
မန်ယူအသင်းနည်းပြ ရန်းနစ်ခ်ဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို
နေရာအတွက်တိုက်ပွဲဝင်ရမယ်လို့ သတိပေးလိုက် ပါတယ်။
မန်ယူရဲ့အသင်းခေါင်းဆောင်ဖြစ်တဲ့ မက်ဂွိုင်းယားဟာ
ဒီကနေ့ညဝက်စ်ဟမ်းနဲ့ပွဲမှာ ပွဲထွက်လာမှာဖြစ်ပေမယ့်
ဒါက လည်း လင်ဒီလော့ဖ်ကို သူ့မိသားစုနဲ့အချိန်ပေးနိုင်အောင်
ခွင့်ပြုထားလို့သာဖြစ်တယ်လို့ သိရပါတယ်။
လင်ဒီလော့ဖ်ဟာ ဘရန်း ဖို့ဒ်နဲ့ပွဲကစားနေတုန်း သူနေအိမ်ကို
သူခိုးတွေဖောက်ထွင်းဝင်ရောက်ခဲ့ကြလို့ အိမ်မှာကျန်ခဲ့တဲ့
သူ့မိန်းမနဲ့ကလေးတွေဟာ အ ခန်းတစ်ခုတည်းဝင်ပုန်းနေခဲ့ရပါတယ်။
လက်ရှိမှာတော့ လင်ဒီလော့ဖ်ဟာ မိသားစုကိုအားတက်စေဖို့အတွက်
မန်ယူရဲ့ခွင့်ပြု ချက်နဲ့ ဆွီဒင်ကိုပြန်သွားနေတာပါ။
အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့ မက်ဂွိုင်းယားဟာ ဘရန်းဖို့ဒ်နဲ့ပွဲအတွက်
ကြံ့ခိုင်မှုပြည့်ဝခဲ့ပေမယ့်နည်းပြ ရန်းနစ်ခ် ကဗဟိုခံစစ်မှာ
လင်ဒီလော့ဖ်နဲ့ ဗာရန်းကိုသာဦးစားပေးပြီးအသုံးပြုခဲ့တာပါ။
ဝက်စ်ဟမ်းနဲ့ပွဲမှာသူပါဝင်လာမှာဖြစ်ပေမယ့် လင်ဒီလော့ဖ်ရဲ့
အ ခြေအနေကြောင့်သာနေရာရတာမျိုးဖြစ်ပါတယ်။
ရန်းနစ်ခ်က” ကျွန်တော်စတာဝန်ယူကတည်းက မက်ဂွိုင်းယားဟာ
ပုံမှန်ကစား ခဲ့ရပါတယ်။ ဘန်လေနဲ့ပွဲမှာသူဒဏ်ရာရခဲ့ပြီး ၃ ပွဲအထိလွဲခဲ့ပါတယ်။
ဘရန်းဖို့ဒ်နဲ့ပွဲအတွက်သူဟာပထမဆုံးအကြိမ်အဖြစ် ကြံ့ခိုင်မှုအပြည့်ရှိနေတာပါ။
ဒါပေမယ့် လင်ဒီလော့ဖ်နဲ့ ဗာရန်း တို့အတွဲက ကစားပုံကောင်းနေတဲ့အပြင်
အတွဲလည်းညီကြလို့ ဘာမှအပြောင်းအလဲမလုပ်ချင်ဘူးဆိုပြီး သူ့ကိုရှင်းပြခဲ့ပါတယ်။
ဝက်စ်ဟမ်းနဲ့ပွဲအတွက် လင်ဒီလော့ဖ်မပါနိုင်ဘူးဆိုတော့
မက် ဂွိုင်းယား ကစားရမှာပေါ့။
သူဟာအသင်းခေါင်းဆောင်အဖြစ်လည်းတာဝန်ယူဦးမှာပါ။
ခံစစ် ကစားသမား ၄ ယောက်ဆိုတာ သူတို့တစ်ဦးချင်း
ခြေစွမ်းကောင်းဖို့တင်သာမကဘဲ ပူးပေါင်းဆောင်ရွက်နိုင်ပြီး အတွဲလည်းညီကြရမှာပါ။
မက်ဂွိုင်းယားနဲ့ ဗာ ရန်း တို့တွဲကစားရမှာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ၂ လအတွင်းမှာသူတို့တွဲကစားနိုင်တာနည်းခဲ့ပေမယ့်
ဝက်စ် ဟမ်းနဲ့ပွဲမှာအတွဲညီကြသူတွေ ဖြစ်လိမ့်မယ်လို့တော့
ကျွန်တော်မျှော်လင့်ပါတယ်” လို့ပြောသွားပါတယ်။
ဝက်စ်ဟမ်းနဲ့ပွဲမှာ လင်ဒီလော့ဖ်အပြင် မိသားစုဝင်တစ်ဦးနာရေးဖြစ်နေလို့
ဘရန်းဖို့ဒ်နဲ့ပွဲကိုလွဲခဲ့တဲ့ ဆန်ချိုလည်း ပါဝင်နိုင်ဦး မှာမဟုတ်ပါဘူး။
ဒီအင်္ဂလန်သားဟာ သူ့အဒေါ်ဆုံးပါးသွားတဲ့ဒဏ်ကို
ခံနေရဆဲဖြစ်လို့ပါဖို့မရှိဘူးလို့ ရန်းနစ်ခ်ကပြောခဲ့တာပါ။
zawgyi
ရန္းနစ္ခ္က မက္ဂြိဳင္းယားကို ေနရာအတြက္ တိုက္ပြဲဝင္ရမယ္လို႔ သတိေပးလိုက္
မန္ယူအသင္းနည္းျပ ရန္းနစ္ခ္ဟာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကို
ေနရာအတြက္တိုက္ပြဲဝင္ရမယ္လို႔ သတိေပးလိုက္ ပါတယ္။
မန္ယူရဲ႕အသင္းေခါင္းေဆာင္ျဖစ္တဲ့ မက္ဂြိဳင္းယားဟာ
ဒီကေန႔ညဝက္စ္ဟမ္းနဲ႔ပြဲမွာ ပြဲထြက္လာမွာျဖစ္ေပမယ့္
ဒါက လည္း လင္ဒီေလာ့ဖ္ကို သူ႔မိသားစုနဲ႔အခ်ိန္ေပးႏိုင္ေအာင္
ခြင့္ျပဳထားလို႔သာျဖစ္တယ္လို႔ သိရပါတယ္။
လင္ဒီေလာ့ဖ္ဟာ ဘရန္း ဖို႔ဒ္နဲ႔ပြဲကစားေနတုန္း သူေနအိမ္ကို
သူခိုးေတြေဖာက္ထြင္းဝင္ေရာက္ခဲ့ၾကလို႔ အိမ္မွာက်န္ခဲ့တဲ့
သူ႔မိန္းမနဲ႔ကေလးေတြဟာ အ ခန္းတစ္ခုတည္းဝင္ပုန္းေနခဲ့ရပါတယ္။
လက္ရွိမွာေတာ့ လင္ဒီေလာ့ဖ္ဟာ မိသားစုကိုအားတက္ေစဖို႔အတြက္
မန္ယူရဲ႕ခြင့္ျပဳ ခ်က္နဲ႔ ဆြီဒင္ကိုျပန္သြားေနတာပါ။
အဂၤလန္လက္ေ႐ြးစင္ျဖစ္တဲ့ မက္ဂြိဳင္းယားဟာ ဘရန္းဖို႔ဒ္နဲ႔ပြဲအတြက္
ႀကံ့ခိုင္မႈျပည့္ဝခဲ့ေပမယ့္နည္းျပ ရန္းနစ္ခ္ ကဗဟိုခံစစ္မွာ
လင္ဒီေလာ့ဖ္နဲ႔ ဗာရန္းကိုသာဦးစားေပးၿပီးအသုံးျပဳခဲ့တာပါ။
ဝက္စ္ဟမ္းနဲ႔ပြဲမွာသူပါဝင္လာမွာျဖစ္ေပမယ့္ လင္ဒီေလာ့ဖ္ရဲ႕
အ ေျခအေနေၾကာင့္သာေနရာရတာမ်ိဳးျဖစ္ပါတယ္။
ရန္းနစ္ခ္က” ကြၽန္ေတာ္စတာဝန္ယူကတည္းက မက္ဂြိဳင္းယားဟာ
ပုံမွန္ကစား ခဲ့ရပါတယ္။ ဘန္ေလနဲ႔ပြဲမွာသူဒဏ္ရာရခဲ့ၿပီး ၃ ပြဲအထိလြဲခဲ့ပါတယ္။
ဘရန္းဖို႔ဒ္နဲ႔ပြဲအတြက္သူဟာပထမဆုံးအႀကိမ္အျဖစ္ ႀကံ့ခိုင္မႈအျပည့္ရွိေနတာပါ။
ဒါေပမယ့္ လင္ဒီေလာ့ဖ္နဲ႔ ဗာရန္း တို႔အတြဲက ကစားပုံေကာင္းေနတဲ့အျပင္
အတြဲလည္းညီၾကလို႔ ဘာမွအေျပာင္းအလဲမလုပ္ခ်င္ဘူးဆိုၿပီး သူ႔ကိုရွင္းျပခဲ့ပါတယ္။
ဝက္စ္ဟမ္းနဲ႔ပြဲအတြက္ လင္ဒီေလာ့ဖ္မပါႏိုင္ဘူးဆိုေတာ့
မက္ ဂြိဳင္းယား ကစားရမွာေပါ့။
သူဟာအသင္းေခါင္းေဆာင္အျဖစ္လည္းတာဝန္ယူဦးမွာပါ။
ခံစစ္ ကစားသမား ၄ ေယာက္ဆိုတာ သူတို႔တစ္ဦးခ်င္း
ေျခစြမ္းေကာင္းဖို႔တင္သာမကဘဲ ပူးေပါင္းေဆာင္႐ြက္ႏိုင္ၿပီး အတြဲလည္းညီၾကရမွာပါ။
မက္ဂြိဳင္းယားနဲ႔ ဗာ ရန္း တို႔တြဲကစားရမွာ ဒါပထမဆုံးအႀကိမ္မဟုတ္ပါဘူး။
ၿပီးခဲ့တဲ့ ၂ လအတြင္းမွာသူတို႔တြဲကစားႏိုင္တာနည္းခဲ့ေပမယ့္
ဝက္စ္ ဟမ္းနဲ႔ပြဲမွာအတြဲညီၾကသူေတြ ျဖစ္လိမ့္မယ္လို႔ေတာ့
ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္” လို႔ေျပာသြားပါတယ္။
ဝက္စ္ဟမ္းနဲ႔ပြဲမွာ လင္ဒီေလာ့ဖ္အျပင္ မိသားစုဝင္တစ္ဦးနာေရးျဖစ္ေနလို႔
ဘရန္းဖို႔ဒ္နဲ႔ပြဲကိုလြဲခဲ့တဲ့ ဆန္ခ်ိဳလည္း ပါဝင္ႏိုင္ဦး မွာမဟုတ္ပါဘူး။
ဒီအဂၤလန္သားဟာ သူ႔အေဒၚဆုံးပါးသြားတဲ့ဒဏ္ကို
ခံေနရဆဲျဖစ္လို႔ပါဖို႔မရွိဘူးလို႔ ရန္းနစ္ခ္ကေျပာခဲ့တာပါ။