ရန်းနစ်ရဲ့နေရာမှာ ဆီမြွန်နီသာဆို အက်သလက်ကို ယူနိုက်တက် ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ပေါလ်စခိုးလ် ထောက်ပြ

ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကနေ ယူနိုက်တက်အသင်း ထွက်ခဲ့ရပြီးနောက်

ဂန္ထဝင်ကစားသမားကြီး ပေါလ်စခိုးလ်က ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်ကို
ပြင်းထန်စွာဝေဖန်သွားပြီး တကယ်လို့ ရန်းနစ်ရဲ့နေရာမှာ
ဒီယေဂိုဆီမြွန်နီသာဆိုရင် ယူနိုက်တက်လည်း အက်သလက်ကို
ကျော်ဖြတ်နိုင်လိ့မ်မယ်လို့ သုံးသပ်သွားပါတယ်။
ယူနိုက်တက်ဟာ ပ-အကျော့ မက်ဒရစ်မြေမှာ

၁-၁ ဂိုးသရေကစားနိုင်ခဲ့ပေမယ့် အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာတော့
ဝ-၁ဂိုးနဲ့ အရေးနိမ့်ကာ ၁၆သင်းအဆင့်ကနေ ထွက်ခဲ့ရပြီး
အသင်းလည်း ၅ ရာသီဆက် ဖလားလက်မဲ့ဖြစ်သွားရပါတယ်။
တစ်ဘက်မှာတော့ ဆီမြွန်နီဟာ ချီးကျူးခံနေရပြီး
၂၀၁၉-၂၀ ရာသီတုန်းကလည်း နာမည်ကြီး

လီဗာပူးကို အန်ဖီးလ်မှာ အနိုင်ယူကာ ၁၆သင်းအဆင့်ကနေ
လီဗာပူး မထင်မှတ်ဘဲ ထွက်ခဲ့ရဖူးပါတယ်။
ဒါ့အပြင် အက်သလက်ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ
အင်္ဂလိပ်ကလပ်အသင်း ၃သင်းကို နောက်ကောက်ချနိုင်တဲ့
ပထမဆုံးကလပ်ဖြစ်လာပြီး ယူနိုက်တက်မတိုင်ခင် ၂၀၁၃-၁၄ ရာသီ

ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးနဲ့ ၂၀၁၉-၂၀ ရာသီ ၁၆သင်းအဆင့်မှာ
လီဗာပူးတို့ကို အသီးသီးကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက်
စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပေါလ်စခိုးလ်က
”ယူနိုက်တက်အသင်း ပထမဆုံးလုပ်ရမှာကတော့

နည်းပြကောင်းတစ်ဦး ခေါ်ပြီး သူ့ကို ၂နှစ်၊ ၃နှစ်လောက်
အချိန်ပေးလိုက်ဖို့ပါ။ ပြီးခဲ့တဲ့ ၂နှစ်၊ ၃နှစ်အတွင်း
ကစားသမားစုဖွဲ့မှုက သိပ်မဆိုးပေမယ့်
ကမ္ဘာ့အဆင့်နည်းပြကို မခန့်အပ်နိုင်ခဲ့ပါဘူး။
အခုဒီပွဲမှာလည်း အက်သလက်က

ယူနိုက်တက်ထက် ပိုကောင်းခဲ့တာမဟုတ်ဘူး။
ဒါပေမဲ့ သူတု့ိမှာ အတွေ့အကြုံပိုကြွယ်ဝတဲ့
နည်းပြရှိနေလို့ အနိုင်ရခဲ့တာပါ။
တကယ်လို့ ဆီမြွန်နီသာ ယူနိုက်တက်အသင်းကို
ကိုင်တွယ်ရင် ဒီပွဲမှာလည်း အနိုင်ရမှာက

ယူနိုက်တက်ပဲဖြစ်ပါလိမ့်မယ်”လို့ စခိုးလ်က ပြောပါတယ်။
ယူနိုက်တက်အသင်းဂိုးသမား ဒဟေးယားကလည်း
”၅နှစ်ဆက် ဖလားလက်မဲ့ဖြစ်ရတာက တော်တော်ဆိုးပါတယ်။
အသင်းအတွက်၊ ကျွန်တော်တို့အတွက်
ပရိသတ်တွေအတွက် လက်သင့်ခံဖို့ ခက်ခဲတဲ့အရာပါ။

ဒါပေမဲ့ ကျွန်တော်တို့အသင်း အကောင်းဆုံးပုံစံနဲ့
ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
ဘယ်အချိန်လဲဆိုတာ မသိပေမယ့်
အရင်လိုပြန်ဖြစ်လာမှာကတော့ သေချာပါတယ်”လို့ ပြောပါတယ်။
ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်ကတော့

လာမယ့်နွေရာသီမှာ ကြယ်ပွင့်တိုက်စစ်မှူးတွေဖြစ်တဲ့
ဟာလန်းနဲ့ ဘာပေ နှစ်ယောက်စလုံးကို
ခေါ်ယူနိုင်ခဲ့ရင်တောင်မှ ယူနိုက်တက်အသင်း
အမှတ်ပေးချန်ပီယံဖြစ်နိုင်မှာမဟုတ်ကြောင်း ပြောပါတယ်။
”လာမယ့်နွေရာသီမှာ ဟာလန်းနဲ့ ဘာပေတို့ကို

ခေါ်လည်း ယူနိုက်တက်အသင်း အမှတ်ပေးချန်ပီယံဖြစ်မှာမဟုတ်ဘူး။
ဘယ်သူတွေကို ခေါ်မလဲဆိုတာက အခုချိန်မှာ အရေးမကြီးတော့ဘူး။
အသင်းအတွက် တကယ်လိုအပ်နေတာက ထိပ်ပိုင်းကနေ
အောက်ခြေအထိ ပြင်ဆင်ဖို့ လိုအပ်နေပါတယ်”လို့ ဖာဒီနန်က ပြောပါတယ်။

Zawgyi

ရန္းနစ္ရဲ႕ေနရာမွာ ဆီျမြန္နီသာဆုိ အက္သလက္ကို ယူႏုိက္တက္ ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လုိ႔ ေပါလ္စခုိးလ္ ေထာက္ျပ
ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ကေန ယူႏိုက္တက္အသင္း ထြက္ခဲ့ရၿပီးေနာက္
ဂႏၳ၀င္ကစားသမားႀကီး ေပါလ္စခုိးလ္က ယူႏိုက္တက္ယာယီနည္းျပ ရန္းနစ္ကို

ျပင္းထန္စြာေ၀ဖန္သြားၿပီး တကယ္လုိ႔ ရန္းနစ္ရဲ႕ေနရာမွာ
ဒီေယဂိုဆီျမြန္နီသာဆုိရင္ ယူႏိုက္တက္လည္း အက္သလက္ကို
ေက်ာ္ျဖတ္ႏုိင္လိ့မ္မယ္လို႔ သုံးသပ္သြားပါတယ္။
ယူႏုိက္တက္ဟာ ပ-အေက်ာ့ မက္ဒရစ္ေျမမွာ
၁-၁ ဂိုးသေရကစားႏိုင္ခဲ့ေပမယ့္ အိမ္ကြင္းအိုးထရက္ဖုိ႔ဒ္မွာေတာ့

၀-၁ဂိုးနဲ႔ အေရးနိမ့္ကာ ၁၆သင္းအဆင့္ကေန ထြက္ခဲ့ရၿပီး
အသင္းလည္း ၅ ရာသီဆက္ ဖလားလက္မဲ့ျဖစ္သြားရပါတယ္။
တစ္ဘက္မွာေတာ့ ဆီျမြန္နီဟာ ခ်ီးက်ဴးခံေနရၿပီး
၂၀၁၉-၂၀ ရာသီတုန္းကလည္း နာမည္ႀကီး
လီဗာပူးကို အန္ဖီးလ္မွာ အႏိုင္ယူကာ ၁၆သင္းအဆင့္ကေန

လီဗာပူး မထင္မွတ္ဘဲ ထြက္ခဲ့ရဖူးပါတယ္။
ဒါ့အျပင္ အက္သလက္ဟာ ခ်န္ပီယံလိဂ္႐ံႈးထြက္အဆင့္မွာ
အဂၤလိပ္ကလပ္အသင္း ၃သင္းကို ေနာက္ေကာက္ခ်ႏိုင္တဲ့
ပထမဆုံးကလပ္ျဖစ္လာၿပီး ယူႏိုက္တက္မတုိင္ခင္ ၂၀၁၃-၁၄ ရာသီ
ဆီမီးဖုိင္နယ္မွာ ခ်ဲလ္ဆီးနဲ႔ ၂၀၁၉-၂၀ ရာသီ ၁၆သင္းအဆင့္မွာ

လီဗာပူးတို႔ကို အသီးသီးေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ယူႏုိက္တက္အသင္း ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရၿပီးေနာက္
စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့ ေပါလ္စခိုးလ္က
”ယူႏုိက္တက္အသင္း ပထမဆုံးလုပ္ရမွာကေတာ့
နည္းျပေကာင္းတစ္ဦး ေခၚၿပီး သူ႕ကို ၂ႏွစ္၊ ၃ႏွစ္ေလာက္

အခ်ိန္ေပးလိုက္ဖို႔ပါ။ ၿပီးခဲ့တဲ့ ၂ႏွစ္၊ ၃ႏွစ္အတြင္း
ကစားသမားစုဖြဲ႕မႈက သိပ္မဆုိးေပမယ့္
ကမၻာ့အဆင့္နည္းျပကို မခန္႔အပ္နိုင္ခဲ့ပါဘူး။
အခုဒီပြဲမွာလည္း အက္သလက္က
ယူႏိုက္တက္ထက္ ပိုေကာင္းခဲ့တာမဟုတ္ဘူး။

ဒါေပမဲ့ သူတု႔ိမွာ အေတြ႕အႀကံဳပိုၾကြယ္၀တဲ့
နည္းျပရွိေနလုိ႔ အႏိုင္ရခဲ့တာပါ။
တကယ္လုိ႔ ဆီျမြန္နီသာ ယူႏိုက္တက္အသင္းကုိ
ကိုင္တြယ္ရင္ ဒီပြဲမွာလည္း အႏိုင္ရမွာက
ယူႏိုက္တက္ပဲျဖစ္ပါလိမ့္မယ္”လို႔ စခိုးလ္က ေျပာပါတယ္။

ယူႏုိက္တက္အသင္းဂိုးသမား ဒေဟးယားကလည္း
”၅ႏွစ္ဆက္ ဖလားလက္မဲ့ျဖစ္ရတာက ေတာ္ေတာ္ဆုိးပါတယ္။
အသင္းအတြက္၊ ကၽြန္ေတာ္တုိ႔အတြက္
ပရိသတ္ေတြအတြက္ လက္သင့္ခံဖို႔ ခက္ခဲတဲ့အရာပါ။
ဒါေပမဲ့ ကၽြန္ေတာ္တုိ႔အသင္း အေကာင္းဆုံးပုံစံနဲ႔

ျပန္လာႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ထားပါတယ္။
ဘယ္အခ်ိန္လဲဆုိတာ မသိေပမယ့္
အရင္လုိျပန္ျဖစ္လာမွာကေတာ့ ေသခ်ာပါတယ္”လုိ႔ ေျပာပါတယ္။
ယူႏိုက္တက္ဂႏၳ၀င္ေနာက္ခံလူ ရီယိုဖာဒီနန္ကေတာ့
လာမယ့္ေႏြရာသီမွာ ၾကယ္ပြင့္တုိက္စစ္မွဴးေတြျဖစ္တဲ့

ဟာလန္းနဲ႔ ဘာေပ ႏွစ္ေယာက္စလုံးကို
ေခၚယူႏိုင္ခဲ့ရင္ေတာင္မွ ယူႏိုက္တက္အသင္း
အမွတ္ေပးခ်န္ပီယံျဖစ္ႏိုင္မွာမဟုတ္ေၾကာင္း ေျပာပါတယ္။
”လာမယ့္ေႏြရာသီမွာ ဟာလန္းနဲ႔ ဘာေပတို႔ကို
ေခၚလည္း ယူႏိုက္တက္အသင္း အမွတ္ေပးခ်န္ပီယံျဖစ္မွာမဟုတ္ဘူး။

ဘယ္သူေတြကို ေခၚမလဲဆိုတာက အခုခ်ိန္မွာ အေရးမႀကီးေတာ့ဘူး။
အသင္းအတြက္ တကယ္လိုအပ္ေနတာက ထိပ္ပိုင္းကေန
ေအာက္ေျခအထိ ျပင္ဆင္ဖို႔ လိုအပ္ေနပါတယ္”လုိ႔ ဖာဒီနန္က ေျပာပါတယ္။