ရန်းနစ်သာ ဆက်ရှိရင် ယူနိုက်တက်မှာ ဆက်ကစားဖွယ်ရှိနေတဲ့ ပေါ့ဂ်ဘာ

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ကွင်းလယ်လူ
ပေါ့ဂ်ဘာဟာ တကယ်လို့ လက်ရှိနည်းပြ ရန်းနစ်သာ
အသင်းမှာ ဆက်ရှိနေရင် သူလည်း အသင်းနဲ့အတူ
ဆက်လက်ကစားဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ပေါ့ဂ်ဘာဟာ
ယာယီနည်းပြ ရန်းနစ်လက်ထက်မှာ
တစ်ပွဲမှ မကစားရသေးဘဲ နိုဝင်ဘာလအတွင်း
ပြင်သစ်အသင်းနဲ့အတူ ပါဝင်ကစားစဉ်
ပေါင်ဒဏ်ရာရရှိခဲ့လို့ ယခုအချိန်အထိ
အနားယူနေရပါတယ်။


ပေါ့ဂ်ဘာရဲ့အနာဂတ်က မသေမချာဖြစ်နေပြီး
စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၅လပဲ လိုတော့သလို
စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုတွေကလည်း
တိုးတက်မှု နှေးကွေးနေပါတယ်။
ဒါပေမဲ့ The Sun သတင်းစာရဲ့ဖော်ပြချက်အရ
ပေါ့ဂ်ဘာဟာ ရန်းနစ်ရဲ့နည်းဗျူဟာတွေအပေါ်
သဘောကျနေပြီး အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့
ပြင်ဆင်နေတယ်လို့ သိရပါတယ်။
နည်းပြဟောင်းတွေဖြစ်တဲ့ ဆိုးလ်ရှားနဲ့
မော်ရင်ညိုတို့ဟာ ပေါ့ဂ်ဘာဆီကနေ
အကောင်းဆုံးခြေစွမ်းထုတ်ယူဖို့ ကြိုးစားမှု
မအောင်မြင်ခဲ့ပေမယ့် ရန်းနစ်လက်ထက်မှာတော့
ယုံကြည်မှုမြင့်တက်လာတယ်လို့ သိရပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ရန်းနစ်ဟာ
ကွင်းလယ်မှာ ပေါ့ဂ်ဘာကို အထိုင်ချကစားစေသလို
Leader တစ်ဦးအနေနဲ့လည်း အသင်းဖော်တွေကို
ထိန်းကျောင်းဖို့ တာဝန်ပေးအပ်ဖွယ်ရှိနေပါတယ်။