ရန်းနစ်ခ်ရဲ့လစာက လိုကိုမိုးတစ်မော်စကိုမှာတုန်းက ရတဲ့လစာထက် ၂ ဆကျော်ပိုများနေ

မန်ယူအသင်းရဲ့ယာယီနည်းပြဖြစ်လာတဲ့ ရန်းနစ်ခ်ရဲ့တစ်နှစ်လစာဟာ

အရင်နည်းပြဆိုးလ်ရှားထက်ပိုများနေတဲ့အပြင် လိုကိုမိုးတစ်မော်စကို မှာတုန်းက

ရတဲ့လစာထက်လည်း ၂ ဆကျော်ပိုများနေတယ်လို့ သိရပါတယ်။

အသက် ၆၃ နှစ်ရှိတဲ့ ရန်းနစ်ခ်ဟာမန်ယူနည်းပြအ ဖြစ် ၆ လသာစာချုပ်ထားပေမယ့်

သူဟာကလပ်မှာအတိုင်ပင်ခံအဖြစ် ၂ နှစ်စာချုပ်နဲ့ ဆက်ရှိနေမှာဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ ဇူလိုင် လကမှ လိုကိုမိုးတစ်နဲ့တစ်နှစ်လစာ

ပေါင် ၃.၈ သန်းတန်ကြေးရှိတဲ့စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တာပါ။

ဒါပေမယ့်မန်ယူမှာတော့သူဟာ တစ်နှစ်ကိုပေါင် ၈ သန်းအထိရရှိမှာဖြစ်လို့

လိုကိုမိုးတစ်မှာရနေတဲ့လစာထက် ၂ ဆကျော်ပိုများမှာဖြစ်ပါတယ်။

ဒီပမာဏဟာ အရင်နည်း ပြဆိုးလ်ရှားထက်လည်း ၀. ၅ သန်းပိုများမှာဖြစ်ပြီး

နော်ဝေသားဆိုးလ်ရှားဟာမန်ယူမှာတစ်နှစ်လစာပေါင် ၇.၅ သန်းရရှိခဲ့သူဖြစ် ပါတယ်။

လက်ရှိပရီးမီးယားလိဂ်မှာ လစာအများဆုံးရရှိနေသူက ဂွာဒီယိုလာဖြစ်ပြီး

တစ်နှစ်ကိုပေါင်သန်း ၂၀ တောင်ရနေတာပါ။ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်နဲ့

စပါးနည်းပြ ကွန်တီတို့ကတစ်နှစ်ကိုပေါင် ၁၅ သန်းဆီနဲ့

ဒုတိယအများဆုံးရသူတွေဖြစ်ပြီး လက်စတာနည်းပြ ရော်ဂျာ ကပေါင် ၁၀ သန်း၊

လိဒ်ယူနိုက်တက်နည်းပြ ဘီရယ်ဆာကပေါင် ၈ သန်းရရှိနေကြတာပါ။

အခုလိုမျိုးရန်းနစ်ခ်ကို တစ်နှစ်လစာပေါင် ၈ သန်းအထိပေးနိုင်တာကလည်း

လိုကိုမိုးတစ်ကြောင့်ဖြစ်လို့ ဒီဂျာမန်သားကိုခန့်အပ်ကြောင်း

တရားဝင်ကြေညာမှုထဲမှာ လိုကိုမိုးတစ် ရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက်

ကျေးဇူးတင်ဂုဏ်ယူမိကြောင်း မန်ယူကဖော်ပြသွားခဲ့တာပါ။

လိုကိုမိုးတစ်ဟာ ရန်းနစ်ခ်အတွက်လျော်ကြေး တစ်ပြားမှမယူခဲ့တာကြောင့်

မန်ယူဘက်ကပေါင် ၈ သန်းအထိပေးနိုင်တာဖြစ်ပါတယ်။

ရန်းနစ်ခ်ဟာ အင်္ဂလန်ကိုရောက်နေပြီဖြစ်ပေမယ့် သူ့အတွက်အလုပ်ပါမစ်လျှောက်ထားရာမှာ

လိုအပ်ချက်တွေရှိနေလို့ ပါမစ်ခွင့်ပြုချက် ရဖို့အတွက်

ကြားနာစစ်ဆေးမှုတွေပြုလုပ်ခံရဦးမှာဖြစ်ကြောင်းလည်းသိရပါတယ်။

သူဟာပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာဒါရိုက်တာအဖြစ် နဲ့ ရှိနေခဲ့တာကသာများပြီး

နည်းပြရာထူးအတွက်လုံလောက်တဲ့သက်သေပြချက်မပေးနိုင်တာကြောင့်

ပါမစ်ရဖို့နှောင့်နှေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်သူဟာ

လာမယ့်အာဆင်နယ်နဲ့ပွဲကို ကြီးကြပ်နိုင်ဦးမှာမဟုတ်သေးဘဲ

ကာရစ်ကသာကိုင်တွယ်သွားမှာဖြစ်တယ် လို့ သိရပါတယ်။

zawgyi

ရန္းနစ္ခ္ရဲ႕လစာက လိုကိုမိုးတစ္ေမာ္စကိုမွာတုန္းက ရတဲ့လစာထက္ ၂ ဆေက်ာ္ပိုမ်ားေန

မန္ယူအသင္းရဲ႕ယာယီနည္းျပျဖစ္လာတဲ့ ရန္းနစ္ခ္ရဲ႕တစ္ႏွစ္လစာဟာ

အရင္နည္းျပဆိုးလ္ရွားထက္ပိုမ်ားေနတဲ့အျပင္ လိုကိုမိုးတစ္ေမာ္စကို မွာတုန္းက

ရတဲ့လစာထက္လည္း ၂ ဆေက်ာ္ပိုမ်ားေနတယ္လို႔ သိရပါတယ္။

အသက္ ၆၃ ႏွစ္ရွိတဲ့ ရန္းနစ္ခ္ဟာမန္ယူနည္းျပအ ျဖစ္ ၆ လသာစာခ်ဳပ္ထားေပမယ့္

သူဟာကလပ္မွာအတိုင္ပင္ခံအျဖစ္ ၂ ႏွစ္စာခ်ဳပ္နဲ႔ ဆက္ရွိေနမွာျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ ဇူလိုင္ လကမွ လိုကိုမိုးတစ္နဲ႔တစ္ႏွစ္လစာ

ေပါင္ ၃.၈ သန္းတန္ေၾကးရွိတဲ့စာခ်ဳပ္ကိုလက္မွတ္ေရးထိုးခဲ့တာပါ။

ဒါေပမယ့္မန္ယူမွာေတာ့သူဟာ တစ္ႏွစ္ကိုေပါင္ ၈ သန္းအထိရရွိမွာျဖစ္လို႔

လိုကိုမိုးတစ္မွာရေနတဲ့လစာထက္ ၂ ဆေက်ာ္ပိုမ်ားမွာျဖစ္ပါတယ္။

ဒီပမာဏဟာ အရင္နည္း ျပဆိုးလ္ရွားထက္လည္း ၀. ၅ သန္းပိုမ်ားမွာျဖစ္ၿပီး

ေနာ္ေဝသားဆိုးလ္ရွားဟာမန္ယူမွာတစ္ႏွစ္လစာေပါင္ ၇.၅ သန္းရရွိခဲ့သူျဖစ္ ပါတယ္။

လက္ရွိပရီးမီးယားလိဂ္မွာ လစာအမ်ားဆုံးရရွိေနသူက ဂြာဒီယိုလာျဖစ္ၿပီး

တစ္ႏွစ္ကိုေပါင္သန္း ၂၀ ေတာင္ရေနတာပါ။ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္နဲ႔

စပါးနည္းျပ ကြန္တီတို႔ကတစ္ႏွစ္ကိုေပါင္ ၁၅ သန္းဆီနဲ႔

ဒုတိယအမ်ားဆုံးရသူေတြျဖစ္ၿပီး လက္စတာနည္းျပ ေရာ္ဂ်ာ ကေပါင္ ၁၀ သန္း၊

လိဒ္ယူႏိုက္တက္နည္းျပ ဘီရယ္ဆာကေပါင္ ၈ သန္းရရွိေနၾကတာပါ။

အခုလိုမ်ိဳးရန္းနစ္ခ္ကို တစ္ႏွစ္လစာေပါင္ ၈ သန္းအထိေပးႏိုင္တာကလည္း

လိုကိုမိုးတစ္ေၾကာင့္ျဖစ္လို႔ ဒီဂ်ာမန္သားကိုခန႔္အပ္ေၾကာင္း

တရားဝင္ေၾကညာမႈထဲမွာ လိုကိုမိုးတစ္ ရဲ႕ပူးေပါင္းေဆာင္႐ြက္မႈအတြက္

ေက်းဇူးတင္ဂုဏ္ယူမိေၾကာင္း မန္ယူကေဖာ္ျပသြားခဲ့တာပါ။

လိုကိုမိုးတစ္ဟာ ရန္းနစ္ခ္အတြက္ေလ်ာ္ေၾကး တစ္ျပားမွမယူခဲ့တာေၾကာင့္

မန္ယူဘက္ကေပါင္ ၈ သန္းအထိေပးႏိုင္တာျဖစ္ပါတယ္။ ရန္းနစ္ခ္ဟာ

အဂၤလန္ကိုေရာက္ေနၿပီျဖစ္ေပမယ့္ သူ႔အတြက္အလုပ္ပါမစ္ေလွ်ာက္ထားရာမွာ

လိုအပ္ခ်က္ေတြရွိေနလို႔ ပါမစ္ခြင့္ျပဳခ်က္ ရဖို႔အတြက္

ၾကားနာစစ္ေဆးမႈေတြျပဳလုပ္ခံရဦးမွာျဖစ္ေၾကာင္းလည္းသိရပါတယ္။

သူဟာၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္းမွာဒါ႐ိုက္တာအျဖစ္ နဲ႔ ရွိေနခဲ့တာကသာမ်ားၿပီး

နည္းျပရာထူးအတြက္လုံေလာက္တဲ့သက္ေသျပခ်က္မေပးႏိုင္တာေၾကာင့္

ပါမစ္ရဖို႔ေႏွာင့္ေႏွးသြားခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္သူဟာ

လာမယ့္အာဆင္နယ္နဲ႔ပြဲကို ႀကီးၾကပ္ႏိုင္ဦးမွာမဟုတ္ေသးဘဲ

ကာရစ္ကသာကိုင္တြယ္သြားမွာျဖစ္တယ္ လို႔ သိရပါတယ္။