
အခုဆိုရင် ရန်းနစ်တစ်ယောက်ယူနိုက်တက်ကို ဖလားလမ်းကြောင်းပေါ်
ပြန်တင်ပေးရမယ့် ကြီးမားတဲ့ တာဝန်တစ်ရပ်ကို ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။
ရန်းနစ်ဟာ လက်ကျန်ရာသီအတွက်ပဲ အိုးထရက်ဖို့ဒ် နည်းပြ ထိုင်ခုံမှာ
ရှိနေမှာဖြစ်ပေမယ့် အတိုင်ပင်ခံအနေနဲ့ မန်ချက်စတာမှာ
နောက်ထပ် ၂ နှစ်အထိ ဆက်ရှိနေမှာပါ။
ရန်းနစ်ဟာ ဖိအားပေးကစားပုံရဲ့ ခေါင်းကိုင်ဖခင်လည်း ဖြစ်တာကြောင့်
သူ့လက်အောက် ပွဲအနည်းငယ် အကြာမှာပဲ ယူနိုက်တက်ရဲ့
လှုပ်အားနှုန်းဖြင့် အားထုတ်ခြင်း အချက်အလက်တွေက
တဟုန်ထိုး တိုးတက်သွားနိုင်ပါတယ်။
ဗန်ဒီဘိခ်၊ ဆန်ချို အပါအဝင် ဆိုးလ်ရှားလက်အောက် အနှိမ်ခံထားရတဲ့
ကစားသမားများစွာဟာ ရန်းနစ် ရောက်လာတဲ့ နောက်ပိုင်းမှာ
သူတို့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပြန်လည် ရှင်သန်လာနိုင်ပါတယ်။
ရန်းနစ်ဟာ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်နေရာကထုတ်ပယ်ပြီး
ရော်နယ်ဒိုကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်နိုင်တယ်လို့
ကွင်းလယ်ကစားသမားဟောင်း ဂျိုးနသန်ဂရင်းနင်းက ဆိုပါတယ်။
ဂျိုးနသန်ဂရင်းနင်းက “ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်တစ်ယောက်က
တုန့်ပြန်နိုင်စွမ်းတွေ အများကြီးရှိဖို့လိုပါတယ်။မက်ဂွိုင်းယားက လူတစ်မျိုးပါ။
အင်္ဂလန်အသင်းနဲ့ သူအောင်ပွဲခံတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။
လူတိုင်းကို ပါးစပ်ပိတ်ထားဖို့ သူဆိုလိုခဲ့တာပါ။ သူက အင်္ဂလန်အသင်းအတွက်
ပွဲစဉ်တိုင်း ကစားပေးပါတယ်။ ယူနိုက်တက်မှာ
သူနဲ့အသားကျတာကိုလည်း ကျွန်တော်တို့ မြင်ဖူးပါတယ်။”
“ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲကတစ်ယောက်ပေါ့။
ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင်ပါ။ ပြိုင်ပွဲတွေအများကြီးကစားဖူးပြီး
ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကစားဖူးတယ်။ အာရုံစူးစိုက်မှုမကောင်းပြီး
ဂိုးတွေခွင့်ပြုနေရတဲ့ ဟယ်ရီမက်ဂွိုင်းယားကို အသင်းခေါင်းဆောင်နေရာက
ထုတ်ပယ်ပြီး ရန်းနစ်က ရော်နယ်ဒိုကို အသင်းခေါင်းဆောင်
ပေးသင့်ပါတယ်။”ဆိုပြီး ပြောပါတယ်။
zawgyi
ရန္းနစ္ရဲ႕ ရာထူးေလွ်ာ့ျခင္းခံရႏိုင္တဲ့ ေဂါင္းႀကီး
အခုဆိုရင္ ရန္းနစ္တစ္ေယာက္ယူႏိုက္တက္ကို ဖလားလမ္းေၾကာင္းေပၚ
ျပန္တင္ေပးရမယ့္ ႀကီးမားတဲ့ တာဝန္တစ္ရပ္ကို ကိုင္တြယ္ရေတာ့မွာ ျဖစ္ပါတယ္။
ရန္းနစ္ဟာ လက္က်န္ရာသီအတြက္ပဲ အိုးထရက္ဖို႔ဒ္ နည္းျပ ထိုင္ခုံမွာ
ရွိေနမွာျဖစ္ေပမယ့္ အတိုင္ပင္ခံအေနနဲ႔ မန္ခ်က္စတာမွာ
ေနာက္ထပ္ ၂ ႏွစ္အထိ ဆက္ရွိေနမွာပါ။
ရန္းနစ္ဟာ ဖိအားေပးကစားပုံရဲ႕ ေခါင္းကိုင္ဖခင္လည္း ျဖစ္တာေၾကာင့္
သူ႔လက္ေအာက္ ပြဲအနည္းငယ္ အၾကာမွာပဲ ယူႏိုက္တက္ရဲ႕
လႈပ္အားႏႈန္းျဖင့္ အားထုတ္ျခင္း အခ်က္အလက္ေတြက
တဟုန္ထိုး တိုးတက္သြားႏိုင္ပါတယ္။
ဗန္ဒီဘိခ္၊ ဆန္ခ်ိဳ အပါအဝင္ ဆိုးလ္ရွားလက္ေအာက္ အႏွိမ္ခံထားရတဲ့
ကစားသမားမ်ားစြာဟာ ရန္းနစ္ ေရာက္လာတဲ့ ေနာက္ပိုင္းမွာ
သူတို႔ရဲ႕ ယူႏိုက္တက္ ကစားသမားဘဝ ျပန္လည္ ရွင္သန္လာႏိုင္ပါတယ္။
ရန္းနစ္ဟာ မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္ေနရာကထုတ္ပယ္ၿပီး
ေရာ္နယ္ဒိုကို အသင္းေခါင္းေဆာင္သစ္အျဖစ္ ခန႔္အပ္ႏိုင္တယ္လို႔
ကြင္းလယ္ကစားသမားေဟာင္း ဂ်ိဳးနသန္ဂရင္းနင္းက ဆိုပါတယ္။
ဂ်ိဳးနသန္ဂရင္းနင္းက “ယူႏိုက္တက္ရဲ႕ အသင္းေခါင္းေဆာင္တစ္ေယာက္က
တုန႔္ျပန္ႏိုင္စြမ္းေတြ အမ်ားႀကီးရွိဖို႔လိုပါတယ္။မက္ဂြိဳင္းယားက လူတစ္မ်ိဳးပါ။
အဂၤလန္အသင္းနဲ႔ သူေအာင္ပြဲခံတာကို ကြၽန္ေတာ္တို႔ ေတြ႕ခဲ့ရပါတယ္။
လူတိုင္းကို ပါးစပ္ပိတ္ထားဖို႔ သူဆိုလိုခဲ့တာပါ။ သူက အဂၤလန္အသင္းအတြက္
ပြဲစဥ္တိုင္း ကစားေပးပါတယ္။ ယူႏိုက္တက္မွာ
သူနဲ႔အသားက်တာကိုလည္း ကြၽန္ေတာ္တို႔ ျမင္ဖူးပါတယ္။”
“ေရာ္နယ္ဒိုက ကမာၻ႔အေကာင္းဆုံး ကစားသမားေတြထဲကတစ္ေယာက္ေပါ့။
ေပၚတူဂီအသင္းရဲ႕ အသင္းေခါင္းေဆာင္ပါ။ ၿပိဳင္ပြဲေတြအမ်ားႀကီးကစားဖူးၿပီး
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေတြကစားဖူးတယ္။ အာ႐ုံစူးစိုက္မႈမေကာင္းၿပီး
ဂိုးေတြခြင့္ျပဳေနရတဲ့ ဟယ္ရီမက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္ေနရာက
ထုတ္ပယ္ၿပီး ရန္းနစ္က ေရာ္နယ္ဒိုကို အသင္းေခါင္းေဆာင္
ေပးသင့္ပါတယ္။”ဆိုၿပီး ေျပာပါတယ္။