
ယူနိုက်တက်အသင်းဟာ ယမန်နေ့က ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ်
ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပြီး
အသက် ၆၃ နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ ယခုရာသီကုန်အထိ
အိုးထရက်ဖို့ဒ်မှာ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားတော့မှာဖြစ်ပါတယ်။
ရန်းနစ်ခ်ဟာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြရာထူးကို
လက်ခံဖို့အတွက် လိုကိုမိုးတစ် မော်စကိုအသင်းရဲ့ အားကစားနဲ့ ဖွံ့ဖြိုးရေး
ဒါရိုက်တာရာထူးကို စွန့်လွှတ်ခဲ့သူဖြစ်ပြီး လာမယ့် ဇန်နဝါရီလ
အပြောင်းအရွှေ့ဈေးကွက်မတိုင်မီ အိုးထရက်ဖို့ဒ်က လူစာရင်းကို
အင်အားဖြည့်တင်းဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာ ပြိုင်ဘက်အသင်းကို ဖိအားမြင့်မြင့်ပေးပြီး
တိုက်စစ်ဆင်ကစားချင်တဲ့ဆန္ဒရှိသူလို့ လူသိများပြီး ရန်းနစ်ခ်ဟာ
ယူနိုက်တက်အတွက် ပစ်မှတ်အဖြစ် ၎င်းရဲ့ ကစားသမားဟောင်း
ဟိုင်းဒါရာကို သတ်မှတ်ထားတယ်လို့ ကြားသိရပါတယ်။
ရန်းနစ်ခ်ဟာ လိုက်ပ်ဇစ်အသင်းကို နည်းပြခဲ့စဉ်အချိန်တုန်းက
ဟိုင်းဒါရာကို ခေါ်ယူခဲ့တာဖြစ်ပြီး မာလီလက်ရွေးစင်ကစားသမားဟာ
လိုက်ပ်ဇစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အရ စာချုပ်ဖျက်သိမ်းကြေး
ပေါင် ၃၃ သန်း ရှိတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့
ဟိုင်းဒါရာဟာ လိုက်ပ်ဇစ်အသင်းအတွက် ပွဲ ၁၀၀ နီးပါး
ပါဝင်ကစားပေးထားပြီးဖြစ်ပြီး မာလီလက်ရွေးစင်အသင်းအတွက်လည်း
နိုင်ငံတကာပွဲစဉ် ၂၄ ပွဲ ကစားပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကတော့ ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး
ဟိုင်းဒါရာ က “ ယူနိုက်တက် အသင်းကို ကျွန်တော်အရမ်း ကြိုက်နှစ်သက်ပါတယ်။
ယူနိုက်တက် ရဲ့ ပွဲစဉ်တွေကိုလည်း ကြည့်လို့ရသလောက် ကျွန်တော် ကြည့်လေ့ရှိပါတယ်။
ကျွန်တော့်ရဲ့ အိပ်မက်အသင်းကလည်း ယူနိုက်တက် ပါ။
တစ်နေ့ကျရင် အဲဒီအသင်းမှာ ကစားနိုင်ဖို့အတွက် ကျွန်တော့်မှာရှိတဲ့
ခွန်အားတွေနဲ့ တိုက်ပွဲဝင်သွားမှာပါ “ လို့ ပြောခဲ့ဖူးပါတယ်။
zawgyi
ရန္းနစ္ခ္ ပထမဆုံး ေခၚယူခ်င္တဲ့ ကစားသမားေလး ဟိုင္းဒါရာ
ယူႏိုက္တက္အသင္းဟာ ယမန္ေန႔က ရန္းနစ္ခ္ကို ယာယီနည္းျပအျဖစ္
ခန႔္အပ္လိုက္ၿပီျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ၿပီး
အသက္ ၆၃ ႏွစ္အ႐ြယ္ ဂ်ာမန္လူမ်ိဳးနည္းျပဟာ ယခုရာသီကုန္အထိ
အိုးထရက္ဖို႔ဒ္မွာ ယာယီနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္သြားေတာ့မွာျဖစ္ပါတယ္။
ရန္းနစ္ခ္ဟာ ယူႏိုက္တက္အသင္းရဲ႕ ယာယီနည္းျပရာထူးကို
လက္ခံဖို႔အတြက္ လိုကိုမိုးတစ္ ေမာ္စကိုအသင္းရဲ႕ အားကစားနဲ႔ ဖြံ႕ၿဖိဳးေရး
ဒါ႐ိုက္တာရာထူးကို စြန႔္လႊတ္ခဲ့သူျဖစ္ၿပီး လာမယ့္ ဇန္နဝါရီလ
အေျပာင္းအေ႐ႊ႕ေဈးကြက္မတိုင္မီ အိုးထရက္ဖို႔ဒ္က လူစာရင္းကို
အင္အားျဖည့္တင္းဖို႔ စီစဥ္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။
ဂ်ာမန္လူမ်ိဳးနည္းျပဟာ ၿပိဳင္ဘက္အသင္းကို ဖိအားျမင့္ျမင့္ေပးၿပီး
တိုက္စစ္ဆင္ကစားခ်င္တဲ့ဆႏၵရွိသူလို႔ လူသိမ်ားၿပီး ရန္းနစ္ခ္ဟာ
ယူႏိုက္တက္အတြက္ ပစ္မွတ္အျဖစ္ ၎ရဲ႕ ကစားသမားေဟာင္း
ဟိုင္းဒါရာကို သတ္မွတ္ထားတယ္လို႔ ၾကားသိရပါတယ္။
ရန္းနစ္ခ္ဟာ လိုက္ပ္ဇစ္အသင္းကို နည္းျပခဲ့စဥ္အခ်ိန္တုန္းက
ဟိုင္းဒါရာကို ေခၚယူခဲ့တာျဖစ္ၿပီး မာလီလက္ေ႐ြးစင္ကစားသမားဟာ
လိုက္ပ္ဇစ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပါအခ်က္အရ စာခ်ဳပ္ဖ်က္သိမ္းေၾကး
ေပါင္ ၃၃ သန္း ရွိတယ္လို႔ သိရပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့
ဟိုင္းဒါရာဟာ လိုက္ပ္ဇစ္အသင္းအတြက္ ပြဲ ၁၀၀ နီးပါး
ပါဝင္ကစားေပးထားၿပီးျဖစ္ၿပီး မာလီလက္ေ႐ြးစင္အသင္းအတြက္လည္း
ႏိုင္ငံတကာပြဲစဥ္ ၂၄ ပြဲ ကစားေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ၂၀၁၉ ခုႏွစ္တုန္းကေတာ့ ယူႏိုက္တက္အသင္းနဲ႔ ပတ္သက္ၿပီး
ဟိုင္းဒါရာ က “ ယူႏိုက္တက္ အသင္းကို ကြၽန္ေတာ္အရမ္း ႀကိဳက္ႏွစ္သက္ပါတယ္။
ယူႏိုက္တက္ ရဲ႕ ပြဲစဥ္ေတြကိုလည္း ၾကည့္လို႔ရသေလာက္ ကြၽန္ေတာ္ ၾကည့္ေလ့ရွိပါတယ္။
ကြၽန္ေတာ့္ရဲ႕ အိပ္မက္အသင္းကလည္း ယူႏိုက္တက္ ပါ။
တစ္ေန႔က်ရင္ အဲဒီအသင္းမွာ ကစားႏိုင္ဖို႔အတြက္ ကြၽန္ေတာ့္မွာရွိတဲ့
ခြန္အားေတြနဲ႔ တိုက္ပြဲဝင္သြားမွာပါ “ လို႔ ေျပာခဲ့ဖူးပါတယ္။