ၆-၁ နဲ႔ရႈံးခဲ့ပါေသးတယ္။