ရန်းနစ်ကြောင့်သာ တူချယ်ဆိုတာ ဖြစ်လာတာပါ

စားပွဲထိုးဘဝကနေ ရန်းနစ်ကြောင့်နည်းပြကောင်းဖြစ်လာတဲ့ သောမတ်စ်တူချယ်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ်တူချယ်က မကြာခင်မှာမန်ယူကို

ကိုင်တွယ်တော့မယ့် ရန်းနစ်ဟာသူ့ကျေးဇူးရှင်ဖြစ်ပြီး ရန်းနစ်ကြောင့်သာ

နည်းပြဖြစ်လာခဲ့တာလို့ ပြောလိုက်ပါတယ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ တူချယ်ဟာ

ကစားသမားဘဝတုန်းကအောင်မြင်မှု တွေရခဲ့ခြင်းမရှိသလို

ထိပ်တန်းအသင်းတွေမှာလည်း မကစားခဲ့ရဘဲ ဂျာမန်အဆင့်နိမ့်တန်းအသင်းတွေဖြစ်တဲ့

စတုဂတ်တာကစ်ကာနဲ့ အူလမ်အသင်းတွေမှာသာကစားခဲ့တာပါ။

သူဟာ အသက် ၂၄ နှစ်အရွယ်တုန်းက ရန်းနစ်နည်းပြနေတဲ့ အူလမ်အသင်းမှာ

ကစားနေပြီး ဒူးဒဏ်ရာရခဲ့လို့ အနားယူခဲ့ရသူဖြစ်ပါတယ်။

တူချယ်ဟာဘောလုံးသမားကောင်းတစ်ဦးဖြစ်ချင်ခဲ့တဲ့အတွက် ကြိုးစားခဲ့ပေမယ့်

ကံ မကောင်းခဲ့ဘဲ ငယ်ရွယ်တဲ့အချိန်မှာတင်အနားယူခဲ့ရတာပါ။

ဒါပေမယ့် တက္ကသိုလ်ဆက်တက်ခဲ့ပြီး ကော့တေးဘားတစ်ခုမှာ စားပွဲထိုး လုပ်နေရင်းနဲ့

ရန်းနစ်က ခေါ်လို့နည်းပြလိုင်းထဲရောက်လာခဲ့တာဖြစ်ပြီး

အခုလိုအောင်မြင်တဲ့သူတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

သူက”အောင်မြင်တဲ့ဘောလုံးသမားဖြစ်ချင်လွန်းလို့ ကြိုးစားကာမှ

ကံမကောင်းခဲ့ဘူး။ ကျွန်တော့်ကစားဖော်တွေ ကရန်းနစ်လက်အောက် မှာ

အောင်မြင်လာလို့ အဆင့်မြင့်တန်းတွေကိုရောက်သွားတာကြည့်ပြီး

အရမ်းလည်းဒေါသထွက်ရတယ်။ ဘွန်ဒက်စ်လီဂါမှာ ကစားရတဲ့သူ ဖြစ်ကာနီးမှဆိုတော့

ပိုဆိုးတာပေါ့ဗျာ။ အဲဒီအချိန်မှာ စိတ်ဓါတ်ကျတာမဟုတ်ဘဲ ဒေါသဘဲ

တောက်လျှောက်ထွက်နေခဲ့တာပါ။ ဘာလုပ် ရမှန်းလည်းမသိပါဘူး။

ဒါပေမယ့်ကျွန်တော့်အမေဖြစ်စေချင်တဲ့အတိုင်း စတုဂတ်တက္ကသိုလ်မှာ

တက်ခဲ့သလို Radio Bar မှာလည်း တစ်ပတ်ကို ၂ ကြိမ်လောက်အလုပ်သွားလုပ်တော့

ငွေစကြေးစလေးလည်းပိုရလာတာပေါ့ဗျာ။ အသိအချို့ကကျွန်တော့်ကို တွေ့ရင်

‘ဟေ့ကောင် ဘာတွေလုပ်နေတာလဲ။ မင်းဘောလုံးမကစားတော့ဘူးမဟုတ်လား’ လို့

မေးရင် ကိုယ့်ဒေါသကိုယ်မျိုချပြီး အခက် အခဲတွေကိုဖြတ်သန်းခဲ့ရတာပေါ့။

ဒါဟာကျွန်တော့်ကိုပိုပြီး ထက်မြတ်စေခဲ့တယ်။ ဒီလိုအချိန်မှာ ရန်းနစ်ကအူလမ်ကို

ဘွန်ဒက်စ်လီဂါဆီ ရောက်လုနီးပါးဖြစ်အောင် စွမ်းဆောင်ပေးပြီး စတုဂတ်ကို

ပြောင်းသွားခဲ့တယ်။ သူကကျွန်တော့်ကိုလှမ်းဆက်သွယ်ပြီး

စတုဂတ်အကယ် ဒမီမှာ နည်းပြလုပ်မလားလို့မေးလာတော့ သိပ်စိတ်မပါသေးပါဘူး။

ဒါပေမယ့်သူကပြန်ဆက်သွယ်လာတော့ ကျွန်တော်စိတ်လှုပ်ရှားပြီး

နည်းပြအဖွဲထဲမှာ ပါဖို့ဆုံးဖြတ်လိုက်ပါတယ်။ နည်းပြဖြစ်တော့လည်း

ကျွန်တော်ဟာ ဘားမှာစားပွဲထိုးလုပ်နေသေးပြီး တက္ကသိုလ်မှာ လည်း

စီးပွားရေးပညာရပ်ကိုလေ့လာဆည်းပူးတုန်းပါဘဲ။ ရန်းနစ်ဟာ ကျွန်တော့်ကို

အခွင့်အရေးကောင်းတစ်ခုပေးခဲ့တာဖြစ်ပြီး နည်းပြ ဖြစ်ဖို့လည်း

အများကြီးကူညီပေးခဲ့ပါတယ်” လို့ပြောသွားပါတယ်။

zawgyi

ရန္းနစ္ေၾကာင့္သာ တူခ်ယ္ဆိုတာ ျဖစ္လာတာပါ

စားပြဲထိုးဘဝကေန ရန္းနစ္ေၾကာင့္နည္းျပေကာင္းျဖစ္လာတဲ့ ေသာမတ္စ္တူခ်ယ္

ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္တူခ်ယ္က မၾကာခင္မွာမန္ယူကို

ကိုင္တြယ္ေတာ့မယ့္ ရန္းနစ္ဟာသူ႔ေက်းဇူးရွင္ျဖစ္ၿပီး ရန္းနစ္ေၾကာင့္သာ

နည္းျပျဖစ္လာခဲ့တာလို႔ ေျပာလိုက္ပါတယ္။ အသက္ ၄၈ ႏွစ္ရွိၿပီျဖစ္တဲ့ တူခ်ယ္ဟာ

ကစားသမားဘဝတုန္းကေအာင္ျမင္မႈ ေတြရခဲ့ျခင္းမရွိသလို

ထိပ္တန္းအသင္းေတြမွာလည္း မကစားခဲ့ရဘဲ ဂ်ာမန္အဆင့္နိမ့္တန္းအသင္းေတြျဖစ္တဲ့

စတုဂတ္တာကစ္ကာနဲ႔ အူလမ္အသင္းေတြမွာသာကစားခဲ့တာပါ။

သူဟာ အသက္ ၂၄ ႏွစ္အ႐ြယ္တုန္းက ရန္းနစ္နည္းျပေနတဲ့ အူလမ္အသင္းမွာ

ကစားေနၿပီး ဒူးဒဏ္ရာရခဲ့လို႔ အနားယူခဲ့ရသူျဖစ္ပါတယ္။ တူခ်ယ္ဟာ

ေဘာလုံးသမားေကာင္းတစ္ဦးျဖစ္ခ်င္ခဲ့တဲ့အတြက္ ႀကိဳးစားခဲ့ေပမယ့္

ကံ မေကာင္းခဲ့ဘဲ ငယ္႐ြယ္တဲ့အခ်ိန္မွာတင္အနားယူခဲ့ရတာပါ။

ဒါေပမယ့္ တကၠသိုလ္ဆက္တက္ခဲ့ၿပီး ေကာ့ေတးဘားတစ္ခုမွာ စားပြဲထိုး လုပ္ေနရင္းနဲ႔

ရန္းနစ္က ေခၚလို႔နည္းျပလိုင္းထဲေရာက္လာခဲ့တာျဖစ္ၿပီး

အခုလိုေအာင္ျမင္တဲ့သူတစ္ဦးအျဖစ္ ရပ္တည္ႏိုင္ခဲ့တာပါ။

သူက”ေအာင္ျမင္တဲ့ေဘာလုံးသမားျဖစ္ခ်င္လြန္းလို႔ ႀကိဳးစားကာမွ

ကံမေကာင္းခဲ့ဘူး။ ကြၽန္ေတာ့္ကစားေဖာ္ေတြ ကရန္းနစ္လက္ေအာက္ မွာ

ေအာင္ျမင္လာလို႔ အဆင့္ျမင့္တန္းေတြကိုေရာက္သြားတာၾကည့္ၿပီး

အရမ္းလည္းေဒါသထြက္ရတယ္။ ဘြန္ဒက္စ္လီဂါမွာ ကစားရတဲ့သူ ျဖစ္ကာနီးမွဆိုေတာ့

ပိုဆိုးတာေပါ့ဗ်ာ။ အဲဒီအခ်ိန္မွာ စိတ္ဓါတ္က်တာမဟုတ္ဘဲ ေဒါသဘဲ

ေတာက္ေလွ်ာက္ထြက္ေနခဲ့တာပါ။ ဘာလုပ္ ရမွန္းလည္းမသိပါဘူး။

ဒါေပမယ့္ကြၽန္ေတာ့္အေမျဖစ္ေစခ်င္တဲ့အတိုင္း စတုဂတ္တကၠသိုလ္မွာ

တက္ခဲ့သလို Radio Bar မွာလည္း တစ္ပတ္ကို ၂ ႀကိမ္ေလာက္အလုပ္သြားလုပ္ေတာ့

ေငြစေၾကးစေလးလည္းပိုရလာတာေပါ့ဗ်ာ။ အသိအခ်ိဳ႕ကကြၽန္ေတာ့္ကို ေတြ႕ရင္

‘ေဟ့ေကာင္ ဘာေတြလုပ္ေနတာလဲ။ မင္းေဘာလုံးမကစားေတာ့ဘူးမဟုတ္လား’ လို႔

ေမးရင္ ကိုယ့္ေဒါသကိုယ္မ်ိဳခ်ၿပီး အခက္ အခဲေတြကိုျဖတ္သန္းခဲ့ရတာေပါ့။

ဒါဟာကြၽန္ေတာ့္ကိုပိုၿပီး ထက္ျမတ္ေစခဲ့တယ္။ ဒီလိုအခ်ိန္မွာ ရန္းနစ္ကအူလမ္ကို

ဘြန္ဒက္စ္လီဂါဆီ ေရာက္လုနီးပါးျဖစ္ေအာင္ စြမ္းေဆာင္ေပးၿပီး စတုဂတ္ကို

ေျပာင္းသြားခဲ့တယ္။ သူကကြၽန္ေတာ့္ကိုလွမ္းဆက္သြယ္ၿပီး

စတုဂတ္အကယ္ ဒမီမွာ နည္းျပလုပ္မလားလို႔ေမးလာေတာ့ သိပ္စိတ္မပါေသးပါဘူး။

ဒါေပမယ့္သူကျပန္ဆက္သြယ္လာေတာ့ ကြၽန္ေတာ္စိတ္လႈပ္ရွားၿပီး

နည္းျပအဖြဲထဲမွာ ပါဖို႔ဆုံးျဖတ္လိုက္ပါတယ္။ နည္းျပျဖစ္ေတာ့လည္း

ကြၽန္ေတာ္ဟာ ဘားမွာစားပြဲထိုးလုပ္ေနေသးၿပီး တကၠသိုလ္မွာ လည္း

စီးပြားေရးပညာရပ္ကိုေလ့လာဆည္းပူးတုန္းပါဘဲ။ ရန္းနစ္ဟာ ကြၽန္ေတာ့္ကို

အခြင့္အေရးေကာင္းတစ္ခုေပးခဲ့တာျဖစ္ၿပီး နည္းျပ ျဖစ္ဖို႔လည္း

အမ်ားႀကီးကူညီေပးခဲ့ပါတယ္” လို႔ေျပာသြားပါတယ္။