ရပ်ကွက်လူမိုက်အထာနဲ့ ဗိုလ်ကျချင်တဲ့ ရုရှားပြောင်ကြီးကို နားချနေတဲ့ ဖီဖာပြောင်ကြီး

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေတဲ့ တစ်လကျော်ကြာ ကာလအတွင်းမှာ ရုရှားနဲ့ ယူကရိန်းတို့အကြား ယာယီ အပစ်အခတ် ရပ်စဲပေးဖို့အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနိုက

တောင်းဆိုလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ G-20 အစည်းအဝေးမှာ အင်ဖန်တီနိုက ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ ဆိုတာဟာ ငြိမ်းချမ်းရေးရဲ့ သရုပ်သကန် အမှန်ဖြစ်ပြီး

အားလုံးကို ကိုယ်စားပြုတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အရှေ့ အလယ်ပိုင်း ဒေသနဲ့ သိပ်မဝေးကွာတဲ့ နေရာမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့

ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့အတွက် အင်ဖန်တီနိုက လှိုက်လှိုက် လှဲလှဲနဲ့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ‘’အကုန်လုံးကို ကျွန်တော် မေတ္တာရပ် ခံတာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေတဲ့ တစ်လတာအတွင်းမှာ ယာယီ အပစ်အခတ် ရပ်စဲပေးကြဖို့အတွက် စဉ်းစားကြဖို့ပေါ့လေ။ နောက်ပြီး လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ

အရေးကြီးဆုံးဖြတ်ချက်တွေကို အကောင် အထည်ဖော်ကြဖို့ ဒါမှမဟုတ်ရင် ငြိမ်းချမ်းရေးအတွက် ပထမဆုံး ခြေလှမ်း အဖြစ် ဆွေးနွေးမှုတွေကို ပြန်လည်အစပြုတဲ့ ဘယ်လို ဦးဆောင်ဦးရွက်

ပြုမှု မျိုးကိုမဆို လုပ်ကြဖို့ တောင်းဆိုပါတယ်။ ခင်ဗျားတို့က ကမ္ဘာကြီးကို ဦး ဆောင်နေကြသူတွေပါ။ ခင်ဗျားတို့မှာ သမိုင်းကြောင်းရဲ့ ဦးတည်ရာကို လွှမ်း မိုးနိုင်စွမ်း ကြရှိပါတယ်။

ဘောလုံးနဲ့ ကမ္ဘာ့ဖလားဆိုတာက ခင်ဗျားတို့ကို ဖျော်ဖြေမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးက အားလုံးအတွက် စုစည်းညီညမှုနဲ့ ငြိမ်းချမ်းမှုကို အနှိုင်းမဲ့အောင် ပြသနိုင်စွမ်းရှိတဲ့

အရာတစ်ခု ဖြစ်ပါတယ်’’ လို့ အင်ဖန်တီနိုက G-20 ခေါင်းဆောင်များ အစည်းအဝေးမှာ ပြောကြားသွားခဲ့ တာဖြစ်ပါတယ်။ ယူကရိန်းအပေါ် ရန်လိုတဲ့ ကျူးကျော်မှု ပြုလုပ်ခဲ့တဲ့ ရှရှား

နိုင်ငံလက်ရွေးစင် ဘောလုံးအသင်းကို ဖီဖာက ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ထားတာဖြစ်ပြီး ရုရှားကလပ်အသင်းတွေအားလုံးကိုလည်း ပြိုင်ပွဲ ဝင်ခွင့် ပိတ်ပင်ထားပါတယ်။

နောက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့အတူ ငြိမ်း ချမ်းတဲ့ ကမ္ဘာတစ်ခုကို ပြန်လည်ပြီး ထူထောင်ပေးနိုင်လိမ့်မယ်လို့လည်း အင်ဖန်တီနိုက မျှော်လင့်တဲ့အကြောင်း ပြောကြားထားတာလည်း ရှိပါတယ်။

(Zawgyi)

ရပ္ကြက္လူမိုက္အထာနဲ႔ ဗိုလ္က်ခ်င္တဲ့ ႐ုရွားေျပာင္ႀကီးကို နားခ်ေနတဲ့ ဖီဖာေျပာင္ႀကီး

ကမာၻ႔ဖလားၿပိဳင္ပြဲ က်င္းပေနတဲ့ တစ္လေက်ာ္ၾကာ ကာလအတြင္းမွာ ႐ုရွားနဲ႔ ယူကရိန္းတို႔အၾကား ယာယီ အပစ္အခတ္ ရပ္စဲေပးဖို႔အတြက္ ကမာၻ႔ေဘာလုံး

အဖြဲ႕ခ်ဳပ္ဥကၠ႒ အင္ဖန္တီႏိုက ေတာင္းဆိုလိုက္ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကြၽန္းမွာ က်င္းပေနတဲ့ G-20 အစည္းအေဝးမွာ အင္ဖန္တီႏိုက ကမာၻ႔ ဖလားေဘာလုံးၿပိဳင္ပြဲဆိုတာဟာ

ၿငိမ္းခ်မ္းေရးရဲ႕ သ႐ုပ္သကန္ အမွန္ျဖစ္ၿပီး အားလုံးကို ကိုယ္စားျပဳတာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေၾကာင့္ အေရွ႕ အလယ္ပိုင္း ေဒသနဲ႔ သိပ္မေဝးကြာတဲ့ ေနရာမွာ

ျဖစ္ပြားေနတဲ့ ပဋိပကၡေတြ နဲ႔ ပတ္သက္ၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ရွိၾကဖို႔အတြက္ အင္ဖန္တီႏိုက လႈိက္လႈိက္ လွဲလဲွနဲ႔ ေတာင္းဆိုခဲ့တာပဲ ျဖစ္ပါတယ္။ ‘’အကုန္လုံးကို ကြၽန္ေတာ္ ေမတၱာရပ္ ခံတာပါ။

ကမာၻ႔ဖလားၿပိဳင္ပြဲ က်င္းပေနတဲ့ တစ္လတာအတြင္းမွာ ယာယီ အပစ္အခတ္ ရပ္စဲေပးၾကဖို႔အတြက္ စဥ္းစားၾကဖို႔ေပါ့ေလ။ ေနာက္ၿပီး လူသား ခ်င္း စာနာေထာက္ထားမႈဆိုင္ရာ

အေရးႀကီးဆုံးျဖတ္ခ်က္ေတြကို အေကာင္ အထည္ေဖာ္ၾကဖို႔ ဒါမွမဟုတ္ရင္ ၿငိမ္းခ်မ္းေရးအတြက္ ပထမဆုံး ေျခလွမ္း အျဖစ္ ေဆြးေႏြးမႈေတြကို ျပန္လည္အစျပဳတဲ့

ဘယ္လို ဦးေဆာင္ဦး႐ြက္ ျပဳမႈ မ်ိဳးကိုမဆို လုပ္ၾကဖို႔ ေတာင္းဆိုပါတယ္။ ခင္ဗ်ားတို႔က ကမာၻႀကီးကို ဦး ေဆာင္ေနၾကသူေတြပါ။ ခင္ဗ်ားတို႔မွာ

သမိုင္းေၾကာင္းရဲ႕ ဦးတည္ရာကို လႊမ္း မိုးႏိုင္စြမ္း ၾကရွိပါတယ္။ ေဘာလုံးနဲ႔ ကမာၻ႔ဖလားဆိုတာက ခင္ဗ်ားတို႔ကို ေဖ်ာ္ေျဖမွာျဖစ္ၿပီး ကမာၻတစ္ဝန္းလုံးက

အားလုံးအတြက္ စုစည္းညီညမႈနဲ႔ ၿငိမ္းခ်မ္းမႈကို အႏႈိင္းမဲ့ေအာင္ ျပသႏိုင္စြမ္းရွိတဲ့ အရာတစ္ခု ျဖစ္ပါတယ္’’ လို႔ အင္ဖန္တီႏိုက G-20 ေခါင္းေဆာင္မ်ား အစည္းအေဝးမွာ

ေျပာၾကားသြားခဲ့ တာျဖစ္ပါတယ္။ ယူကရိန္းအေပၚ ရန္လိုတဲ့ က်ဴးေက်ာ္မႈ ျပဳလုပ္ခဲ့တဲ့ ရွရွား ႏိုင္ငံလက္ေ႐ြးစင္ ေဘာလုံးအသင္းကို ဖီဖာက ကာတာကမာၻ႔ဖလားၿပိဳင္ပြဲက

ေန ထုတ္ပယ္ထားတာျဖစ္ၿပီး ႐ုရွားကလပ္အသင္းေတြအားလုံးကိုလည္း ၿပိဳင္ပြဲ ဝင္ခြင့္ ပိတ္ပင္ထားပါတယ္။ ေနာက္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔အတူ ၿငိမ္း ခ်မ္းတဲ့ ကမာၻတစ္ခုကို ျပန္လည္ၿပီး

ထူေထာင္ေပးႏိုင္လိမ့္မယ္လို႔လည္း အင္ဖန္တီႏိုက ေမွ်ာ္လင့္တဲ့အေၾကာင္း ေျပာၾကားထားတာလည္း ရွိပါတယ္။