
တနင်္ဂနွေညက ကစားသွားခဲ့တဲ့ပွဲမှာ လက်စတာနည်းပြဘရန်ဒန်ရော်ဂျာဟာ
အာဆင်နယ်ဂိုးသမားရမ်ဒေးစ်ရဲ့မယုံနိုင်ဖွယ်ကာကွယ်ပုံကိုကြည့်ပြီး
တအံ့တသြဖြစ်ကျန်ခဲ့ပါတယ်။
၁-၀ နဲ့ရှုံးနေတဲ့ ပထမပိုင်းမပြီးခင်လေးမှာ လက်စတာဟာ
ထောင့်ကန်ဘောတွေတစ်ခုပြီးတစ်ခုနဲ့ အာဆင်နယ်ကို စတင်ဖိအားပေးခဲ့တာပါ။
တစ်ကြိမ်မှာတော့ အယ်ဘရိုက်တန်ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးဟာ
ဟာဗေးဘန်းစ်ရဲ့ခေါင်းတိုက်ချက်ပြင်းပြင်းကြောင့်
သူ့အသင်းဟာ ချေပဂိုးရပြီလို့ ရော်ဂျာတစ်ယောက်ထင်မှတ်လိုက်ပါတယ်။
တကယ်လည်း ဘောလုံးက ဂိုးတိုင်အပေါ်ထောင့်ထဲကို ပျံဝဲသွားခဲ့တာပါ။
ဒါပေမဲ့လည်း အာဆင်နယ်ဂိုးသမားရမ်ဒေးစ်ဟာ
အဲဒီဘောလုံးကိုပဲ ရအောင် ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ရမ်ဒေးစ်ရဲ့လက်စွမ်းပြကာကွယ်မှုကြောင့် အမ်းမရိတ်စ်ကွင်းဝန်းကျင်ကနေ
‘အိုး’ ဆိုတဲ့သံပြိုင်တောင် ထွက်ပေါ်ခဲ့တာပါ။
ရော်ဂျာကလည်း သူ့အသင်းချေပဂိုးရပြီဆိုပြီး လက်တွေတောင် လေထဲမြှောက်သွားပါတယ်။
ဒါပေမဲ့ ရမ်ဒေးစ်ရဲ့လက်စွမ်းပြကာကွယ်မှုကြောင့် နောက်ပြန်လှည့်ပြီး
မယုံကြည်နိုင်တဲ့မျက်နှာပုံစံဖြစ်သွားတာပါ။
ဒါ့အပြင် ရော်ဂျာဟာ ‘ဝိုး’ ဆိုတဲ့ ရေရွတ်မိသံနဲ့အတူ ရမ်ဒေးစ်ကို
လေးစားအသိအမှတ်ပြုတဲ့ပုံစံလည်း ရှိခဲ့ပါတယ်။
ပွဲပြီးတော့ အဲဒီမြောက်အိုင်ယာလန်သားနည်းပြက”ကျွန်တော်အတွက်ကတော့
လောလောဆယ် သူဟာ အကောင်းဆုံးအင်္ဂလိပ်ဂိုးသမားပါ။
အာဆင်နယ်ကိုရောက်လာပြီးကတည်းက သူအတော်လေးကို တိုးတက်လာခဲ့တာပါ။
တကယ့်ကိုလည်း လက်စွမ်းတည်ငြိမ်ပါတယ်”လို့ ရမ်ဒေးစ်ကို ချီးကျူးခဲ့ပါတယ်။
zawgyi
ရမ္ေဒးစ္ရဲ႕မယုံႏိုင္ဖြယ္ကာကြယ္ပုံကိုၾကည့္ၿပီး တအံ့တၾသျဖစ္သြားတဲ့ လက္စတာနည္းျပေရာ္ဂ်ာ
တနဂၤေႏြညက ကစားသြားခဲ့တဲ့ပြဲမွာ လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာဟာ
အာဆင္နယ္ဂိုးသမားရမ္ေဒးစ္ရဲ႕မယုံႏိုင္ဖြယ္ကာကြယ္ပုံကိုၾကည့္ၿပီး
တအံ့တၾသျဖစ္က်န္ခဲ့ပါတယ္။
၁-၀ နဲ႔ရႈံးေနတဲ့ ပထမပိုင္းမၿပီးခင္ေလးမွာ လက္စတာဟာ
ေထာင့္ကန္ေဘာေတြတစ္ခုၿပီးတစ္ခုနဲ႔ အာဆင္နယ္ကို စတင္ဖိအားေပးခဲ့တာပါ။
တစ္ႀကိမ္မွာေတာ့ အယ္ဘ႐ိုက္တန္ျဖတ္တင္ေပးလိုက္တဲ့ေဘာလုံးဟာ
ဟာေဗးဘန္းစ္ရဲ႕ေခါင္းတိုက္ခ်က္ျပင္းျပင္းေၾကာင့္
သူ႔အသင္းဟာ ေခ်ပဂိုးရၿပီလို႔ ေရာ္ဂ်ာတစ္ေယာက္ထင္မွတ္လိုက္ပါတယ္။
တကယ္လည္း ေဘာလုံးက ဂိုးတိုင္အေပၚေထာင့္ထဲကို ပ်ံဝဲသြားခဲ့တာပါ။
ဒါေပမဲ့လည္း အာဆင္နယ္ဂိုးသမားရမ္ေဒးစ္ဟာ
အဲဒီေဘာလုံးကိုပဲ ရေအာင္ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။
ရမ္ေဒးစ္ရဲ႕လက္စြမ္းျပကာကြယ္မႈေၾကာင့္ အမ္းမရိတ္စ္ကြင္းဝန္းက်င္ကေန
‘အိုး’ ဆိုတဲ့သံၿပိဳင္ေတာင္ ထြက္ေပၚခဲ့တာပါ။
ေရာ္ဂ်ာကလည္း သူ႔အသင္းေခ်ပဂိုးရၿပီဆိုၿပီး လက္ေတြေတာင္ ေလထဲေျမႇာက္သြားပါတယ္။
ဒါေပမဲ့ ရမ္ေဒးစ္ရဲ႕လက္စြမ္းျပကာကြယ္မႈေၾကာင့္ ေနာက္ျပန္လွည့္ၿပီး
မယုံၾကည္ႏိုင္တဲ့မ်က္ႏွာပုံစံျဖစ္သြားတာပါ။
ဒါ့အျပင္ ေရာ္ဂ်ာဟာ ‘ဝိုး’ ဆိုတဲ့ ေရ႐ြတ္မိသံနဲ႔အတူ ရမ္ေဒးစ္ကို
ေလးစားအသိအမွတ္ျပဳတဲ့ပုံစံလည္း ရွိခဲ့ပါတယ္။
ပြဲၿပီးေတာ့ အဲဒီေျမာက္အိုင္ယာလန္သားနည္းျပက”ကြၽန္ေတာ္အတြက္ကေတာ့
ေလာေလာဆယ္ သူဟာ အေကာင္းဆုံးအဂၤလိပ္ဂိုးသမားပါ။
အာဆင္နယ္ကိုေရာက္လာၿပီးကတည္းက သူအေတာ္ေလးကို တိုးတက္လာခဲ့တာပါ။
တကယ့္ကိုလည္း လက္စြမ္းတည္ၿငိမ္ပါတယ္”လို႔ ရမ္ေဒးစ္ကို ခ်ီးက်ဴးခဲ့ပါတယ္။