ရန်းနစ်ခ်က တစ်မျိုးပြော.. အသင်းတာဝန်ရှိသူတွေက ပိတ်ပင်နဲ့ မြေစာပင်ဖြစ်နေရတဲ့ လင်ဂတ်

ယူနိုက်တက်အမှုဆောင်ချုပ် ဂျိုရယ် ဂလေဇာဟာ

လင်ဂတ်ထွက်ခွာမယ့် ကိစ္စကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

နည်းပြ ရန်းနစ်ခ်က ကစားသမားကိုအစောပိုင်းမှာ ထွက်ခွာခွင့် ပေးထားသလို

အပြောင်းအရွှေ့မပိတ်ခင် ဂျက်စီလင်ဂတ်အား အငှားဖြင့် ခေါ်ယူရန်

ပရီးမီးယားလိဂ်ကလပ်အသင်းများစွာက ကမ်းလှမ်းမှုတွေ လုပ်ခဲ့သော်လည်း

မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂလန်သားရဲ့ အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်မရတာကြောင့်

အသင်းပြောင်းရွှေ့ချင်နေတဲ့ ကွင်းလယ်လူ လင်ဂတ်ကို

ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ နယူးကာဆယ်၊စပါးနဲ့

အဲဗာတန်အသင်းတွေက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်

အသင်းတာဝန်ရှိသူတွေက ပယ်ချခဲ့တယ်လို့ သိရပါတယ်။

နယူးကာဆယ်အနေနဲ့ လင်ဂတ်ကို အဌားနဲ့ ခေါ်ယူဖို့ ပေါင် ၃ သန်းအပြင်

တန်းဆင်းဇုန်က လွတ်ခဲ့ရင် နောက်ထပ် ပေါင် ၄ သန်းပေးမယ်ဆိုတဲ့

ကမ်းလှမ်းချက်နဲ့ ဆက်သွယ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းဘက်က

ပယ်ချခဲ့တယ်လို့ သိရပါတယ်။

လင်ဂတ်ဟာ လက်ရှိမှာတော့ လာမယ့် နွေရာသီမှာ စာချုပ်ကုန်ဆုံးသည်အထိ

ယူနိုက်တက်မှာ သည်းခံ စောင့်ဆိုင်းရဖွယ် ရှိပါတယ်။

တစ်ဖက်မှာတော့ အချို့ သတင်းတွေအရ ချစ်သူကောင်မလေးကို

လိင်ပိုင်းဆိုင်ရာစော်ကားမှု ၊ ရိုက်နှက်မှုတွေနဲ့ အဖမ်းခံရထားတဲ့

ဂရင်းဝုဒ်ကြောင့် လင်ဂတ်ကို အငှားမလွတ်ပေးတာလို့ယူဆမှုတွေရှိပါတယ်။

လာမယ့် ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်းမှာ နေရာရချင်တာကြောင့်

ယခုနှစ် ယူနိုက်တက်တွင် ၂ပွဲသာ ပွဲထွက်ကစားရသေးတဲ့

လင်ဂတ်တစ်ယောက် သရဲနီ ဂျာစီနဲ့ ဆက်လက်ကံကောင်းပါစေ။

zawgyi

ရန္းနစ္ခ္က တစ္မ်ိဳးေျပာ.. အသင္းတာဝန္ရွိသူေတြက ပိတ္ပင္နဲ႔ ေျမစာပင္ျဖစ္ေနရတဲ့ လင္ဂတ္

ယူႏိုက္တက္အမႈေဆာင္ခ်ဳပ္ ဂ်ိဳရယ္ ဂေလဇာဟာ

လင္ဂတ္ထြက္ခြာမယ့္ ကိစၥကို တားျမစ္ပိတ္ပင္ခဲ့ပါတယ္။

နည္းျပ ရန္းနစ္ခ္က ကစားသမားကိုအေစာပိုင္းမွာ ထြက္ခြာခြင့္ ေပးထားသလို

အေျပာင္းအေ႐ႊ႕မပိတ္ခင္ ဂ်က္စီလင္ဂတ္အား အငွားျဖင့္ ေခၚယူရန္

ပရီးမီးယားလိဂ္ကလပ္အသင္းမ်ားစြာက ကမ္းလွမ္းမႈေတြ လုပ္ခဲ့ေသာ္လည္း

မန္ခ်က္စတာယူႏိုက္တက္ဟာ အဂၤလန္သားရဲ႕ အေျပာင္းအေ႐ႊ႕ကို ပိတ္ပင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းမွာ ပုံမွန္ကစားခြင့္မရတာေၾကာင့္

အသင္းေျပာင္းေ႐ႊ႕ခ်င္ေနတဲ့ ကြင္းလယ္လူ လင္ဂတ္ကို

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ နယူးကာဆယ္၊စပါးနဲ႔

အဲဗာတန္အသင္းေတြက ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္

အသင္းတာဝန္ရွိသူေတြက ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

နယူးကာဆယ္အေနနဲ႔ လင္ဂတ္ကို အဌားနဲ႔ ေခၚယူဖို႔ ေပါင္ ၃ သန္းအျပင္

တန္းဆင္းဇုန္က လြတ္ခဲ့ရင္ ေနာက္ထပ္ ေပါင္ ၄ သန္းေပးမယ္ဆိုတဲ့

ကမ္းလွမ္းခ်က္နဲ႔ ဆက္သြယ္ခဲ့ေပမယ့္ ယူႏိုက္တက္အသင္းဘက္က

ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

လင္ဂတ္ဟာ လက္ရွိမွာေတာ့ လာမယ့္ ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးသည္အထိ

ယူႏိုက္တက္မွာ သည္းခံ ေစာင့္ဆိုင္းရဖြယ္ ရွိပါတယ္။

တစ္ဖက္မွာေတာ့ အခ်ိဳ႕ သတင္းေတြအရ ခ်စ္သူေကာင္မေလးကို

လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ ၊ ႐ိုက္ႏွက္မႈေတြနဲ႔ အဖမ္းခံရထားတဲ့

ဂရင္းဝုဒ္ေၾကာင့္ လင္ဂတ္ကို အငွားမလြတ္ေပးတာလို႔ယူဆမႈေတြရွိပါတယ္။

လာမယ့္ ကမာၻ႔ဖလားတြင္ အဂၤလန္အသင္းမွာ ေနရာရခ်င္တာေၾကာင့္

ယခုႏွစ္ ယူႏိုက္တက္တြင္ ၂ပြဲသာ ပြဲထြက္ကစားရေသးတဲ့

လင္ဂတ္တစ္ေယာက္ သရဲနီ ဂ်ာစီနဲ႔ ဆက္လက္ကံေကာင္းပါေစ။