
ယူနိုက်တက်ဟာ ဆာအဲလက်စ်ခေတ်လွန်နောက်ပိုင်းမှာ
ဘောလုံးဒါရိုက်တာတစ်ဦးကို ခန့်အပ်နိုင်ဖို့ ကာလရှည်ကြိုးစားခဲ့ပေမယ့်
အရာမထင်ခဲ့ဘဲ အခုအခါမှာတော့ ဆိုးလ်ရှားနေရာမှာ ယာယီနည်းပြအဖြစ်
တာဝန်ယူပေးမယ့် ဝါရင့်နည်းပြကိုသာမက ဘောလုံးဒါရိုက်တာတစ်ဖြစ်လဲ
အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးကိုပါ ရရှိလိုက်တာဖြစ်ပါတယ်။
အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ဂျာမန်သားနည်းပြ ရားလ်ဖ်ရန်းနစ်ဂ်ဟာ
ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် တာဝန်ယူဖို့ ၆ လစာချုပ်နဲ့
နိုဝင်ဘာ ၂၆ ရက်ညပိုင်းမှာ တရားဝင် သဘောတူညီနိုင်ခဲ့ပါပြီ။
ရန်းနစ်ဂ်ဟာ ယာယီနည်းပြစာချုပ်ကုန်ဆုံးပြီးနောက် ၂၀၂၂ ဇွန်လကစလို့
မန်ယူရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်လည်း ၂ နှစ်စာချုပ်နဲ့
ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး အခု စနေ/တနင်္ဂနွေ မှာ
စာချုပ်လက်မှတ်ရေးထိုးကြမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ယူနိုက်တက်ရဲ့ ယာယီနည်းပြဖြစ်လာတဲ့ ရန်းနစ်ဂ်ဟာ ယခင်က
ဗြိတိန်မီဒီယာတွေဘက်မှာ အလွန်အမင်း မထင်ရှားပေမယ့်
ဂျာမန်မီဒီယာတွေဘက်မှာ ထင်ရှားသလို ဂျာမန်သားနည်းပြတွေအပေါ်မှာလည်း
အထူးလွမ်းမိုးနိုင်ခဲ့သူပါ။ အထူးသဖြင့် လက်ရှိ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့
လီဗာပူးရဲ့နည်းပြ ဂျာဂင်ကလော့ပ်နဲ့ ချဲလ်ဆီးနည်းပြ သောမတ်တူချဲလ်တို့ ၂ ဦးဟာ
သူတို့ထက် စီနီယာကျတဲ့ ရန်းနစ်ဂ်ရဲ့ အကြောင်းကို
အခြားနည်းပြတွေထက် ပိုမိုသိရှိထားကြသူတွေပါ။
ရန်းစ်ဂ်ဟာ သူ့ရဲ့နည်းပြသက်တမ်းတစ်လျောက် ဂျာမနီကလပ်အသင်းပေါင်းစုံကို
တာဝန်ယူခဲ့ပြီး စတုဂတ်၊ ဟန်နိုဗာ၊ ရှော်ကေး၊ ဟော့ဖန်ဟိမ်း၊
လိုက်ပ်ဇစ်တို့လို အသင်းတွေလည်း ပါဝင်ခဲ့ပါတယ်။
ဟော့ဖန်ဟိမ်းဆိုရင်လည်း တန်းမဆင်းရရေးရုန်းကန်ရတဲ့အသင်းမျိုးအဖြစ်ကနေ
ရန်းနစ်ဂ်လက်ထက်မှာ ဘွန်ဒက်စ်လီဂါအသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့အသင်း၊
ဖလားစိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ပြောင်းလဲခဲ့တာပါ။
လိုက်ပ်ဇစ်ကတော့ ရန်းနစ်ဂ်တာဝန်ယူခဲ့တဲ့ အသင်း တွေထဲမှာ
သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်လာခဲ့တဲ့အသင်းလည်းဖြစ်သလို
ဂျာမန်မီဒီယာတွေကတော့ ရန်းနစ်ဂ်ကို လိုက်ပ်ဇစ်ဖြစ်တည်လာမှုရဲ့
ဉာဏ်ကြီးရှင်အဖြစ် တင်စားကြပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကမှ အသင်းစတင်တည်ထောင်ခဲ့ပြီး
ကလပ်သက်တမ်း ၁၂ နှစ်အတွင်းသာရှိသေးတဲ့ လိုက်ပ်ဇစ်ဟာ
ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း၊ ချန်ပီယံလိဂ်မှာ
အဆင့်မီမီကစားနိုင်စွမ်းရှိတဲ့အသင်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။
ရန်းနစ်ဂ်ဟာ လိုက်ပ်ဇစ်ကို တာဝန်ယူခဲ့ချိန်မှာလည်း
ထူးထူးခြားခြားနည်းလမ်းတွေနဲ့ ကစားသမားတွေကို အပြစ်ပေးခဲ့သူပါ။
ပြစ်ဒဏ်လုပ်တဲ့ကစားသမား၊စည်းကမ်းမလိုက်နာတဲ့ကစားသမားတွေကို
အပြစ်ပေးဖို့ ပြစ်ဒဏ် ၁၂ ရပ်ပါ လက်လှည့်ကံစမ်းဘီး ( Spinning Wheel ) ကို
တီထွင်ခဲ့ပြီး အဲဒီမှာ မဲကျတဲ့အတိုင်း ပြစ်ဒဏ်ခံယူစေပါတယ်။
အဲ့သည့် ပြစ်ဒဏ် ၁၂ ရပ်ကတော့
၁။ ဘောလုံးတွေကို လေထိုး၊ လေ့ကျင့်ရေးကွင်းကိုသယ်၊ ပြန်လည်သန့်ရှင်းရေးလုပ်။
၂။ အားလပ်ရက် တစ်ရက်မှာ အကယ်ဒမီလူငယ်အသင်းတစ်သင်းနဲ့အတူ လေ့ကျင့်။
၃။ အသင်းကွင်းသို့ လာရောက်လည်ပတ်သူတွေကို Guide ဂိုက်လုပ်ပေး။
၄။ ပြစ်ဒဏ်မှ ကင်းလွတ်၊ အပြစ်မခံစေရ။
၅။ လေ့ကျင့်ရေးကွင်းမှာ ဖြေဖျော်။
၆။ လေ့ကျင့်ရေးကွင်းမှာ ဘဲလေးကချေသည် စကပ်အတိုဝတ် လေ့ကျင့်ရေးဆင်း။
၇။ လေ့ကျင့်ရေးမစမီ အချိုရည်ဖျော်၊ ရေဘူးများထဲသို့ ရေထည့်ပေး။
၈။ ကလပ်မှဖွင့်ထားတဲ့ဆိုင်မှာ လက်ထောက်အဖြစ်လုပ်ကိုင်။
၉။ အသင်းရဲ့ ကော်ဖီသောက်ခန်းမှာ အစားအသောက်တွေ ပြင်ဆင်၊
စားပွဲတွေကိုသန့်ရှင်းရေးလုပ်။
၁၀။ အသင်းဝတ်စုံအဖွဲ့ရဲ့အကူအဖြစ်လုပ်။
၁၁။ အဝေးကွင်းပွဲတွေအတွက် အသင်းကားပေါ်သို့
ခရီးဆောင်အိတ်များ တင်ဆောင်ကူညီပေး။
၁၂။ အသင်းမှ ဝန်ထမ်း ၆၀ အတွက် လက်ဆောင်ဝယ်ပေး တို့ ဖြစ်ပါတယ်။
ဒီပြစ်ဒဏ်ပေးတဲ့ပုံစံကိုသာ ယူနိုက်တက်အသင်းဆီ ယူဆောင်လာခဲ့မယ်ဆိုရင်
ဘယ်ကစားသမား အရင်ဆုံး ကံစမ်းရမလဲဆိုတာက စိတ်ဝင်စားစရာဖြစ်လာတော့မှာပါ။
ယူနိုက်တက်ပရိသတ်တွေကကော ဘယ်ကစားသမားကို ရန်းနစ်ဂ်ရဲ့
ပြစ်ဒဏ်ထိသွားစေချင်လဲဆိုတာ ပြောပြခဲ့ပါအုံး…
zawgyi
ရန္းနစ္ဂ္ရဲ႕ ျပစ္ဒဏ္ ၁၂ ရပ္ပါ Spinning Wheel နဲ႔ ဘယ္ကစားသမားကို ျပစ္ဒဏ္ အရင္ထိသြားေစခ်င္လဲ
ယူႏိုက္တက္ဟာ ဆာအဲလက္စ္ေခတ္လြန္ေနာက္ပိုင္းမွာ
ေဘာလုံးဒါ႐ိုက္တာတစ္ဦးကို ခန႔္အပ္ႏိုင္ဖို႔ ကာလရွည္ႀကိဳးစားခဲ့ေပမယ့္
အရာမထင္ခဲ့ဘဲ အခုအခါမွာေတာ့ ဆိုးလ္ရွားေနရာမွာ ယာယီနည္းျပအျဖစ္
တာဝန္ယူေပးမယ့္ ဝါရင့္နည္းျပကိုသာမက ေဘာလုံးဒါ႐ိုက္တာတစ္ျဖစ္လဲ
အတိုင္ပင္ခံပုဂၢိဳလ္တစ္ဦးကိုပါ ရရွိလိုက္တာျဖစ္ပါတယ္။
အသက္ ၆၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ာမန္သားနည္းျပ ရားလ္ဖ္ရန္းနစ္ဂ္ဟာ
ယူႏိုက္တက္ကို ယာယီနည္းျပအျဖစ္ တာဝန္ယူဖို႔ ၆ လစာခ်ဳပ္နဲ႔
ႏိုဝင္ဘာ ၂၆ ရက္ညပိုင္းမွာ တရားဝင္ သေဘာတူညီႏိုင္ခဲ့ပါၿပီ။
ရန္းနစ္ဂ္ဟာ ယာယီနည္းျပစာခ်ဳပ္ကုန္ဆုံးၿပီးေနာက္ ၂၀၂၂ ဇြန္လကစလို႔
မန္ယူရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္လည္း ၂ ႏွစ္စာခ်ဳပ္နဲ႔
ဆက္လက္တာဝန္ထမ္းေဆာင္သြားမွာျဖစ္ၿပီး အခု စေန/တနဂၤေႏြ မွာ
စာခ်ဳပ္လက္မွတ္ေရးထိုးၾကမယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။
ယူႏိုက္တက္ရဲ႕ ယာယီနည္းျပျဖစ္လာတဲ့ ရန္းနစ္ဂ္ဟာ ယခင္က
ၿဗိတိန္မီဒီယာေတြဘက္မွာ အလြန္အမင္း မထင္ရွားေပမယ့္
ဂ်ာမန္မီဒီယာေတြဘက္မွာ ထင္ရွားသလို ဂ်ာမန္သားနည္းျပေတြအေပၚမွာလည္း
အထူးလြမ္းမိုးႏိုင္ခဲ့သူပါ။ အထူးသျဖင့္ လက္ရွိ ပရီးမီးယားလိဂ္ထိပ္သီးကလပ္ေတြျဖစ္တဲ့
လီဗာပူးရဲ႕နည္းျပ ဂ်ာဂင္ကေလာ့ပ္နဲ႔ ခ်ဲလ္ဆီးနည္းျပ ေသာမတ္တူခ်ဲလ္တို႔ ၂ ဦးဟာ
သူတို႔ထက္ စီနီယာက်တဲ့ ရန္းနစ္ဂ္ရဲ႕ အေၾကာင္းကို
အျခားနည္းျပေတြထက္ ပိုမိုသိရွိထားၾကသူေတြပါ။
ရန္းစ္ဂ္ဟာ သူ႔ရဲ႕နည္းျပသက္တမ္းတစ္ေလ်ာက္ ဂ်ာမနီကလပ္အသင္းေပါင္းစုံကို
တာဝန္ယူခဲ့ၿပီး စတုဂတ္၊ ဟန္ႏိုဗာ၊ ေရွာ္ေကး၊ ေဟာ့ဖန္ဟိမ္း၊
လိုက္ပ္ဇစ္တို႔လို အသင္းေတြလည္း ပါဝင္ခဲ့ပါတယ္။
ေဟာ့ဖန္ဟိမ္းဆိုရင္လည္း တန္းမဆင္းရေရး႐ုန္းကန္ရတဲ့အသင္းမ်ိဳးအျဖစ္ကေန
ရန္းနစ္ဂ္လက္ထက္မွာ ဘြန္ဒက္စ္လီဂါအသင္းႀကီးေတြကို ဒုကၡေပးႏိုင္တဲ့အသင္း၊
ဖလားစိန္ေခၚႏိုင္တဲ့အသင္းအျဖစ္ ေျပာင္းလဲခဲ့တာပါ။
လိုက္ပ္ဇစ္ကေတာ့ ရန္းနစ္ဂ္တာဝန္ယူခဲ့တဲ့ အသင္း ေတြထဲမွာ
သိသာထင္ရွားစြာ ေျပာင္းလဲတိုးတက္လာခဲ့တဲ့အသင္းလည္းျဖစ္သလို
ဂ်ာမန္မီဒီယာေတြကေတာ့ ရန္းနစ္ဂ္ကို လိုက္ပ္ဇစ္ျဖစ္တည္လာမႈရဲ႕
ဉာဏ္ႀကီးရွင္အျဖစ္ တင္စားၾကပါတယ္။
လြန္ခဲ့တဲ့ ၂၀၀၉ ခုႏွစ္ကမွ အသင္းစတင္တည္ေထာင္ခဲ့ၿပီး
ကလပ္သက္တမ္း ၁၂ ႏွစ္အတြင္းသာရွိေသးတဲ့ လိုက္ပ္ဇစ္ဟာ
ဘြန္ဒက္စ္လီဂါခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့အသင္း၊ ခ်န္ပီယံလိဂ္မွာ
အဆင့္မီမီကစားႏိုင္စြမ္းရွိတဲ့အသင္းအျဖစ္ ေျပာင္းလဲခဲ့ပါတယ္။
ရန္းနစ္ဂ္ဟာ လိုက္ပ္ဇစ္ကို တာဝန္ယူခဲ့ခ်ိန္မွာလည္း
ထူးထူးျခားျခားနည္းလမ္းေတြနဲ႔ ကစားသမားေတြကို အျပစ္ေပးခဲ့သူပါ။
ျပစ္ဒဏ္လုပ္တဲ့ကစားသမား၊စည္းကမ္းမလိုက္နာတဲ့ကစားသမားေတြကို
အျပစ္ေပးဖို႔ ျပစ္ဒဏ္ ၁၂ ရပ္ပါ လက္လွည့္ကံစမ္းဘီး ( Spinning Wheel ) ကို
တီထြင္ခဲ့ၿပီး အဲဒီမွာ မဲက်တဲ့အတိုင္း ျပစ္ဒဏ္ခံယူေစပါတယ္။
အဲ့သည့္ ျပစ္ဒဏ္ ၁၂ ရပ္ကေတာ့
၁။ ေဘာလုံးေတြကို ေလထိုး၊ ေလ့က်င့္ေရးကြင္းကိုသယ္၊ ျပန္လည္သန႔္ရွင္းေရးလုပ္။
၂။ အားလပ္ရက္ တစ္ရက္မွာ အကယ္ဒမီလူငယ္အသင္းတစ္သင္းနဲ႔အတူ ေလ့က်င့္။
၃။ အသင္းကြင္းသို႔ လာေရာက္လည္ပတ္သူေတြကို Guide ဂိုက္လုပ္ေပး။
၄။ ျပစ္ဒဏ္မွ ကင္းလြတ္၊ အျပစ္မခံေစရ။
၅။ ေလ့က်င့္ေရးကြင္းမွာ ေျဖေဖ်ာ္။
၆။ ေလ့က်င့္ေရးကြင္းမွာ ဘဲေလးကေခ်သည္ စကပ္အတိုဝတ္ ေလ့က်င့္ေရးဆင္း။
၇။ ေလ့က်င့္ေရးမစမီ အခ်ိဳရည္ေဖ်ာ္၊ ေရဘူးမ်ားထဲသို႔ ေရထည့္ေပး။
၈။ ကလပ္မွဖြင့္ထားတဲ့ဆိုင္မွာ လက္ေထာက္အျဖစ္လုပ္ကိုင္။
၉။ အသင္းရဲ႕ ေကာ္ဖီေသာက္ခန္းမွာ အစားအေသာက္ေတြ ျပင္ဆင္၊
စားပြဲေတြကိုသန႔္ရွင္းေရးလုပ္။
၁၀။ အသင္းဝတ္စုံအဖြဲ႕ရဲ႕အကူအျဖစ္လုပ္။
၁၁။ အေဝးကြင္းပြဲေတြအတြက္ အသင္းကားေပၚသို႔
ခရီးေဆာင္အိတ္မ်ား တင္ေဆာင္ကူညီေပး။
၁၂။ အသင္းမွ ဝန္ထမ္း ၆၀ အတြက္ လက္ေဆာင္ဝယ္ေပး တို႔ ျဖစ္ပါတယ္။
ဒီျပစ္ဒဏ္ေပးတဲ့ပုံစံကိုသာ ယူႏိုက္တက္အသင္းဆီ ယူေဆာင္လာခဲ့မယ္ဆိုရင္
ဘယ္ကစားသမား အရင္ဆုံး ကံစမ္းရမလဲဆိုတာက စိတ္ဝင္စားစရာျဖစ္လာေတာ့မွာပါ။
ယူႏိုက္တက္ပရိသတ္ေတြကေကာ ဘယ္ကစားသမားကို ရန္းနစ္ဂ္ရဲ႕
ျပစ္ဒဏ္ထိသြားေစခ်င္လဲဆိုတာ ေျပာျပခဲ့ပါအုံး…