
လက်စတာအသင်းဟာ မနေ့ညက နာပိုလီကိုအဝေးကွင်းမှာ ၃-၂ နဲ့ရှုံးနိမ့်ပြီးနောက်
ယူရိုပါကွန်ဖရန့်လိဂ်ကို ဆင်းကစားရတော့ မှာဖြစ်ပေမယ့် ဒီပြိုင်ပွဲအကြောင်း
မသိဘူးလို့နည်းပြ ဘရန်ဒန်ရော်ဂျာက ဆိုခဲ့လို့ လက်စတာပရိသတ်တွေ
ရယ်ရခက် ငိုရခက် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီပွဲမတိုင်ခင်က
လက်စတာဟာသူတို့အုပ်စုမှာထိပ်ဆုံးကရပ်တည်ခဲ့ပေမယ့်
နာပိုလီကိုရှုံးခဲ့တဲ့အ ပြင် တစ်ဖက်မှာလည်း စပါးတပ်မော်စကိုက
လီဂျီယာဝါဆော ကို ၁-၀ နဲ့နိုင်ခဲ့တဲ့အတွက် စပါးတပ်ကအုပ်စုဗိုလ်ဖြစ်ပြီး
နာပိုလီ က အုပ်စုဒုတိယနဲ့ လက်စတာက တတိယသာရခဲ့ပါတယ်။
ဒါကြောင့်လည်း နာပိုလီဟာ ယူရိုပါကွန်ဖရန့်လိဂ်ကအုပ်စုဒုတိယ ရတဲ့
အသင်းတွေထဲကတစ်ခုနဲ့ ၁၆ သင်းအဆင့်ကစားရတော့မှာဖြစ်ပါတယ်။
နာပိုလီနဲ့ပွဲမှာ လက်စတာဟာ ခံစစ်ပိုင်းအမှားတွေ၊ အခွင့်အရေး
အသုံးမချနိုင်မှုတွေကြောင့်ရှုံးပွဲတွေ့ခဲ့ရတာဖြစ်ပါတယ်။
ပြိုင်ဘက်က ၂ ဂိုးအသာနဲ့ဦးဆောင်မှုကို ပထမပိုင်းမပြီးခင် မှာ
ပြန်ချေပနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ နာပိုလီကအနိုင်ဂိုး
သွင်းသွားတာဖြစ်ပါတယ်။ ပွဲအပြီးမှာရော်ဂျာက” အရိုးသားဆုံးပြောရရင်
ဒီပြိုင်ပွဲ(ယူရိုပါကွန်ဖရန့်လိဂ်) အကြောင်းကျွန်တော်မသိပါဘူး။
ကျွန်တော်အာရုံ စိုက်ခဲ့တာက ယူရိုပါလိဂ်မှာ အုပ်စုဗိုလ်စွဲဖို့သာဖြစ်ပါတယ်။
ကုန်ကုန်ပြောရရင် ယူရိုပါလိဂ်ကိုလေးစားတဲ့အနေနဲ့ အနည်းဆုံး တော့
အုပ်စု ဒုတိယ နေရာကိုမှန်းခဲ့တာပါ။ လောလောဆယ်တော့
ကွန်ဖရန့်လိဂ်ကဘာလဲဆိုတာမသိသေးပါဘူး။ သိပ်မကြာခင် မှာတော့
သိလာမှာသေချာပါတယ်” လို့ပြောသွားပါတယ်။ လက်စတာဟာ
ကွန်ဖရန့်လိဂ်ကိုရောက်သွားလို့ ဥရောပပွဲတွေကို မတ် လအစား
ဖေဖေါ်ဝါရီကတည်းက စတင်ကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာအဝေးကွင်း
လိုက်ပါအားပေးတဲ့ လက်စတာပရိသတ်တွေ ဟာ ကွင်းထဲကို
မိနစ် ၂၀ နောက်ကျပြီးမှရောက်ခဲ့လို့ သူတို့ရောက်ရောက်ခြင်းမှာဘဲ
လက်စတာက ၂-၀ နဲ့ရှုံးနေတာကိုတွေ့ခဲ့ရ ပါတယ်။ သူတို့ကို
တင်ဆောင်လာတဲ့ ဘတ်စ်ကားကို ရဲတပ်ဖွဲ့ကလမ်းပြပြီးခေါ်လာရာမှာ
လမ်းမှားသွားလို့အခုလိုနောက်ကျခဲ့ ရတာဖြစ်ပါတယ်။
zawgyi
ရယ္ရခက္ ငိုရခက္ျဖစ္ခဲ့တဲ့ လက္စတာပရိသတ္ေတြ
လက္စတာအသင္းဟာ မေန႔ညက နာပိုလီကိုအေဝးကြင္းမွာ ၃-၂ နဲ႔ရႈံးနိမ့္ၿပီးေနာက္
ယူ႐ိုပါကြန္ဖရန႔္လိဂ္ကို ဆင္းကစားရေတာ့ မွာျဖစ္ေပမယ့္ ဒီၿပိဳင္ပြဲအေၾကာင္း
မသိဘူးလို႔နည္းျပ ဘရန္ဒန္ေရာ္ဂ်ာက ဆိုခဲ့လို႔ လက္စတာပရိသတ္ေတြ
ရယ္ရခက္ ငိုရခက္ ျဖစ္ေနတယ္လို႔ သိရပါတယ္။ ဒီပြဲမတိုင္ခင္က
လက္စတာဟာသူတို႔အုပ္စုမွာထိပ္ဆုံးကရပ္တည္ခဲ့ေပမယ့္
နာပိုလီကိုရႈံးခဲ့တဲ့အ ျပင္ တစ္ဖက္မွာလည္း စပါးတပ္ေမာ္စကိုက
လီဂ်ီယာဝါေဆာ ကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့အတြက္ စပါးတပ္ကအုပ္စုဗိုလ္ျဖစ္ၿပီး
နာပိုလီ က အုပ္စုဒုတိယနဲ႔ လက္စတာက တတိယသာရခဲ့ပါတယ္။
ဒါေၾကာင့္လည္း နာပိုလီဟာ ယူ႐ိုပါကြန္ဖရန႔္လိဂ္ကအုပ္စုဒုတိယ ရတဲ့
အသင္းေတြထဲကတစ္ခုနဲ႔ ၁၆ သင္းအဆင့္ကစားရေတာ့မွာျဖစ္ပါတယ္။
နာပိုလီနဲ႔ပြဲမွာ လက္စတာဟာ ခံစစ္ပိုင္းအမွားေတြ၊ အခြင့္အေရး
အသုံးမခ်ႏိုင္မႈေတြေၾကာင့္ရႈံးပြဲေတြ႕ခဲ့ရတာျဖစ္ပါတယ္။
ၿပိဳင္ဘက္က ၂ ဂိုးအသာနဲ႔ဦးေဆာင္မႈကို ပထမပိုင္းမၿပီးခင္ မွာ
ျပန္ေခ်ပႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ နာပိုလီကအႏိုင္ဂိုး
သြင္းသြားတာျဖစ္ပါတယ္။ ပြဲအၿပီးမွာေရာ္ဂ်ာက” အ႐ိုးသားဆုံးေျပာရရင္
ဒီၿပိဳင္ပြဲ(ယူ႐ိုပါကြန္ဖရန႔္လိဂ္) အေၾကာင္းကြၽန္ေတာ္မသိပါဘူး။
ကြၽန္ေတာ္အာ႐ုံ စိုက္ခဲ့တာက ယူ႐ိုပါလိဂ္မွာ အုပ္စုဗိုလ္စြဲဖို႔သာျဖစ္ပါတယ္။
ကုန္ကုန္ေျပာရရင္ ယူ႐ိုပါလိဂ္ကိုေလးစားတဲ့အေနနဲ႔ အနည္းဆုံး ေတာ့
အုပ္စု ဒုတိယ ေနရာကိုမွန္းခဲ့တာပါ။ ေလာေလာဆယ္ေတာ့
ကြန္ဖရန႔္လိဂ္ကဘာလဲဆိုတာမသိေသးပါဘူး။ သိပ္မၾကာခင္ မွာေတာ့
သိလာမွာေသခ်ာပါတယ္” လို႔ေျပာသြားပါတယ္။ လက္စတာဟာ
ကြန္ဖရန႔္လိဂ္ကိုေရာက္သြားလို႔ ဥေရာပပြဲေတြကို မတ္ လအစား
ေဖေဖၚဝါရီကတည္းက စတင္ကစားရမွာျဖစ္ပါတယ္။ ဒီပြဲမွာအေဝးကြင္း
လိုက္ပါအားေပးတဲ့ လက္စတာပရိသတ္ေတြ ဟာ ကြင္းထဲကို
မိနစ္ ၂၀ ေနာက္က်ၿပီးမွေရာက္ခဲ့လို႔ သူတို႔ေရာက္ေရာက္ျခင္းမွာဘဲ
လက္စတာက ၂-၀ နဲ႔ရႈံးေနတာကိုေတြ႕ခဲ့ရ ပါတယ္။ သူတို႔ကို
တင္ေဆာင္လာတဲ့ ဘတ္စ္ကားကို ရဲတပ္ဖြဲ႕ကလမ္းျပၿပီးေခၚလာရာမွာ
လမ္းမွားသြားလို႔အခုလိုေနာက္က်ခဲ့ ရတာျဖစ္ပါတယ္။