ရန်နစ်ခ်အတွက် အတွဲအဖက်မိတဲ့ တောင်ပံတစ်စုံ

ယူနိုက်တက် နည်းပြထိုင်ခုံနေရာထိုင်ရင် ရှုပ်ထွေးနေတဲ့ ကိစ္စတွေ ကြားထဲက

အတွဲအဖက် ကောင်းတဲ့ သူတွေကို ပွဲထုတ်နိုင်ဖို့ လိုပါမယ်။

ဆောက်သမ်တန်ကို သရေကျပြီးနောက်၊ ဘရိုက်တန်နဲ့ပွဲအတွက်

ခံစစ်၊ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ အပြောင်းအလဲတွေနဲ့

ဆန်းသစ်လာတာကို တွေ့ရပါတယ်။

ပြောင်းလဲမှုတွေ နောက်မှာ အသင်းသားအချို့ အလုပ်‌ကောင်း‌ကောင်း

မလုပ်နိုင်ခဲ့ပေမယ့် ယူနိုက်တက်အတွက် သုံးမှတ်ရယူနိုင်ခဲ့တဲ့

အချက်ကတော်သေးတယ်လို့ ပြောရပါမယ်။

ရန်းနစ်ခ်ဟာ ဘယ်တောင်ပံမှာ ဂျော်ဒန်ဆန်ချို နဲ့

ညာဘက်ခြမ်းမှာ အီလန်ဂါတို့ကို ပွဲထုတ်ခဲ့ပြီး

ပထမဆုံးစတင်တွဲဖက်ပေးခဲ့ပြီး ယူနိုက်တက်ရဲ့ ပွဲထွက်တောင်ပံ

ကစားသမားနှစ်ဦးဟာ အနိုင်ရဖို့အတွက် အရေးပါတဲ့ အတွဲတစ်တွဲဖြစ်ခဲ့ပါတယ်။

နှစ်‌ယောက်စလုံးက ပွဲအတွင်း တိုက်ရိုက်ဂိုးမသွင်းနိုင်ခဲ့သော်လည်း

နှစ်ဦးစလုံးဟာ ၎င်းတို့ရဲ့ လုပ်အားနှုန်းနှင့် စိတ်ပိုင်းဖြတ်မှုတို့ကြောင့်

အောင်ပွဲမှာ ကြီးမားစွာပါဝင်ခဲ့ကြပါတယ်။

ကလပ်မှာရှိတဲ့ တိုက်စစ်အားလုံးတွင် ဆန်ချို ဟာ တစ်ပွဲလျှင်

ပျမ်းမျှဘောလုံးပြန်လည်ရယူမှုတွင် 4.8 ဖြင့်အမြင့်မားဆုံးဖြစ်ပြီး

အီလန်ဂါကတော့ တစ်ပွဲလျှင်ပျမ်းမျှ 4.3 ဖြင့် ဒုတိယနေရာတွင်ရှိပါတယ်။

၎င်းတို့ဟာ မိနစ် 90 တိုင်းတွင် တိုက်စစ်လမ်းကြောင်းတစ်လျှောက်

ပြေးထွက်မှုတွင် ဦးဆောင်နေပြီး အီလန်ဂါ ကအံ့အားသင့်ဖွယ်

28.7 နှုန်းရယူထားပြီး ဆန်ချို က 21.9 ဖြင့် ဒုတိယဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်က 20.7 ဖြင့် တတိယနေရာတွင်ရှိပါတယ်။

ရန်းနစ်ခ် အနေနဲ့ ဆန်ချို နှင့် အီလန်ဂါ တို့ရဲ့ စွမ်းအားတွေကို

ထုတ်ယူသုံးစွဲနိုင်နေပြီလား၊ ဒါမှမဟုတ် တစ်ပွဲ နှစ်ပွဲ

ခြေစွမ်းတွေ ကောင်းနေတာလား။

ယူနိုက်တက်ရဲ့ တောင်ပံတစ်စုံကို ပရိသတ်တွေကတော့

လူကောင်းတွေနဲ့ အမြင့် ပျံစေချင်တာ ကြာလှနေပါပြီ။

zawgyi

ရန္နစ္ခ္ အတြက္ အတြဲအဖက္မိတဲ့ ေတာင္ပံတစ္စုံ

ယူႏိုက္တက္ နည္းျပထိုင္ခုံေနရာထိုင္ရင္ ရႈပ္ေထြးေနတဲ့ ကိစၥေတြ ၾကားထဲက

အတြဲအဖက္ ေကာင္းတဲ့ သူေတြကို ပြဲထုတ္ႏိုင္ဖို႔ လိုပါမယ္။

ေဆာက္သမ္တန္ကို သေရက်ၿပီးေနာက္၊ ဘ႐ိုက္တန္နဲ႔ပြဲအတြက္

ခံစစ္၊ ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းမွာ အေျပာင္းအလဲေတြနဲ႔

ဆန္းသစ္လာတာကို ေတြ႕ရပါတယ္။

ေျပာင္းလဲမႈေတြ ေနာက္မွာ အသင္းသားအခ်ိဳ႕ အလုပ္‌ေကာင္း‌ေကာင္း

မလုပ္ႏိုင္ခဲ့ေပမယ့္ ယူႏိုက္တက္အတြက္ သုံးမွတ္ရယူႏိုင္ခဲ့တဲ့

အခ်က္ကေတာ္ေသးတယ္လို႔ ေျပာရပါမယ္။

ရန္းနစ္ခ္ဟာ ဘယ္ေတာင္ပံမွာ ေဂ်ာ္ဒန္ဆန္ခ်ိဳ နဲ႔

ညာဘက္ျခမ္းမွာ အီလန္ဂါတို႔ကို ပြဲထုတ္ခဲ့ၿပီး

ပထမဆုံးစတင္တြဲဖက္ေပးခဲ့ၿပီး ယူႏိုက္တက္ရဲ႕ ပြဲထြက္ေတာင္ပံ

ကစားသမားႏွစ္ဦးဟာ အႏိုင္ရဖို႔အတြက္ အေရးပါတဲ့ အတြဲတစ္တြဲျဖစ္ခဲ့ပါတယ္။

ႏွစ္‌ေယာက္စလုံးက ပြဲအတြင္း တိုက္႐ိုက္ဂိုးမသြင္းႏိုင္ခဲ့ေသာ္လည္း

ႏွစ္ဦးစလုံးဟာ ၎တို႔ရဲ႕ လုပ္အားႏႈန္းႏွင့္ စိတ္ပိုင္းျဖတ္မႈတို႔ေၾကာင့္

ေအာင္ပြဲမွာ ႀကီးမားစြာပါဝင္ခဲ့ၾကပါတယ္။

ကလပ္မွာရွိတဲ့ တိုက္စစ္အားလုံးတြင္ ဆန္ခ်ိဳ ဟာ တစ္ပြဲလွ်င္

ပ်မ္းမွ်ေဘာလုံးျပန္လည္ရယူမႈတြင္ 4.8 ျဖင့္အျမင့္မားဆုံးျဖစ္ၿပီး

အီလန္ဂါကေတာ့ တစ္ပြဲလွ်င္ပ်မ္းမွ် 4.3 ျဖင့္ ဒုတိယေနရာတြင္ရွိပါတယ္။

၎တို႔ဟာ မိနစ္ 90 တိုင္းတြင္ တိုက္စစ္လမ္းေၾကာင္းတစ္ေလွ်ာက္

ေျပးထြက္မႈတြင္ ဦးေဆာင္ေနၿပီး အီလန္ဂါ ကအံ့အားသင့္ဖြယ္

28.7 ႏႈန္းရယူထားၿပီး ဆန္ခ်ိဳ က 21.9 ျဖင့္ ဒုတိယျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္က 20.7 ျဖင့္ တတိယေနရာတြင္ရွိပါတယ္။

ရန္းနစ္ခ္ အေနနဲ႔ ဆန္ခ်ိဳ ႏွင့္ အီလန္ဂါ တို႔ရဲ႕ စြမ္းအားေတြကို

ထုတ္ယူသုံးစြဲႏိုင္ေနၿပီလား၊ ဒါမွမဟုတ္ တစ္ပြဲ ႏွစ္ပြဲ

ေျခစြမ္းေတြ ေကာင္းေနတာလား။

ယူႏိုက္တက္ရဲ႕ ေတာင္ပံတစ္စုံကို ပရိသတ္ေတြကေတာ့

လူေကာင္းေတြနဲ႔ အျမင့္ ပ်ံေစခ်င္တာ ၾကာလွေနပါၿပီ။